နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒီဘရိုင်းနားရဲ့ သွင်းဂိုးနဲ့ အက်တလက်တီကိုမက်ဒရစ်ကို အနိုင်ရခဲ့တဲ့ မန်စီးတီး | ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာစီးတီး ၁-၀ အက်တလက်တီကို မက်ဒရစ်

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ မန်ချက်စတာစီးတီးတို့ အက်တလက်တီကိုမက်ဒရစ်ကို အိမ်ကွင်း အီတီဟတ်မှာ ကီဗင်ဒီဘရိုင်းနားရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့ မန်စီးတီးတို့ အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ခံစစ် အားပြုခဲ့တဲ့ အက်တလက်တီကို ကြောင့် ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး ဒီဘရိုင်းနားရဲ့ သွင်းဂိုးကြောင့်သာ အသာရခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

မန်စီးတီးတို့ အဓိက ဗဟိုခံစစ်မှူး ရူဘင်ဒီးရာ့ဇ် ဒဏ်ရာက မသက်သာသေးသလို ကိုင်လီ ဝေါလ်ကာ လည်း ပွဲပယ်ထိထားတာကြောင့် နောက်တန်းမှာ ဂျွန်စတုန်းစ်၊ လာပေါ့တ်၊ နေသန် အာခီ၊ ဂျာအို ကန်ဆယ်လို တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ကွင်းလယ်မှာ ရိုဒရီ၊ ဒီဘရိုင်းနား၊ ဂွန်ဒိုအန်တို့ ကစားခဲ့ပြီး တိုက်စစ် မှာတော့ ဘာနာဒို ဆေးလ်ဗား၊ စတာလင်နဲ့ မာရက်ဇ် တို့ကို တွဲဖက် ပွဲထုတ်ခဲ့ပါတယ်။ ဒီယေဂို ဆီမြွန်နီရဲ့ အသင်း ကတော့ ထုံးစံ အတိုင်း ၃-၅-၂ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဂျာအို ဖီးလစ်နဲ့ ဂရစ်ဇ်မန်း၊ ကွင်းလယ်နဲ့ တောင်ပံမှာ ဗာဆဲလ်ဂျ်ကို၊ လိုဒီ၊ ကွန်ဒေါ့ဘီယာ၊ ကိုကီနဲ့ ယော်ရန်းတေးတို့ ပါဝင်ခဲ့ပါတယ်။ ခံစစ်မှာ ရိန်နဲလ်ဒို၊ ဖီလစ်ပီနဲ့ ဆာဗစ်၊ ဂိုးမှာတော့ ယန်အိုဘလက်ခ် ပွဲထွက်ခဲ့ပါတယ်။

ဒါပေမယ့် ၁-၀ ဆိုတာ ပြတ်သားတဲ့ ရလဒ် တစ်ခု မဟုတ်တာကြောင့် မက်ဒရစ်မှာ ကစားမယ့် ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ် ကတော့ ပိုပြီး စိတ်လှုပ်စရာ ကောင်းသွားခဲ့တယ်လို့ပဲ ဆိုရပါမယ်။
ပြိုင်ပွဲစုံ ၆ ပွဲဆက် အနိုင်ရရှိမှု ရပ်တန့်သွားခဲ့တဲ့ အက်တလက်တီကို မက်ဒရစ်

ပွဲစကတည်းက မန်ချက်စတာစီးတီး တို့ပဲ ဘောလုံး ပိုင်ဆိုင်မှု အသာစီးရယူပြီး ကွင်းတစ်ဝက်လောက် အထိ တက်ပြီး အက်တလက်တီကိုမက်ဒရစ်ကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ အက်တလက်တီကို မက်ဒရစ် ကတော့ အားလုံး မျှော်လင့်ထားတဲ့ အတိုင်း အဝေးကွင်းမှာ ဂိုးမရှိ သရေ ကစားနိုင်ရေး ကိုသာ ဦးတည်လာခဲ့ပြီး ခံစစ်ကို စနစ်တကျ ပိတ်ဆို့ ကစားလာခဲ့ပြီး မန်စီးတီးရဲ့ တိုက်စစ် လမ်းကြောင်းတွေကို အမှားအယွင်းမရှိ ဖြတ်တောက်နိုင်ခဲ့ပါတယ်။ မန်စီးတီး ကတော့ ဘောလုံး ကိုင်ကစားပြီး စိတ်ကြိုက် အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ယန်အိုဘလက်ခ်ရဲ့ ဂိုးပေါက်ကို တစ်ကြိမ်တောင် တည့်အောင် မကန်နိုင်ခဲ့ပါဘူး။ ဒုတိယပိုင်း မှာလည်း မန်စီးတီး တို့ပဲ ပွဲကို လွှမ်းမိုးထားနိုင်ခဲ့ပြီး ဒီဘရိုင်းနားရဲ့ ဖရီးကစ်ကို ယန်အိုဘလက်ခ် နှစ်ဆင့် ကာကွယ်သွားခဲ့လို့ အိမ်ရှင်တို့ ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ အဲ့နောက် ဆီမြန်နီ အနေနဲ့ ရိုဒရီဂို ဒီပေါလ်၊ အိန်ဂျယ် ကော်ရီယာ၊ မားသီးယပ်စ် ကွန်ဟာ တို့ထည့်ပြီး အခွင့်အရေး ရရင် ရသလို တန်ပြန် တိုက်စစ် ကနေ ဂိုးရရေး ဗျူဟာကို ပြောင်းလဲခဲ့ပေမယ့် မန်စီးတီး ခံစစ်မှူးတွေ အလုပ်ရှုပ်ခဲ့ရုံက လွဲရင် ဘာဆို ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ ဂွာဒီယိုလာ ကလည်း ဂရီးလစ်ရှ်၊ ဖိုဒန်၊ ဂျီဆုစ် တို့ထည့်ပြီး အိမ်ကွင်းမှာ မဖြစ်မနေ အနိုင်ရဖို့ ဖိကစားစေခဲ့ပြီး တကယ်တမ်းလည်း ပပ်ရဲ့ ဗျူဟာက အလုပ်ဖြစ်ခဲ့ပါတယ်။ လူစားဝင် ကစားသမား ဖိုဒန်ရဲ့ အကွက်မြင်မြင် ဖန်တီးပေးမှု ကနေ ဒီဘရိုင်းနားက အကောင်းဆုံး အဆုံးသတ်ပေးခဲ့လို့ ပွဲကစားချိန် မိနစ် ၇၀ မှာတော့ မန်စီးတီးတို့ လိုအပ်နေတဲ့ဂိုး ရရှိသွားခဲ့ပါတယ်။ အဲ့နောက် မန်စီးတီးတို့ အခွင့်အရေး တချို့ ထပ်ရခဲ့ပေမယ့် အသုံးချနိုင်ခြင်း မရှိလို့ ၁-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ဝက်ဖို့ဒ်
လိဒ် ယူနိုက်တက်
1X2 သရေ (Draw) @ 3.10
ဂိုးပေါ် 2.50 @ 1.85
ဂိုးပေါင်း 2-3 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

ပွဲပြီး အချက်အလက်တွေကို ပြန်ကြည့်မယ် ဆိုရင် မန်စီးတီးတို့ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်း ရှိခဲ့ပြီး ဂိုးပေါက် ကန်ချက် ၁၅ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ အက်တလက်တီကို မက်ဒရစ် ကတော့ ဂိုးပေါက် ကန်ချက်ရော ဂိုးပေါက် တည့်မှုရော ၁ ကြိမ်တောင် ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ပပ်ရဲ့ အသင်းက ခြေစွမ်း မဆိုးခဲ့ပေမယ့် အက်တလက်တီကို မက်ဒရစ်ရဲ့ ခံစစ်က ချီးကျူးစရာ ကောင်းလောက်အောင်ကို ကျစ်လျစ် မာကျောခဲ့လို့ ဂိုးပေါက် ကန်ချက် ၁၅ ကြိမ်မှာ ဂိုးပေါက်တည့်မှု ကတော့ ၂ ကြိမ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။ ဖိုဒန်သာ အကွက်မမြင်ခဲ့ရင် ဒီဘရိုင်းနားသာ အဆုံးသတ် မသေချာခဲ့ရင် ကျိန်းသေပေါက် ဆီမြွန်နီ လိုချင်တဲ့ ဂိုးမရှိ သရေ ရလဒ်နဲ့ပဲ ပြီးဆုံးသွားနိုင်ပါတယ်။ ဘာပဲပြောပြော ပြီးခဲ့တဲ့ အဆင့်တုန်းက အက်တလက်တီကိုတို့ ယူနိုက်တက်ကို မန်ချက်စတာမြေမှာ ကောင်းကောင်း ဒုက္ခပေးသွားနိုင်ခဲ့ပေမယ့် ပပ်ရဲ့ မန်စီးတီးနဲ့ အတွေ့မှာတော့ ခက်ခက်ခဲခဲ ရင်ဆိုင်သွားခဲ့ရတယ် ဆိုတာတော့ အသေအချာပါပဲ။ ဒါပေမယ့် ၁-၀ ဆိုတာ ပြတ်သားတဲ့ ရလဒ် တစ်ခု မဟုတ်တာကြောင့် မက်ဒရစ်မှာ ကစားမယ့် ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ် ကတော့ ပိုပြီး စိတ်လှုပ်စရာ ကောင်းသွားခဲ့တယ်လို့ပဲ ဆိုရပါမယ်။

လာမယ့်ပွဲစဉ်များ မန်ချက်စတာစီးတီးတို့ ဧပြီ ၁၀ ရက်နေ့မှာ လစ်ဗာပူးလ်နဲ့ အရေးကြီးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရဖို့ ရှိပြီး ၃ ရက် အကြာမှာ အက်တလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ အဝေးကွင်း ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ အက်တလက်တီကို မက်ဒရစ် ကတော့ ဧပြီ ၉ ရက်နေ့မှာ မာယော့ကာနဲ့ လာလီဂါ ပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်