နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရော်နယ်ဒို ဦးဆောင်လာမယ့် ပေါ်တူဂီတို့ Play-Off ဖိုင်နယ်ကို တက်လှမ်းသွားနိုင်မှာလား | ပေါ်တူဂီ – တူရကီ (၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်)

ပေါ်တူဂီ – တူရကီ

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် Play-Off ဆီမီးဖိုင်နယ် ပွဲစဉ်တွေထဲက စိတ်ဝင်စားစရာ အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှု အဖြစ် ပေါ်တူဂီနဲ့ တူရကီတို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ခရစ္စတီယာနို ရော်နယ်ဒို ဦးဆောင်နေတဲ့ ပေါ်တူဂီဟာ တူရကီထက် ပိုတောင့်တင်းပြီး ပိုကောင်းတဲ့ အသင်း ဆိုတာ ငြင်းလို့ မရပါဘူး။ ဒါပေမယ့် တူရကီ ကလည်း ဘက်ရှီးတက်စ် နည်းပြဟောင်း စတီဖင် ကန့်ဇ် လက်ထက်မှာ ပုံစံကောင်း ပြန်ရနေလို့ ပေါ်တူဂီ အတွက် လွဲကူတဲ့ ပွဲစဉ် ဖြစ်လာနိုင်မှာ မဟုတ်တာတော့ သေချာပါတယ်။
ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် အဆင့် ၈ နေရာမှာ ရှိနေတဲ့ ပေါ်တူဂီကို ကမ္ဘာ့ဖလား ခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်မယ်လို့ပဲ အားလုံးက ကြိုတင် တွက်ဆခဲ့ကြတာ ဖြစ်ပါတယ်။ ဥရောပဇုန် အုပ်စု (A) မှာ အုပ်စု ပွဲစဉ် ၇ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိခဲ့ပေမယ့် နောက်ဆုံး ၂ ပွဲမှာ အိုင်ယာလန်ကို သရေ၊ ဆာဘီးယားကို ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စု ဒုတိယနေရာသာ ရရှိခဲ့ပြီး Play-Off ကစားဖို့ အကြောင်းဖန်ခဲ့ရတာ ဖြစ်ပါတယ်။ ဆာဘီးယား တိုက်စစ်မှူး အလက်ဇန္တား မီထရိုဗစ် ကတော့ ပေါ်တူဂီ ပရိသတ်တွေကို အသဲခွဲခဲ့သူလို့ ဆိုရမှာ ဖြစ်ပြီး သူ့ရဲ့ မိနစ် ၉၀ သွင်းဂိုးကြောင့်ပဲ ပေါ်တူဂီ တို့ ၁၉၉၈ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် ကမ္ဘာ့ဖလားနဲ့ လွဲချော်မယ့် အရေးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အခုပွဲမှာ တူရကီကို ကျော်ဖြတ်နိုင်ခဲ့ရင်တောင် ဗိုလ်လုပွဲမှာ အီတလီနဲ့ မြောက်မက်ဆီဒိုးနီးယား ပွဲက အနိုင်ရတဲ့ အသင်းနဲ့ ဗိုလ်လုပွဲမှာ တွေ့ဆုံရမှာ ဖြစ်တာကြောင့် လွယ်ကူဖို့တော့ မရှိပါဘူး။ ဆားဘီယားကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် မတိုင်မီ အိမ်ကွင်း ၁၀ ပွဲဆက် အနိုင်ရထားခဲ့တဲ့ ပေါ်တူဂီ ဟာ အိမ်ကွင်း စွမ်းဆောင်ရည် ကောင်းတဲ့ အသင်း အဖြစ် သတ်မှတ်လို့ ရပြီး အခုပွဲ ကလည်း ပေါ်တိုမှာ ကစားမှာ ဖြစ်လို့ ဖာနန်ဒို ဆန်းတို့စ်ရဲ့ အသင်း အနေနဲ့ အိမ်ကွင်း အားသာချက်ကို အသုံးချသွားနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ခံစစ်က ရူဘင်ဒီးရာ့ဇ်နဲ့ ဂျာအို ကန်ဆယ်လိုတို့ ပါဝင်နိုင်ဖို့ မရှိတာ ကတော့ ပေါ်တူဂီတို့ အတွက် စိတ်ပျက်စရာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း အရ ဆိုရင်တော့ ခရစ္စတီယာနို ရော်နယ်ဒို၊ ဂျိုတာ၊ ဘာနာဒို ဆေးလ်ဗားတို့ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ကွင်းလယ်မှာ ဖာနန်ဒက်စ်၊ ပရဲရား၊ မော်တင်ဟို၊ ခံစစ်မှာ ဂွာရဲရိုး၊ စီဒရစ်၊ ဖွန်တေ၊ ဒီဂျာလို၊ ပက်ထရီစီယို တို့နဲ့ အတောင့်တင်း မြင်တွေ့ရဖို့ ရှိနေပါတယ်။

ပရီးမီးယား လိဂ်
လီဗာပူးလ်
ဝက်ဖို့ဒ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

တူရကီ ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု အဆင့် အစောပိုင်း ပွဲစဉ်တွေမှာ ရလဒ်တွေ တောက်လျောက် ဆိုးရွားခဲ့လို့ ဒီအဆင့် အထိ ရောက်လာမယ်လို့တောင် မထင်ခဲ့ကြပါဘူး။ ဒါပေမယ့် အုပ်စု နောက်ဆုံး ၃ ပွဲဆက် အနိုင်ရရှိခဲ့လို့ အဓိက ပြိုင်ဘက် နော်ဝေကို ကျော်ဖြတ်ပြီး Play-Off ကစားခွင့် ရခဲ့တာ ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက် ၁၉၅၄နဲ့ ၂၀၀၂ တို့မှာ နှစ်ကြိမ်သာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ဖူးတဲ့ တူရကီ အတွက် ဒီတစ်ကြိမ် ကလည်း လုံးဝ လွယ်ကူနိုင်ဖို့ မရှိပါဘူး။ တူရကီဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ မှာလည်း အုပ်စု အဆင့်နဲ့သာ ကျေနပ်ခဲ့ရလို့ နည်းပြ ဆီညော် ဂူးနက်စ်ကို ရာထူး ကနေ ထုတ်ပယ်ပြီး ကန့်ဇ်နဲ့ အစားထိုးခဲ့ရတာပါ။ နည်းပြသစ် လက်အောက် မှာတော့ တဖြည်းဖြည်း ခြေစွမ်း တည်ငြိမ်လာခဲ့ပြီး Play-Off အဆင့် ကိုပါ ရောက်ရှိလာခဲ့လို့ အချိန်တိုတွင်း ခြေစွမ်းပိုင်း တိုးတက်လာတယ်လို့ သတ်မှတ်နိုင်ပါတယ်။ အခုပွဲ တူရကီ ကစားသမားတွေ အားလုံး ဒဏ်ရာ ပြသနာ ကင်းရှင်းနေလို့ ပေါ်တူဂီကို အတောင့်တင်းဆုံး လူစာရင်းနဲ့ ရင်ဆိုင်နိုင်ဖို့ ရှိနေပါတယ်။ ပွဲထွက်လူစာရင်း မှာတော့ ယီလ်မက်ဇ်၊ ယက်ဇီရှီ၊ ချလနောဂလူ၊ အက်ခ်တာကိုဂလူ၊ ဆီလစ်ခ်၊ ဒါမီရယ်၊ ဆိုယွန်ချူ တို့ ကျိန်းသေပေါက် ပါဝင်လာဖွယ် ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

တူရကီ ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု အဆင့် အစောပိုင်း ပွဲစဉ်တွေမှာ ရလဒ်တွေ တောက်လျောက် ဆိုးရွားခဲ့လို့ ဒီအဆင့် အထိ ရောက်လာမယ်လို့တောင် မထင်ခဲ့ကြပါဘူး။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု အဆင့် နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားတဲ့ တူရကီ

ထိပ်တိုက်တွေ့ဆုံမှု ၈ ကြိမ်မှာ ပေါ်တူဂီတို့ ၆ ကြိမ်နိုင်ပြီး တူရကီက ၂ ကြိမ် ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က ခြေစမ်းပွဲမှာ နောက်ဆုံး အကြိမ် တွေ့ဆုံကစားထားခဲ့ပြီး အဲ့ဒီ ပွဲမှာတော့ တူရကီက အဝေးကွင်းမှာ ပေါ်တူဂီကို ၁-၃ ရလဒ်နဲ့ အနိုင်ယူထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာ အိမ်ရှင် ပေါ်တူဂီ အတွက် ၁.၃၈ ဆ၊ တူရကီ အတွက် ၇.၆၀ ဆ၊ သရေ အတွက် ၄.၅၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ဒီနှစ်သင်းမှာ ရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီဟာ အများစု အကြိုက် အသင်း ဖြစ်ပေမယ့် နည်းပြ သစ်နဲ့ အချိန်တိုတွင်း ခြေစွမ်း တိုးတက်လာတဲ့ တူရကီကိုလည်း လျှော့တွက်လို့ မရပါဘူး။ တူရကီရဲ့ စုဖွဲ့မှုဟာ ဒီးရာ့ဇ်၊ ကန်ဆယ်လို၊ ဆန်းချက်ဇ် တို့ မပါတဲ့ ပေါ်တူဂီကို ကောင်းကောင်း ယှဉ်နိုင်စွမ်း ရှိပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ ရှိလာနိုင်ပေမယ့် အုပ်စု ပွဲစဉ် ၁၀ ပွဲမှာ ၁၆ ဂိုး အထိ ပေးထားရတဲ့ တူရကီ ခံစစ်ကို ရော်နယ်ဒို ဦးဆောင်တဲ့ တိုက်စစ်က ဒုက္ခပေးနိုင်ဦးမယ် ထင်ပါတယ်။ ပေါ်တူဂီ အနိုင်သေချာပြီး ဂိုးပေါ် ၂.၅၀ ကို ရွေးချယ်တာက အသင့်လျော်ဆုံး ဖြစ်နိုင်မယ်လို့ ယူဆရပါတယ်။


ခန့်မှန်းရလဒ် (၃-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်