မန်ချက်စတာစီးတီး ၀-၀ စပို့တင်းလစ္စဘွန်း
မန်ချက်စတာစီးတီးနဲ့ စပို့တင်းလစ္စဘွန်းတို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ် ကတော့ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့ အိမ်ရှင်တို့ ခြေစွမ်းပိုင်း အသာရခဲ့ပေမယ့် စပို့တင်းလစ္စဘွန်းရဲ့ ဂုဏ်သိက္ခာအရ ပိတ်ဆို့ ကစားသွားမှုကြောင့် ၀-၀ ရလဒ်နဲ့ ပြီးဆုံးပြီး မန်စီးတီးတို့ နှစ်ကျော့ပေါင်း ရလဒ် ၅-၀ နဲ့ပဲ နောက်တစ်ဆင့် တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ဒီနေ့ပွဲမှာ ပပ်ဂွာဒီယိုလာရဲ့ အသင်းက ၄-၃-၃ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဂါဘရီရယ် ဂျီဆုစ်၊ ဖိုဒန်နဲ့ စတာလင်ကို တွဲဖက်ပေးခဲ့ပါတယ်။ ကွင်းလယ်နဲ့ ခံစစ်မှာ ဘာနာဒို ဆေးလ်ဗား၊ ဖာနန်ဒင်ဟို၊ ဂွန်ဒိုအန်၊ ဂျွန်စတုန်းစ်၊ လာပေါ့တ်၊ ဇင်ချန်ကိုနဲ့ ယူ ၂၃ ကစားသမားလေး ရိုင်လီ၊ ဂိုး မှာတော့ အီဒါဆင်ပဲ ပွဲထွက်ခဲ့ပါတယ်။ စပို့တင်းလစ္စဘွန်း ကလည်း ပက်ဒရို ဂွန်ဆာလက်ဗ်စ်၊ ပေါ်လင်ဟာ၊ မာသီးယက်စ် နူနက်စ် တို့ကလွဲလို့ ဆလီမန်နီ၊ ပေါ်လင်ဟို၊ ဆာရာဘီရာ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ပေါ်ရို၊ ကုတ်တက်စ်၊ အူဂါတီ၊ တာဘာတာ၊ အဒမ် တို့နဲ့ လူစုံခဲ့ပါတယ်။
မန်စီးတီးတို့ ပွဲအစအဆုံး ဘောလုံး ပိုင်ဆိုင်မှု အသာ၊ ခြေစွမ်းအသာနဲ့ ကစားသွားခဲ့ပြီး ဧည့်သည် စပို့တင်းလစ္စဘွန်း ကတော့ တန်ပြန် တိုက်စစ်ကိုပဲ အားပြုသွားခဲ့ရပါတယ်။ ဒါပေမယ့် ပထမအကျော့ ပေါ်တူဂီ မြေမှာ ၅ ဂိုးပြတ် အနိုင်ရထားပြီးသား ဖြစ်လို့ မန်စီးတီးတို့ တည်တည်ငြိမ်ငြိမ်နဲ့ ကစားသွားခဲ့ပါတယ်။ ပွဲချိန် မိနစ် ၂၀ ကျော်မှာ ဖိုဒန်ရဲ့ ကန်ချက်ကို ဂိုးသမား အဒမ် အမိဖမ်းနိုင်ခဲ့သလို ဖိုဒန်ရဲ့ ဖန်တီးပေးမှု ကနေ စတာလင် အပိုင်ကန်ခွင့်ရခဲ့ပေမယ့် အဒမ် အကောင်းဆုံး ထပ်မံ ကာကွယ်နိုင်ခဲ့လို့ မန်စီးတီးတို့ သွင်းဂိုးတွေနဲ့ ဝေးခဲ့ရပါတယ်။
ဒုတိယပိုင်း ပွဲပြန်လည် စတင်ချိန်မှာတော့ မာရက်ဇ်ရဲ့ တစ်ကိုယ်တော် ထိုးဖောက်ပြီး ဖန်တီးပေးမှု ကနေ ဂါဘရီရယ် ဂျီဆုစ် ဂိုးသွင်းနိုင်ခဲ့ပေမယ့် စတာလင် အနေနဲ့ သိသိသာသာ လူကျွံနေခဲ့တာကြောင့် မန်စီးတီးတို့ ကံဆိုးခဲ့ရပြန်ပါတယ်။ ပွဲချိန် ၇၃ မိနစ် မှာတော့ ဂိုးသမား အီဒါဆင် အစား စကော့ ကာဆင် ဝင်ရောက်လာခဲ့ပြီး စပို့တင်း ဘက်ကတော့ အက်စ်ဂါရီယိုနဲ့ နူနို ဆန်းတို့်စ်တို့ ဝင်ရောက် ကစားခဲ့ပါတယ်။ အဲ့နောက် စပို့တင်းလစ္စဘွန်း အနေနဲ့ မန်စီးတီး ဂိုးပေါက်ကို ထိရောက်တဲ့ ခြိမ်းခြောက်မှု တချို့ ပြုလုပ်နိုင်ခဲ့ပေမယ့် ဂိုးသမား ကာဆင် ကာကွယ်နိုင်ခဲ့လို့ သွင်းဂိုးတော့ မရခဲ့ပါဘူး။ ပွဲပြီးခါနီးမှာ မန်စီးတီး ဘက်က ဂျွန်စတုန်းစ်ရဲ့ ခေါင်းတိုက်ချက် ဂိုးဘားတန်းပေါ်က အနည်းငယ် ကျော်သွားခဲ့သလို စတာလင်ရဲ့ အပိုင်အခွင့်အရေး ဖြုန်းတီးမှု တချို့ကြောင့် ၀-၀ ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
ပထမအကျော့ ရလဒ်ကြောင့် သိပ်ပြီး ရင်ခုန်စရာ မရှိခဲ့တဲ့ ပွဲစဉ် ဖြစ်ပြီး နှစ်သင်းလုံး ဂုဏ်သိက္ခာအရ ထိန်းကစားသွားခဲ့တယ်လို့ပဲ ဆိုရပါမယ်။ မန်စီးတီး ကတော့ လုံးဝ အားထည့်သွားခြင်း မရှိပဲ အသင်းလိုက် မဟုတ်ပဲ တိုက်စစ် ကစားသမားတွေရဲ့ တစ်ကိုယ်တော် ဖြတ်ကျော်မှုတွေကို အားပြုပြီး ဂိုးရဖို့ ကြိုးစားသွားခဲ့တာ ဖြစ်ပါတယ်။ စပို့တင်း လစ္စဘွန်း ကတော့ အခု ဒုတိယအကျော့ မှာလည်း တစ်ဦးချင်းရော၊ အသင်းလိုက်မှာပါ မန်စီးတီးကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပဲ ပြိုင်ဘက် အသင်းရဲ့ ထိန်းကစားမှုကြောင့်သာ အဝေးကွင်းမှာ ဂိုးမရှိ သရေ ရလဒ် ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးတို့ နှစ်ကျော့ပေါင်း ၅-၀ နဲ့ ကွာတားဖိုင်နယ်ကို အလွယ်တကူ တက်ရောက်သွားခဲ့ပေမယ့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် အိမ်ကွင်း နောက်ဆုံး ၆ ပွဲ နိုင်ပွဲ ဆက်မှု ရပ်တန့်သွားခဲ့ပါတယ်။ စပို့တင်းလစ္စဘွန်း ကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၁၆ သင်း အဆင့် ကနေပဲ လက်ပြ နှုတ်ဆက်ခဲ့ရတဲ့ အစဉ်အလာကို ဆက်ထိန်းခဲ့ရပြီး နောက်တစ်ဆင့် တက်ရေး မျှော်လင့်ချက် ရှိနေသေးတဲ့ ပေါ်တူဂီ ကလပ် ဆိုလို့ ဘင်ဖီကာပဲ ကျန်တော့တာ ဖြစ်ပါတယ်။
လာမယ့်ပွဲစဉ်များ
မန်စီးတီးတို့ မတ်လ ၁၅ ရက်နေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ဆက်လက် ကစားရဖို့ ရှိပြီး စပို့တင်းလစ္စဘွန်း ကတော့ မိုရီယာရန့်စ်နဲ့ အမှတ်ပေးပွဲစဉ် ကစားရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.