နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိမ်ကွင်း ရှုံးပွဲ တွေ့ခဲ့ပေမယ့် နောက်တစ်ဆင့် တက်ခဲ့တဲ့ လစ်ဗာပူးလ် (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

လစ်ဗာပူးလ် ၀ – ၁ အင်တာမီလန်

မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ် မှာတော့ အင်တာမီလန်တို့ လော်တာရို မာတီနက်ဇ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ လစ်ဗာပူးလ်ကို အန်ဖီးလ်မှာ အနိုင်ရသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်တာတို့ ပထမအကျော့ ဆန်စီရိုမှာ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၂-၁ နဲ့ လစ်ဗာပူးလ်တို့ပဲ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ကလော့ပ်ရဲ့ ၄-၃-၃ ကစားကွက်မှာ ဂျိုတာ၊ ဆာလာ၊ မာနေး တို့ တိုက်စစ်က ဦးဆောင်လာခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ် မှာတော့ ဖာဘင်ဟို၊ အဲလ်ကန်တာယာ၊ ကာတစ် ဂျုံးစ်၊ ရော်ဘတ်ဆန်၊ ဗန်ဒိုက်ခ်၊ မက်တစ်ပ်၊ အာနိုးလ်နဲ့ အလီဆွန်တို့ ပွဲထွက်လာခဲ့ပါတယ်။ ဆိုင်မွန် အင်ဇာဂီ ကတော့ သုံးနေကျ ၃-၅-၂ အခင်းအကျင်းနဲ့ပဲ လစ်ဗာပူးလ်ကို ရင်ဆိုင်ခဲ့ပြီး မာတီနက်ဇ်နဲ့ အလက်ဆစ် ဆန်းချက်ဇ်ကို တိုက်စစ်မှာ တွဲဖက်ပေးခဲ့ပါတယ်။ ကွင်းလယ်နဲ့ တောင်ပံတွေမှာ ချလနောဂလူ၊ ဘရိုဇိုဗစ်၊ ဗီဒယ်၊ ဒမ်ဖရီးစ်၊ ပယ်ရီဆစ်ခ်၊ ခံစစ် မှာတော့ ဘက်စတိုနီ၊ ဒီဗရစ်ဂျ်၊ ဆစ်ခရီနီယာ၊ ဂိုးမှာ ဟန်ဒန်နိုဗစ်ပဲ ပါဝင်ခဲ့ပါတယ်။

ပထမအကျော့ ရလဒ်ကြောင့် အင်တာမီလန်တို့ တော်တော်လေး အားစိုက် ရုန်းလာခဲ့သလို လစ်ဗာပူးလ် ကတော့ ထုံးစံ အတိုင်း ပြိုင်ဘက်ကို ပွဲချိန်ပြည့် ဖိအားပေး နိုင်ဖို့ ကြိုးပမ်းခဲ့တာကြောင့် ပွဲစကတည်းက အပြန်အလှန် ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း နှစ်သင်းလုံး ရရင် သလို မကန်ပဲ အပိုင်အခွင့်အရးတွေ ဖန်တီးဖို့ ကြိုးပမ်းခဲ့တာကြောင့် ဘောလုံးက ဂိုးရှေ့ မရောက်ပဲ ကွင်းလယ်နဲ့ တောင်ပံတွေမှာပဲ အပျက်များနေခဲ့ပါတယ်။ ဒီလိုနဲ့ ပထမပိုင်း ပြီးဆုံးခဲ့ပြီး ဂိုးမရှိ သရေရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

လီဂူး၀မ်း
အန်ဂါ
ရန်းနက်
1X2 အန်ဂါ @ 2.22
ရိမ်းစ် ပထမပိုင်း အာရှ ဟန်းဒီးကပ် 0.00 @ 2.25
ဂိုးပေါင်း 0-1 @ 2.42
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒုတိယပိုင်း ပွဲပြန်စပြီး ၅ မိနစ် အကြာလောက်မှာ လစ်ဗာပူးလ် တိုက်စစ်က မိုဟာမက် ဆာလာ အပိုင်ကန်သွင်းခွင့် ရခဲ့ပေမယ့် ဂိုးတိုင်ထိ ထွက်ခဲ့လို့ အင်တာတို့ သက်သာရာ ရခဲ့ပါတယ်။ အဲနောက် အင်တာမီလန်တို့ အချိတ်အဆက် မိမိနဲ့ ထိုးဖောက်လာနိုင်ခဲ့လို့ လစ်ဗာပူးလ် နောက်တန်း အလုပ်ရှုပ်ခဲ့ရပေမယ့် ဂိုးလွန်ဘော သာ ဖြစ်နေခဲ့လို့ နစ်နာခဲ့ရပါတယ်။ ပွဲချိန် မိနစ် ၆၀ မှာတော့ အင်တာမီလန်တို့ ဂိုးရသွားခဲ့ပြီး ဆန်းချက်ဇ်ရဲ့ ပေးပို့မှုကို မာတီနက်ဇ်က ဂိုးဧရိယာ ထိပ်နားလောက် ကနေ အားပါတဲ့ ကန်ချက်နဲ့ သွင်းဂိုး အဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ စိတ်ဓာတ်တက်သွားတဲ့ အင်တာမီလန်တို့ နောက်ထပ် သွင်းဂိုးတွေ ထပ်မံ ရရှိဖို့ ကြိုးစားခဲ့ပေမယ့် ၆၂ မိနစ်မှာ အလက်ဆစ် ဆန်းချက်ဇ် အထုတ်ခံရမှုက ဧည့်သည် အသင်းကို အားနည်းသွားစေခဲ့ပါတယ်။ ဒီအခြေအနေကို ပြန်ကြည့်ရင် ဆန်းချက်ဇ် အနေနဲ့ ရည်ရွယ်ချက် မရှိပဲ ကျူးလွန်မိခဲ့တာ သိသာခဲ့ပေမယ့် ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက် ကတော့ ပြင်းထန်လွန်းခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ တစ်ယောက်လျော့သွားချိန် မှာတော့ အင်တာမီလန်တို့ တိုက်စစ်ဆင်ဖို့ထက် ခံစစ် မှာသာ အချိန်ကုန်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်တို့ အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို ပွဲချိန် ၇၅ မိနစ်မှာ မိုဟာမက် ဆာလာရဲ့ ကန်ချက် ထပ်ပြီး တိုင်ထိ ထွက်ခဲ့တာကြောင့်လည်း အိမ်ရှင်တို့ ရှုံးပွဲနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

နောက်တစ်ဆင့် တက်ရေး အဆုံးအဖြတ် ပွဲစဉ် ဖြစ်လို့ နှစ်သင်းလုံး အားစိုက်ခဲ့ကြပေမယ့် မျှော်လင့်ထားသလောက် အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲတော့ မဖြစ်ခဲ့ပါဘူး။ နှစ်သင်းလုံး ပြိုင်ဘက်ရဲ့ တိုက်စစ် လမ်းကြောင်းတွေကို အကောင်းဆုံး ပိတ်ဆို့နိုင်ခဲ့လို့ ဟန်ဒန်နိုဗစ်ရော၊ အလီဆွန်ပါ ကာကွယ်မှုတွေ သိပ်မလုပ်ခဲ့ရပါဘူး။ လစ်ဗာပူးလ်တို့ အပိုင်အခွင့်အရေး ၃ ကြိမ် ရရှိခဲ့ပေမယ့် ဆာလာ တစ်ဦးတည်း ၂ ကြိမ် ဖြုန်းတီးပစ်ခဲ့ပါတယ်။ အင်တာမီလန် ကတော့ တတ်နိုင်သမျှ ဂိုးရဖို့ ကြိုးစားသွားခဲ့သလို မာတီနက်ဇ်လည်း လှလှပပ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရေး အတွက်တော့ မလုံလောက်ခဲ့ပါဘူး။

အင်တာမီလန် ကတော့ ချန်ပီယံလိဂ် နောက်ဆုံး ၃ ကြိမ်ဆက် ရှုံးထွက်အဆင့် ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပြီး ၂၀၁၀-၂၀၁၁ တုန်းက ကွာတားဖိုင်နယ်၊ ၂၀၁၁-၂၀၁၂နဲ့ ၂၀၂၁-၂၀၂၂ မှာတော့ ၁၆ သင်း အဆင့်တွေ ကနေပဲ လက်ပြ နှုတ်ဆက်ခဲ့ရတာ ဖြစ်ပါတယ်။
အင်္ဂလန် အသင်း တစ်သင်းကို ၂၀၁၀ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဝေးကွင်းမှာ အနိုင်ရခဲ့တာ အင်တာမီလန်

လစ်ဗာပူးလ်တို့ နှစ်ကျော့ပေါင်း ၂-၁ ရလဒ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်လှမ်းသွားခဲ့ပေမယ့် ပြိုင်ပွဲစုံ ၁၂ ပွဲ ဆက်တိုက် အနိုင်ရရှိမှု ရပ်တန့်သွားခဲ့ရပါတယ်။ မှတ်တမ်းတွေ အရ လစ်ဗာပူးလ်တို့ နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ၅ ကြိမ်မှာ ၄ ကြိမ်မြောက် ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ရာသီ ကပဲ ၁၆ သင်း အဆင့် ကနေ ထွက်ခွာထားခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်တို့ ၂၀၂၁ ခုနှစ် မတ်လ နောက်ပိုင်း ပြိုင်ပွဲစုံ အရပ်ရပ်မှာ ပထမဦးဆုံး အိမ်ကွင်း ရှုံးပွဲနဲ့ ကြုံခဲ့ရတာ ဖြစ်ပြီး ဒီပွဲ မတိုင်ခင် ၂၉ ပွဲ ကစားခဲ့ရာမှာ ၂၁ ပွဲနိုင်ပြီး ၇ ပွဲသရေ စွမ်းဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ အင်တာမီလန် ကတော့ ချန်ပီယံလိဂ် နောက်ဆုံး ၃ ကြိမ်ဆက် ရှုံးထွက်အဆင့် ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပြီး ၂၀၁၀-၂၀၁၁ တုန်းက ကွာတားဖိုင်နယ်၊ ၂၀၁၁-၂၀၁၂နဲ့ ၂၀၂၁-၂၀၂၂ မှာတော့ ၁၆ သင်း အဆင့်တွေ ကနေပဲ လက်ပြ နှုတ်ဆက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်တာမီလန်တို့ အင်္ဂလန် ကလပ် အသင်း တစ်သင်းကို ၂၀၁၀ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် အဝေးကွင်းမှာ အနိုင်ရခဲ့တာ ဖြစ်ပြီး ၄ ပွဲ ဆက်တိုက် ရှုံးနိမ့်မှု ကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဗီလိန် ဖြစ်ခဲ့ရတဲ့ အလက်ဆစ် ဆန်းချက်ဇ် ကတော့ ၂၀၁၁ ခုနှစ်က ချီဗူး နောက်ပိုင်း ချန်ပီယံလိဂ် ရှုံးထွက် အဆင့်မှာ အနီကတ် ပြသခံရတဲ့ ပထမဆုံး အင်တာမီလန် ကစားသမား ဖြစ်လာခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ်တို့ မတ်လ ၁၂ ရက်နေ့မှာ ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး အင်တာမီလန် ကလည်း တိုရီနိုရဲ့ ကွင်းကို သွားကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်