နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လစ်ဗာပူးလ် အနိုင် သေချာပေမယ့် သွင်းဂိုးတွေ ကိုတော့ စောင့်ကြည့်ဖို့ လိုလိမ့်မယ် | လစ်ဗာပူးလ် – နော့ဝှစ်ချ်စီးတီး (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

လစ်ဗာပူးလ် – နော့ဝှစ်ချ်စီးတီး

ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက မန်ချက်စတာစီးတီးကို လိုက်လံဖိအားနေတဲ့ လစ်ဗာပူးလ်တို့ အခု တစ်ပတ် မှာတော့ တန်းဆင်းဇုန်ထဲက ရုန်းထွက်ဖို့ ကြိုးပမ်းနေရတဲ့ နော့ဝှစ်ချ်စီးတီးကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ အခြေအနေချင်း မတူတဲ့ အသင်း နှစ်သင်း ဖြစ်နေသလို အစဉ်အလာ အတိုင်း လစ်ဗာပူးလ်တို့ နော့ဝှစ်ချ်စီးတီးကို အလွယ်တကူပဲ ကျော်ဖြတ်သွားနိုင်ဦးမှာလား ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက် အနိုင်ရရှိထားတဲ့ လစ်ဗာပူးလ်ဟာ ခြေစွမ်းပိုင်းအရရော၊ စိတ်ဓာတ်ပိုင်းအရပါ အကောင်းဆုံး ပုံစံ ရနေတဲ့ အသင်းလို့ ပြောလို့ ရပါတယ်။ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက မန်စီးတီးနဲ့ ၉ မှတ်အထိ ကွာဟနေတယ် ဆိုပေမယ့် ပွဲတွေ အများကြီး ကစားဖို့ ကျန်ရှိနေသေးသလို ပွဲလျော့ ကစားထားတာကြောင့်လည်း ချန်ပီယံ မျှော်လင့်ချက် ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်၊ ခရာဘောင်၊ အက်ဖ်အေ၊ ချန်ပီယံလိဂ် ဖလား အားလုံးရဲ့ ချန်ပီယံ လမ်းကြောင်းပေါ်မှာ ရှိနေသလို ဒီရာသီ ခြေစွမ်းနဲ့ စုဖွဲ့မှု အရ ဆိုရင်လည်း ဘာမဆို မျှော်လင့်လို့ ရနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။ လစ်ဗာပူးလ်ရဲ့ ဒီရာသီ အဓိက အားသာချက်က ဘယ်ကစားသမား ကိုမဆို ပထမ စိတ်ချလက်ချ ပွဲထွက် ကစားခိုင်းလို့ ရနေတာ ဖြစ်ပြီး နိုင်ပွဲ တစ်ပွဲကို ဘယ်လို ရှာဖွေရမယ် ဆိုတာ ကောင်းကောင်း နားလည်နေတာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ အနီးစပ်ဆုံး အင်တာမီလန်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို ပြန်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။ အခုပွဲ ဂျာဂျင် ကလော့ပ်ရဲ့ အသင်းမှာ တိုက်စစ်က ဒီယိုဂို ဂျိုတာ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေလို့ ဆာလာ၊ ဖေမီနိုနဲ့ အတူ လူးဝစ် ဒီးရာ့ဇ်ကို ပွဲထုတ်လာဖို့ များနေပါတယ်။

နော့ဝှစ်ချ်စီးတီး ကတော့ တန်းဆင်းဇုန်ထဲက အကောင်းဆုံး ရုန်းထွက်ပြနေပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီးကို ၄ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီး ပုံစံကောင်း တစ်ခု ရပ်တန့်ခဲ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရှိနေတဲ့ နော့ဝှစ်ချ်စီးတီး

နော့ဝှစ်ချ်စီးတီး ကတော့ တန်းဆင်းဇုန်ထဲက အကောင်းဆုံး ရုန်းထွက်ပြနေပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီးကို ၄ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီး ပုံစံကောင်း တစ်ခု ရပ်တန့်ခဲ့ရပါတယ်။ မန်စီးတီးနဲ့ ပွဲအပြီး လစ်ဗာပူးလ်နဲ့ ထပ်တွေ့တာ ကတော့ နော့ဝှစ်ချ် အတွက် ကံဆိုးတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ လက်ရှိ အဆင့် ရပ်တည်မှု အရ ဒင်းန်စမစ်ရဲ့ အသင်းဟာ အဆင့် ၁၇ နေရာက နယူးကာဆယ်ထက် တစ်ပွဲ ပိုကစားပြီး ၄ မှတ် ပြတ်နေလို့ အတိုင်းအတာ တစ်ခု အထိတော့ ဖိအားများနေတဲ့ သဘော ရှိပါတယ်။ ခြေစွမ်းပိုင်းအရ နော့ဝှစ်ချ်ဟာ အစောပိုင်း ပွဲချိန်တွေမှာ အသင်းကြီးတွေ ကိုတောင် ခြေရည်တူ ယှဉ်ကစားနိုင်စွမ်း ရှိတဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ပွဲချိန်ကြာလာတာနဲ့ အမျှ အရန်အင်အား မတောင့်တင်းမှုနဲ့ အတူ ကစားအားလည်း သိသိသာသာ ကျလာတာကြောင့် အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတိုင်း ဂိုးပြတ် အရှုံးပေးနေရတာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် အခုပွဲမှာ နော့ဝှစ်ချ်ရဲ့ အဓိက ကစားသမား ၅ ဦးထက် မနည်း ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေတယ်လို့ သိရပြီး စာရင်းထဲမှာ ဂိုးသမား တင်ကားလ်၊ ဆိုရန်ဆန်၊ အိုမိုဘမ်မီဒယ်လီ၊ အိုင်ဒါ့ရ်၊ အိုဇန် ကာဘက်ခ်နဲ့ ရပ်တို့ ပါဝင်နေခဲ့ပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၁၂ ကြိမ်မှာ လစ်ဗာပူးလ်တို့ နော့ဝှစ်ချ်ကို ၁၀ ကြိမ် အထိ အနိုင်ရခဲ့ပြီး ၂ ပွဲ သရေကျကာ ရှုံးပွဲ လုံးဝ မရှိခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီ ပွဲစဉ်တွေထဲကမှ ၉ ပွဲမှာ လစ်ဗာပူးလ်တို့ ၃ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ တွေ့ဆုံမှု ၂ ကြိမ်စလုံး မှာလည်း လစ်ဗာပူးလ်တို့ ၃ ဂိုးပြတ် ရလဒ်တွေနဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
လစ်ဗာပူးလ် – နော့ဝှစ်ချ်စီးတီးအချိန်ပြည့် 1X2 ဂိုးပေါ် ၃.၅၀ @ ၁.၉၆ ဆ
ဖေဖော်ဝါရီလ ၁၉ ရက်၊ ည ၉:၃၀ နာရီ (GMT+ ၆:၃၀)

SBOTOP မှာတော့ လစ်ဗာပူးလ် အတွက် ၁.၁၁ ဆ သာ ပေးထားပြီး သရေ အတွက် ၇.၆၀ ဆ၊ နော့ဝှစ်ချ်စီးတီး အတွက်တော့ ၂၆ ဆ အထိ ကြေးဖွင့်ပေးထားပါတယ်။ ခြေစွမ်းပိုင်းအရ နော့ဝှစ်ချ်ဟာ လစ်ဗာပူးလ်ကို အစောပိုင်း ပွဲချိန်တွေမှာ ခံကစားကောင်း ကစားနိုင်ဖို့ ရှိပေမယ့် ပွဲချိန်ကြာလာရင်တော့ အစဉ်အလာ အတိုင်းပဲ အရှုံးပေးရဖို့ များပါတယ်။ လစ်ဗာပူးလ် အနိုင်ကတော့ သေချာလွန်းနေပေမယ့် ကြေးဖွင့်လှစ်မှုကို သဘောမကျတာကြောင့် ဂိုးပေါင်းနဲ့ Correct Score ကို တစ်ချက် စဉ်းစားချင်ပါတယ်။ ဂိုးပေါ် ၃.၅၀၊ ၃.၇၅ တစ်ခုခုကို ရွေးချယ်ပြီး ၆ ဆနီးပါး ရနိုင်မယ့် Correct Score ၂-၀၊ ၃-၀ တို့ကိုလည်း အရဲစွန့် ရွေးချယ်ထားချင်ပါတယ်။

ခန့်မှန်းရလဒ် (၃-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်