နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကိုမန်ရဲ့ နောက်ကျ ချေပဂိုး ကယ်လို့ အဝေးကွင်း အရှုံးနဲ့ ရှောင်လွှဲနိုင်ခဲ့တဲ့ ဂျာမန်ဘီလူး (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

ဆဲလ်ဘာ့ဂ် ၁ – ၁ ဘေယန်မြူးနစ်

ဆဲလ်ဘာ့ဂ်ရဲ့ မထင်မှတ်ထားတဲ့ ခြေစွမ်းကြောင့် ဂျာမန် ဘီလူးကြီး ဘေယန်မြူးနစ် အတွက် ခက်ခဲတဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ် ဖြစ်ခဲ့တယ် လို့လည်း ပြောလို့ ရပါတယ်။ မန်ချက်စတာစီးတီး ပြီးရင် ချန်ပီယံလိဂ် မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်နေတဲ့ ဘေယန်မြူးနစ် အတွက် ခြေစွမ်းအရရော ရလဒ်ပိုင်း အရပါ ကျေနပ်စရာ မရှိခဲ့တဲ့ ပွဲစဉ် ဆိုရင်လည်း မမှားပါဘူး။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ဘေယန်မြူးနစ်တို့ ၃-၂-၄-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး အတောင့်တင်းဆုံး တိုက်စစ်နဲ့ ဩစတြီးယား မြေကို လာရောက် ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ ဂိုးမှာ နော်အာ အစား အူးလ်ရစ်ချ် ပွဲထွက်လာခဲ့တာက လွဲရင် ရောဘတ်လီဝမ်ဒေါစကီး၊ ဂနာဘရီ၊ ဆာနေး၊ ကင်စလေ ကိုမန်၊ မူလာ၊ ကင်မစ်ချ်၊ တိုလစ်ဆို၊ ဟာနန်ဒက်ဇ်၊ ဆူလီ၊ ပါဗက် တို့နဲ့ လူစုံခဲ့ပါတယ်။ အိမ်ရှင် ဆဲလ်ဘာ့ဂ် ကတော့ ကွိုက်တာ၊ ဒီယမ်ဘူ၊ ဘာနာဒို၊ ဆက်စ်ကို တို့ ပါဝင် ကစားနိုင်ခြင်း မရှိခဲ့ပေမယ့် ဘေယန်မြူးနစ်ကို အကောင်းဆုံး ပုံစံနဲ့ တုန့်ပြန် ကစားသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ပြီး နော်အာ မကစားနိုင်ရင် ဘေယန်မြူးနစ်တို့ ရုန်းကန်ရတတ်တယ် ဆိုတာ ပူပူနွေးနွေး ဘိုချမ်ကို ဂိုးပြတ် ရှုံးခဲ့တဲ့ ပွဲနဲ့ အခု ချန်ပီယံလိဂ် သရေပွဲက သက်သေပါပဲ။
ခံစစ်အားနည်းချက်တွေကြောင့် ချန်ပီယံလိဂ် နိုင်ပွဲနဲ့ ဝေးခဲ့ရတဲ့ ဘေယန်မြူးနစ်

ဆဲလ်ဘာ့ဂ်တို့ ပွဲစထဲက သူ့တို့ ကစားနေကျ မြန်နှုန်းမြင့် တိုက်စစ် တွဲလုံးတွေနဲ့ အတူ ဘေယန်မြူးနစ်ရဲ့ ခံစစ်ကို ခြိမ်းခြောက်သွားခဲ့ပြီး ဆူလီ၊ ပါဗက်နဲ့ ဟာနန်ဒက်ဇ်တို့ အနေနဲ့လည်း ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပါတယ်။ နူအာ မပါခဲ့ခြင်းက ဘေယန်မြူးနစ် ဂိုးပေါက် အတွက် သာမက ခံစစ် အတွက်ကိုပါ ဦးဆောင်သူ မဲ့နေစေခဲ့ပြီး ဆဲလ်ဘာ့ဂ်ရဲ့ တိုက်စစ်ကို တားဆီးရာမှာ အခက်အခဲ ရှိခဲ့ပါတယ်။ ပထမပိုင်း ပွဲစပြီး ၂၁ မိနစ် မှာတင်ပဲ အိမ်ရှင်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပြီး ဒီဂိုး ကိုတော့ ပွဲချိန် ၁၁ မိနစ်မှာ လူစားဝင်လာတဲ့ အဒါမူက အာရွန်ဆန်ရဲ့ ပေးပို့မှု ကနေ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဘေယန်မြူးနစ် နောက်တန်းရဲ့ အမှား ကနေ ဆဲလ်ဘာ့ဂ်တို့ ဒုတိယဂိုး ရရှိဖို့ နီးစပ်ခဲ့ပေမယ့် ဂိုးသမား အူးလ်ရစ်ချ် ကာကွယ်နိုင်ခဲ့လို့ ဘေယန်တို့ ကံကောင်းခဲ့ရပါတယ်။

ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် ဘေယန်မြူးနစ်တို့ သိသိသာသာ ကစားအား တင်ခဲ့သလို ချေပဂိုး ရဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့် ဆဲလ်ဘာ့ဂ် ခံစစ်က အမှားနည်းနည်းနဲ့ ဖြတ်ထုတ် တားဆီးမှုတွေ ပြုလုပ်နိုင်ခဲ့လို့ ရှုံးပွဲ တွေ့နိုင်တဲ့ အခြေအနေ အထိပါ ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဖိုးတန် ချေပဂိုးကို တောင်ပံ ကစားသမား ကိုမန်က ပွဲချိန် မိနစ် ၉၀ မှာ သွင်းယူပေးခဲ့လို့ ဘေယန်တို့ သက်ပြင်းချနိုင်ခဲ့ပြီး ပွဲအပြီး မှာတော့ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။

လာလီဂါ
အိုဆာစူနာ
အက်တလက်တီကို
1X2 အိုဆာစူနာ @ 3.40
အက်တလက်တီကို အာရှ ဟန်းဒီးကပ် -0.50 @ 2.14
ဂိုးပေါ် 2.25 @ 2.02
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

ဒီအခြေအနေ အရဆိုရင် အလိုင်းရန့်ဇ် အရီနာမှာ ကစားမယ့် ချန်ပီယံလိဂ်၁၆ သင်း ရှုံးထွက် ပွဲစဉ် ကတော့ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာခဲ့ပြီလို့ ပြောလို့ ရပါတယ်။ ဒီနှစ်သင်းမှာ ဘေယန်မြူးနစ်ပဲ နောက်တစ်ဆင့် တက်ဖို့ များပေမယ့် ဆဲလ်ဘာ့ဂ် အနေနဲ့ သူတို့ကို လျှော့မတွက်စေချင်ကြောင်း ခြေစွမ်းနဲ့ သက်သေပြသွားခဲ့တာ ဖြစ်ပါတယ်။ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာပြီး ဂိုးပေါက် ကန်ချက် ၂၂ ကြိမ် ရှိခဲ့သလို ဂိုးပေါက်တည့်မှု ၉ ကြိမ် ရှိခဲ့ရာမှာ သွင်းဂိုး ၁ ဂိုးပဲ ရခဲ့တဲ့ ဘေယန်မြူးနစ်ရဲ့ ခြေစွမ်း ကတော့ စိတ်ပျက်စရာ ကောင်းခဲ့တယ်လို့ပဲ ဆိုချင်ပါတယ်။ နောက်ပြီး နော်အာ မကစားနိုင်ရင် ဘေယန်မြူးနစ်တို့ ရုန်းကန်ရတတ်တယ် ဆိုတာ ပူပူနွေးနွေး ဘိုချမ်ကို ဂိုးပြတ် ရှုံးခဲ့တဲ့ ပွဲနဲ့ အခု ချန်ပီယံလိဂ်သရေပွဲက သက်သေပါပဲ။


လာမယ့်ပွဲစဉ်များ

ဆဲလ်ဘာ့ဂ်တို့ လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ဝုဖ်ဘာဂါနဲ့ ဩစတြီးယား ဘွန်ဒက်စ်လီဂါ ဆက်လက် ကစားရဖို့ ရှိပြီး ဘေယန်မြူးနစ် ကတော့ ဂရူသာဖက်သ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်