နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အီတီဟတ်မှာ စပို့တင်းတို့ မျှော်လင့်နိုင်တာ ဘာမှမရှိဘူး | မန်ချက်စတာစီးတီး – စပို့တင်းလစ္စဘွန်း (ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – စပို့တင်းလစ္စဘွန်း

ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး မန်ချက်စတာစီးတီးတို့ စပို့တင်းလစ္စဘွန်းကို အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံ ရမှာ ဖြစ်ပါတယ်။ ပထမအကျော့ ပေါ်တူဂီမြေမှာ အခက်အခဲ မရှိ ၅ ဂိုးပြတ် အနိုင်ရထားခဲ့တဲ့ မန်ချက်စတာစီးတီးတို့ ဒုတိယအကျော့ မှာလည်း အိမ်ကွင်း အားသာချက်နဲ့ အတူ အလွယ်တကူ အနိုင်ရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးတို့ ချန်ပီယံလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၈ ပွဲမှာ တော့တင်ဟမ်ဟော့စပါး တစ်သင်းတည်းကို ရှုံးနိမ့်ခဲ့ပြီး ကျန် ၇ ပွဲလုံး အနိုင်ကစားထားခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် မန်ချက်စတာဒါဘီ ပွဲစဉ် မှာလည်း တိုက်စစ် ခြေစွမ်းပြပြီး မြို့ခံပြိုင်ဘက် ယူနိုက်တက်ကို ၄-၁ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရထားခဲ့ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး ကနေ ၆ မှတ်ဖြတ် ဦးဆောင်နေခဲ့ပြီး အက်ဖ်အေဖလား မှာလည်း စတုတ္ထအဆင့် ရောက်ရှိနေခဲ့တဲ့ ပပ်ဂွာဒီယိုလာရဲ့ အသင်းဟာ ဆုဖလား ၃ လုံးရဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ပေးဂိုး ၃ ဂိုးသာ ရှိခဲ့ပြီး ၁၄ ဂိုး အထိ ရရှိထားတာကို ကြည့်ခြင်း အားဖြင့် မန်စီးတီးတို့ ခံစစ်နဲ့ တိုက်စစ်ကို အမျှတဆုံး ဖြစ်အောင် ကစားထားနိုင်တယ်လို့ ပြောလို့ ရပါတယ်။ မှတ်တမ်းတွေ အရ ဆိုရင် မန်စီးတီးဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် အိမ်ကွင်း ပွဲစဉ် နောက်ဆုံး ၆ ပွဲဆက် အနိုင်ရထားခဲ့ပြီး နောက်ဆုံး ၁၀ ပွဲမှာ တစ်ပွဲကို အနည်းဆုံး ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အခုလာမယ့် ပွဲကိုတော့ ပွဲပယ် ပြစ်ဒဏ် ထိထားတဲ့ ညာနောက်ခံလူ ကိုင်လီ ဝေါလ်ကာနဲ့ အတူ ဒဏ်ရာ ရနေတဲ့ ရူဘင်ဒီးရာ့စ်၊ နေသန် အေခီ၊ ကိုးလ် ပဲလ်မာ၊ ဂျက်စတီဖင်တို့ လွဲချော်မယ်လို့ သိရပါတယ်။ ဖြစ်နိုင်ဖွယ် လူစာရင်း မှာတော့ ဂရီးလစ်ရှ်၊ ဂျီဆုစ်၊ မာရက်ဇ်၊ ဂွန်ဒိုအန်၊ ဖာနန်ဒင်ဟို၊ ဆေးလ်ဗား၊ ဇင်ချန်ကို၊ လာပေါ့တ်၊ ဂျွန်စတုန်းစ်၊ ကန်ဆယ်လို၊ အီဒါဆင် တို့ ပါဝင်လာဖို့ ရှိနေပါတယ်။

စပို့တင်းလစ္စဘွန်းတို့ ချန်ပီယံလိဂ် ပထမအကျော့ အိမ်ကွင်း ဂိုးပြတ် အရှုံးကြောင့် ကွာတားဖိုင်နယ် မျှော်လင့်ချက် ကတော့ ကုန်ဆုံးသွားခဲ့ပြီလို့တောင် ပြောလို့ ရပါတယ်။
၂၀၁၂ ခုနှစ်က ယူရိုပါလိဂ် ၁၆ သင်း အဆင့် မှာတော့ မန်စီးတီးကို ကျော်ဖြတ်ခဲ့ဖူးတဲ့ စပို့တင်းလစ္စဘွန်း

စပို့တင်းလစ္စဘွန်းတို့ ချန်ပီယံလိဂ် ပထမအကျော့ အိမ်ကွင်း ဂိုးပြတ် အရှုံးကြောင့် ကွာတားဖိုင်နယ် မျှော်လင့်ချက် ကတော့ ကုန်ဆုံးသွားခဲ့ပြီလို့တောင် ပြောလို့ ရပါတယ်။ ချန်ပီယံလိဂ် သမိုင်းမှာ ပထမအကျော့ ၅ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ အသင်းဟာ ဒုတိယ အကျော့မှာ ဘယ်တုန်းကမှ ပြန်လာနိုင်ခဲ့ခြင်း မရှိခဲ့တဲ့ မှတ်တမ်းလည်း ရှိထားပါတယ်။ ရူဘင် အမ်မိုရင်မ်ရဲ့ အသင်းက မန်စီးတီးကို ဂိုးပြတ် ရှုံးနိမ့်အပြီးမှာ ပြည်တွင်း ပွဲစဉ် ၃ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲ သရေကျထားခဲ့ပါတယ်။ ဒါ့အပြင် ပေါ်တူဂီဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ ပေါ်တိုကို အိမ်ကွင်းမှာ ၁-၂ ရလဒ်နဲ့ အရေးနိမ့်ထားခဲ့ပြီး ခြေစွမ်း အနည်းငယ် ပြန်ကျနေတယ်လို့ ဆိုနိုင်ပါတယ်။ အခုလာမယ့် ပွဲကိုတော့ စပို့တင်း ကွင်းလယ်က မားသီးယပ်စ် လူးဝစ်ဇ် ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်ဖို့ ရှိနေပြီး ကျန်အဓိက ကစားသမား အားလုံး ကတော့ ပွဲထွက်နိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဖြစ်နိုင်ဖွယ် လူစာရင်း အရတော့ ဆလီမန်နီ၊ ဆာရာဘီရား၊ ဆန်းတို့စ်၊ အက်ဆူဂို၊ အူဂါတီ၊ ပေါ်ရို၊ မားသီးယက်စ်၊ ဖက်ဒဲလ်၊ ကော့တက်စ်၊ အင်နာစီယို၊ အဒန်တို့ ပါဝင်လာဖွယ် ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်း ကတော့ ဥရောပ အဆင့် ပြိုင်ပွဲတွေမှာ ၃ ကြိမ် ထိပ်တိုက်တွေ့ဆုံထားခဲ့ပြီး မန်စီးတီးတို့ ၂ ကြိမ်နိုင်ပြီး စပို့တင်းလစ္စဘွန်းက ၁ ကြိမ် ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်မှာ တွေ့ဆုံခဲ့ဖူးပြီး နှစ်ကျော့ပေါင်း ၃-၃ ရလဒ် ထွက်ပေါ်ခဲ့ပေမယ့် အဝေးဂိုး စည်းမျဉ်းအရ မန်စီးတီးတို့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ အစဉ်အလာ ရှိထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာတော့ မန်ချက်စတာစီးတီး အတွက် ၁.၁၅ ဆ၊ သရေ အတွက် ၈.၅၀ ဆ၊ ဆဲလ်ဘတ် အတွက် ၁၂.၅၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှုအရ မန်စီးတီးတို့ အဘက်ဘက်က အသာရနေတယ် ဆိုတာ ငြင်းလို့ မရပါဘူး။ ဒါကြောင့်လည်း ပေါက်ကြေး ကွာဟချက် မြင့်မားနေတာ ဖြစ်ပါတယ်။ ပထမအကျော့ ရလဒ်ကြောင့် စပို့တင်းလစ္စဘွန်းတို့ ဂုဏ်သိက္ခာအရ တတ်နိုင်သမျှ အားစိုက်လာနိုင်ပေမယ့် မန်စီးတီးရဲ့ ထက်မြတ်တဲ့ တိုက်စစ် ကိုတော့ အံတုဖို့ မဖြစ်နိုင်ပါဘူး။ မန်စီးတီးတို့ ဂိုးပြတ် အနိုင်ရသွားဦးမယ့် ပွဲပါ။


ခန့်မှန်းရလဒ် (၃-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်