လေဗာကူဆင် – ယူနီယံဘာလင်
ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ထိပ်ပိုင်းနားက အသင်းတွေဖြစ်လို့ အမှားမခံတမ်း ပြင်ဆင်လာမယ့် ပွဲလည်း ဖြစ်ပါတယ်။ ဥရောပအဆင့် ပွဲစဉ်တွေ ကစားနေရတဲ့ အသင်းတွေပီပီ ခြေစွမ်းပိုင်း တည်ငြိမ်တဲ့ အသင်းတွေလို့ ပြောလို့ရပါတယ်။ လေဗာကူဆင် ရဲ့ အိမ်ကွင်းခြေစွမ်းက ယုံကြည်ရလောက်တဲ့ အခြေအနေမှာ ရှိနေလို့ အားကိုးရနိုင်တဲ့ အခြေအနေပါ။ယူနီယံဘာလင် ကတော့ အဝေးကွင်း လိုအပ်ချက် အနည်းငယ်ရှိတယ် ဆိုပေမယ့် ခံစစ်၊ တိုက်စစ် မျှတတဲ့အသင်းတစ်သင်း ဖြစ်ပါတယ်။
လေဗာကူဆင် ကတော့ ဘွန်ဒက်စ်လီဂါ ရာသီဝက် ပွဲစဉ်တွေ မတိုင်မီ ရလဒ်ကောင်းရဖို့ တော်တော်လေး ရုန်းကန်ခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ အဓိက အချက်ကတော့ ခံစစ်ပိုင်း လိုအပ်ချက် မြင့်မားလာခြင်း နဲ့အတူ ရလဒ်ပိုင်းပါ အကျဘက်ကို ရောက်သွားတာလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲတည်းသာ ရှိထားပြီး နောက်ဆုံး ၄ ပွဲ ဆက်တိုက် နိုင်ပွဲ မရှိထားပါဘူး။ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၃ ပွဲရှုံး ဆိုတဲ့ရလဒ်က အဆင့် ၄ နေရာမှာ ရှိနေတဲ့ အသင်းအတွက် ဖိအား ဖြစ်စေခဲ့ပါတယ်။ အထူးသဖြင့် ခံစစ်ပိုင်း အမှားများက အသင်းအားပေးသူတွေကို စိုးရိမ်မှု မြင့်တက်စေခဲ့တာပါ။ နောက်ဆုံး ၅ ပွဲမှာ တိုက်စစ်က ၁၂ ဂိုး သွင်းယူနိုင်ခဲ့ခြင်းက လက်ခံနိုင်တဲ့ အခြေအနေပါ။ ဒါပေမဲ့ ခံစစ်က ၁၁ ဂိုး ပြန်ပေးထားရတာ ကတော့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အာရန်ဂူဇ်၊ ပလာဆီယို့စ်၊ ဖိုဆူမန်ဆက်ချ်၊ ဘရာဗို တို့ ဒဏ်ရာပြဿနာ ရှိနေပေမယ့် ကျန်ကစားသမား အားလုံး ကြံ့ခိုင်မှုအပြည့် ရှိနေပါတယ်။ တိုက်စစ်ကို ဘွန်ဒက်စ်လီဂါ သွင်းဂိုး ၁၆ ဂိုး ရှိထားတဲ့ ရှရစ်ခ်က ဦးဆောင်လာနိုင်ပြီး ဒီမီယာဘေးလ်၊ အန်ဒရစ်ချ်၊ အဒီလ်၊ ဖရင်းပေါင် တို့ကို ပွဲထွက်အဖြစ် မြင်တွေ့ရနိုင်ပါတယ်။
ယူနီယံဘာလင် ကတော့ အသင်းကြီးတွေ ဆီကနေ အမှတ်ခွဲယူနိုင်တဲ့ အသင်းတစ်သင်းအဖြစ် ရပ်တည်နေတဲ့ အသင်းပါ။ ခံစစ်၊ တိုက်စစ် မျှတပြီး တန်ပြန်တိုက်စစ် ကစားပုံကောင်းခြင်း နဲ့အတူ အမှတ်ပေးဇယား ထိပ်ပိုင်းက တက်ရောက်နိုင်ဖို့ အခြေအနေ ကောင်းနေတဲ့အသင်းလည်း ဖြစ်ပါတယ်။ အဓိက အားသာချက်က ခံစစ်ပိုင်း ဖြစ်ပြီး ရှုံးပွဲကြုံတွေ့ခဲ့ရင်တောင် ပေးဂိုးအနည်းဆုံး ဖြစ်နေတတ်တာပါပဲ။ အကျိုးအမြတ် ရှာဖွေသူတွေ အတွက်ကတော့ ယူနီယံဘာလင်ပွဲက ဂိုးအနည်းဘက်ကို ပိုပြီး ဦးတည်တတ်တာ သတိထားမိမှာပါ။ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲသရေ ၂ ပွဲ နိုင် ၁ ပွဲရှုံးဆိုတဲ့ ရလဒ်က အသင်းကို အဆင့် ၇ နေရာမှာရှိနေစေပါတယ်။ တိုက်စစ်က ၄ ဂိုးသွင်းပြီး ခံစစ်က ၃ ဂိုး ပေးထားရတာက လက်ရှိ အသင်းရဲ့အခြေအနေပါ။ နောက်ဆုံး ၄ ပွဲဆက်တိုက် ဂိုးပေါင်း အနည်းရလဒ် ထွက်ပေါ်ထားခဲ့တာ ကတော့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်တွေ ထဲမှာ ယူနီယံဘာလင်ရဲ့ ထူးခြားတဲ့ ဖြစ်ရပ်အဖြစ်ရှိနေပါတယ်။ ခီဒီရာ၊ ဝက်စ်ဇိုလက်ခ်၊ ဒီဟီ၊ ဘက်စ်ခ်တို့ မပါဝင်နိုင်ပေမယ့် ဘက်ကာ၊ ထရီမယ်လ်၊ ပရိုမဲလ်၊ ဖရိုင်းဒရစ်ချ် တို့ကို ပွဲထွက်အဖြစ် မြင်တွေ့ရ ဖို့ ရှိနေပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ထိပ်တိုက်တွေ့ဆုံမှု ၇ ကြိမ်မှာ လေဗာကူဆင်က ၄ ကြိမ်နိုင် ယူနီယံဘာလင်က ၁ ကြိမ် ပြန်အနိုင်ရထားပြီး သရေ ၃ ကြိမ်ကျထားခဲ့ပါတယ်။ အစဉ်အလာအရ အသာရထားခဲ့တဲ့ လေဗာကူဆင် အနေနဲ့ ပထမအကျော့ တွေ့ဆုံမှုမှာ တော့ ၁-၁ သရေရလဒ်နဲ့သာ ကျေနပ်ထားခဲ့ရတာပါ။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
လေဗာကူဆင် – ယူနီယံဘာလင် | အချိန်ပြည့် 1X2 အိမ်ရှင် @ ၁.၈၆ ဆ | |
ဇန်နဝါရီလ ၈ ရက်၊ ည ၉:၀၀နာရီ (GMT+ ၆:၃၀) |
SBOTOP 1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၁.၈၆ ဆ၊ သရေအတွက် ၃.၇၅ ဆ၊ ဧည်သည့်အသင်း အတွက် ၃.၈၀ ဆ ကြေးဖွင့်ထားပါတယ်။ အခြေအနေ အရပ်ရပ်အရ ရွေးချယ်ရခက်တ ဲ့အခြေအနေပါ။ ယူနီယံဘာလင်ရဲ့ အနေအထားက အသင်းကြီးတွေဆီက အမှတ်ခွဲယူနိုင်တဲ့ အနေအထား ရှိနေပါတယ်။ ဘွန်ဒက်စ်လီဂါ ထိပ်တန်း ဂိုးသွင်းရှင် ပါဝင်လာမယ့် လေဗာကူဆင် ကလည်း ရလဒ်ဆိုးတွေ ကြားက ရုန်းထွက်ဖို့ အားစိုက်နေခဲ့တာပါ။ ပုံစံကောင်းရနေတဲ့ အသင်းနဲ့ နိုင်ပွဲ လိုအပ်နေတဲ့အသင်းအကြား အားပြိုင်မှုကို သေချာပေါက် မြင်တွေ့ရဖို့ ရှိနေပါတယ်။ ခံစစ် အကောင်းဆုံး အသင်းကို လေဗာကူဆင် ဘယ်လိုရင်ဆိုင်မလဲက ဒီပွဲရဲ့ အဖြေဖြစ်လာနိုင်ပါတယ်။ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမားကောင်းတွေကြောင့် ဂိုးအများဘက်ကို နည်းနည်းလေး စွန့်စားစေချင်တယ်။ ရွေးချယ်မှုအနေနဲ့ ကတော့ အိမ်ရှင်ကိုပဲ အားပေးစေချင်တယ်။ လေဗာကူဆင်ပဲ အနိုင်ရသွားဖို့ များပါတယ်။
ခန့်မှန်းရလဒ် (၃-၁)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.