နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ် ခြေစွမ်းပြပြီး မိန့်ဇ်ကို အိမ်ကွင်းမှာ ဂိုးပြတ် အနိုင်ယူခဲ့တဲ့ လိုက်ပ်ဇစ် (ဘွန်ဒက်စ်လီဂါ ပွဲပြီးသုံးသပ်ချက်)

လိုက်ပ်ဇစ် ၄-၁ မိန့်ဇ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လိုက်ပ်ဇစ်နဲ့ မိန့်ဇ်တို့ရဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် မှာတော့ လိုက်ပ်ဇစ်တို့ တိုက်စစ် ခြေစွမ်းပြမှုနဲ့ အတူ မိန့်ဇ်ကို အိမ်ကွင်းမှာ ၄-၁ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ အိမ်ရှင် လိုက်ပ်ဇစ် အသင်း အနေနဲ့ ကိုဗစ် ၁၉ ကူးစက်ခံခဲ့ရတာ ကနေ ပြန်လည် သက်သာလာတဲ့ အန်ဒရီ ဆေးလ်ဗားကို ယူဆက်ဖ် ပိုလ်ဆင်နဲ့ အတူ တိုက်စစ်မှာ ဦးဆောင်စေခဲ့ပြီး နောက်ချန် တိုက်စစ်နေရာ မှာတော့ ဆဘိုလာအီ ပွဲထွက်လာခဲ့ပါတယ်။ ကွင်းလယ်နဲ့ တောင်ပံ မှာတော့ အဒမ်၊ ကမ့်ပဲလ်၊ ကလော့စတာမန်၊ အိန်ဂျယ်လီနို၊ ခံစစ် မှာတော့ ဆီမာကန်၊ အော်ဘန်၊ ဂတ်ဗာဒီယိုလ်နဲ့ ဂိုးမှာ ဂူလက်ရှီတို့ ပါဝင်ခဲ့ပါတယ်။ ဧည့်သည် မိန့်ဇ် အသင်း ကတော့ လိုက်ပ်ဇစ်ရဲ့ တိုက်စစ် လမ်းကြောင်းကို တားဆီးနိုင်ဖို့ အတွက် ၃-၃-၂-၂ ကစားကွက်ကို အသုံးပြုခဲ့ပေမယ့် အဓိက ကစားသမား တချို့ ဒဏ်ရာ ပြသနာ ရှိနေမှုနဲ့ အတူ အဘက်ဘက်က အားနည်းချက်တွေ ရှိခဲ့တာ တွေ့ရပါတယ်။

ပရီးမီးယား လိဂ်
အဲဗာတန်
လက်စတာ စီးတီး
1X2 လက်စတာ စီးတီး @ 2.74
အဲဗာတန် ပထမပိုင်း အာရှ ဟန်းဒီးကပ် -0.25 @ 2.66
ဂိုးအောက် 2.50 @ 2.06
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဓိက ပွဲကို အလှည့်အပြောင်း ဖြစ်စေခဲ့တာက ပွဲချိန် ၁၉ မိနစ်မှာ မိန့်ဇ် ဗဟို ခံစစ်မှူး အလက်ဇန်းဒါး ဟက်ခ် တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး လိုက်ပ်ဇစ်တို့ ပင်နယ်တီ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ပင်နယ်တီ ကိုတော့ တိုက်စစ်မှူး အန်ဒရီဆေးလ်ဗားက အမှားအယွင်းမရှိ ကန်သွင်းသွားခဲ့လို့ ပွဲချိန် ၂၁ မိနစ်မှာပဲ အိမ်ရှင်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဟက်ခ် မရှိတော့တဲ့နောက် မိန့်ဇ် ခံစစ်က တောက်လျောက် ပြိုဆင်းသွားခဲ့ပေမယ့် လိုက်ပ်ဇစ် တိုက်စစ်က ယူဆက်ဖ် ပိုလ်ဆင် ခြေစွမ်း မပြနိုင်ခဲ့လို့ သွင်းဂိုး‌တွေ ထပ်မရပဲ ပထမပိုင်း အပြီးမှာ ၁-၀ ရလဒ်ပဲ ထွက်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ နည်းပြ တက်ဒက်စကို အနေနဲ့ ပိုလ်ဆင် အစား ခရစ္စတိုဖာ အွန်ကွန်ကူကို ထည့်သွင်းပြီး တိုက်စစ် မြှင့်ခဲ့လို့ မိန့်ဇ် နောက်တန်းကို အကောင်းဆုံး အလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပွဲပြန်စပြီး ၂ မိနစ် အကြာမှာပဲ အန်ကွန်ကူရဲ့ ပံ့ပိုးပေးမှု ကနေ ဆဘိုလာအီက အဆုံးသတ်ပေးခဲ့လို့ လိုက်ပ်ဇစ်တို့ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရရှိခဲ့ပါတယ်။ အဲ့နောက် လိုက်ပ်ဇစ် ခံစစ် ကစားသမားတွေ လိုက်လံ တားဆီးနေတဲ့ ကြားက လီဂျေဆန်းက မိန့်ဇ် အတွက် ချေပဂိုး ၁ ဂိုး ပြန်လည် ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ယောက် အသာရနေတဲ့ လိုက်ပ်ဇစ်ရဲ့ ကစားအားကို မိန့်ဇ်တို့ ပွဲချိန်ပြည့် ထိန်းချုပ်နိုင်ဖို့ တော်တော်လေး ခက်ခဲခဲ့တာ တွေ့ရပြီး ၅၈ မိနစ်နဲ့ ၆၁ မိနစ် တို့မှာ ၂ ဂိုးဆက် ထပ်ပေးလိုက်ရလို့ ၄-၁ ဖြစ်သွားခဲ့ပါတယ်။ ဒီဂိုးတွေ ကိုတော့ ခြေစွမ်းပြနေတဲ့ ခရစ္စတိုဖာ အန်ကွန်ကူနဲ့ အန်ဒရီ ဆေးလ်ဗား တို့ကပဲ သွင်းယူပေးခဲ့ပြီး လိုက်ပ်ဇစ် အတွက် ဘွန်ဒက်စ်လီဂါ အိမ်ကွင်း နိုင်ပွဲ ပြန်လည် ရှာဖွေပေးခဲ့တာပဲ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

လိုက်ပ်ဇစ်တို့ တိုက်စစ် ခြေစွမ်းပြမှုနဲ့ အတူ ကစားသမား တစ်ယောက်အသာနဲ့ ပွဲချိန် မိနစ် ၇၀ ကျော်လောက် ကစားခွင့်ရခဲ့လို့ ခြေပြတ်၊ ဂိုးပြတ် အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲ မှာလည်း ထပ်ပြီး ချီးကျူးရမှာက ခရစ္စတိုဖာ အန်ကွန်ကူပဲ ဖြစ်ပြီး ကိုယ်တိုင် တစ်ဂိုး သွင်းနိုင်ခဲ့သလို တစ်ဂိုးလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီပွဲ အပြီးမှာ လိုက်ပ်ဇစ် တို့ ရမှတ် ၂၅ မှတ်နဲ့ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၈ နေရာ အထိ တက်လှမ်းနိုင်ခဲ့တာကြောင့် ရာသီအကုန်မှာ ဥရောပ ဝင်ခွင့်ရဖို့ အခြေအနေ ပြန်ကောင်းလာခဲ့ပြီလို့ပဲ ဆိုရပါတယ်။ မိန့်ဇ် ကတော့ ဘွန်ဒက်စ်လီဂါ ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့လို့ အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

နှစ်သင်းလုံး ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၁၉ ကို ဆက်လက် ယှဉ်ပြိုင်ကစားကြဖို့ ရှိနေပြီး လိုက်ပ်ဇစ်က စတုဂတ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး မိန့်ဇ် ကတော့ ဘိုချမ်နဲ့ တွေ့ဆုံနေခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်