ဇင်းနစ် – ချဲလ်ဆီး
ဇင်းနစ် အတွက်ကတော့ ယူရိုပါလိဂ် မျှော်လင့်ချက်ပဲ ရှိပါတော့တယ်။ ဒါပေမဲ့ ဂုဏ်သိက္ခာအရ အိမ်ကွင်းမှာ အားစိုက် ကစားရင်တော့ ချဲလ်ဆီး အတွက် အခက်အခဲ ရှိလာမှာပါ။ ချန်ပီယံလိဂ် အုပ်စု ပထမနေရာ ရရှိထားတယ် ဆိုပေမယ့် ဒီပွဲမှာသာ အနိုင်မရခဲ့ဘူး ဆိုရင် အုပ်စု ဒုတိယနေရာကို ရောက်သွားနိုင်လို့ ချဲလ်ဆီး အနေနဲ့လည်း အားအပြည့်စိုက်လာမှာ သေချာပါတယ်။ ခံစစ်ပိုင်း တိုက်စစ်ပိုင်း အားပြိုင်ကြမယ့် အသင်းတွေဖြစ်လို့ ပရိသတ်စိတ်ကြိုက် ပွဲစဉ် ဖြစ်လာမှာတော့ သေချာပါ တယ်။
ရုရှား ပရီးမီးယားလိဂ်ရဲ့ အဆင့် ၁ နေရာမှာ ရှိနေတဲ့ ဇင်းနစ်ရဲ့ ခြေစွမ်းက တည်ငြိမ်သယောင် ရှိနေပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၅ မှာ မယ်လ်မိုကို သရေကျခဲ့တာကြောင့် နစ်နာခဲ့တယ်လို့ပဲ ဆိုရမှာပါ။ လက်ရှိ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲတစ်ပွဲမှ မရှိထားပါဘူး။ ၃ ပွဲသရေ ၂ ပွဲနိုင် ရလဒ်နဲ့အတူ တိုက်စစ်က ၉ ဂိုးသွင်းပြီး ၄ ဂိုး ပြန်ပေးထားရပါတယ်။ ရုရှား ပရီးမီးယားလိဂ်ရဲ့ ခံစစ်၊ တိုက်စစ် အကောင်းဆုံး အသင်းအနေနဲ့ လက်ရှိ ချန်ပီယံလိဂ် အုပ်စု အနေအထားမှာတော့ ယူရိုပါလိဂ် ဝင်ခွင့်ပဲ ရှိတော့တာပါ။ အုပ်စုပွဲစဉ် ၅ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၄ မှတ်သာ ရရှိထားတဲ့အတွက် ချဲလ်ဆီး၊ ဂျူဗင်တပ်စ်တို့ရဲ့ အောက်ဆင့် ၃ နေရာမှာ ရှိနေပါတယ်။ အစဉ်အလာအရ ဥရောပ ပွဲစဉ်တွေမှာ ရလဒ်ကောင်းတတ်ပေမယ့် လက်ရှိ ရာသီမှာတော့ ရုန်းကန်နေရတယ် ဆိုရမှာပါ။ ခရစ္စယာကော့ဗ် အနီကတ်ပြစ်ဒဏ် ရှိနေခဲ့တာကလည်း ဖိအားတစ်ခု ဖြစ်လာနိုင်ပါတယ်။ အုပ်စုနောက်ဆုံး ပွဲစဉ်လည်းဖြစ်၊ အိမ်ကွင်းလည်း ဖြစ်တဲ့အတွက် သာမန်ထက်တော့ အားစိုက်လာမှာ သေချာပါတယ်။ လော့ဗ်ရန်၊ ဘာရီရို့စ်၊ ဒီဇူဘာ၊ မယ်လ်ကွန်၊ ဝမ်ဒယ်လ်၊ ဆန်းတို့စ်တို့ကို ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။
ချဲလ်ဆီး ကတော့ ဒဏ်ရာရ ကစားသမား များပြားနေခြင်းနဲ့ အတူ ရလဒ်ပိုင်း လိုအပ်ချက် ရှိနေပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်စ်ဟမ်းကို အရေးနိမ့်ခဲ့လို့ အဆင့် ၁ နေရာကနေ အဆင့် ၃ အထိ ဆင်းပေးခဲ့ရတာက သက်သေပါ။ အဓိက ကွင်းလယ် ကစားသမားတစ်ဦး ဖြစ်တဲ့ ကိုဘာဆစ် ဒဏ်ရာ ကနေ ပြန်လည် သက်သာလာတာ ကတော့ နည်းပြ တူချယ်လ် အတွက် မျှော်လင့်ချက် တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဘန်ချီးဝဲလ်၊ ကိုင်ဟာဗက်ဇ်၊ အလွန်ဆို၊ ကန်တီ၊ ချာလိုဘတ်တို့ အားလုံး ပွဲကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု ရှိမနေခဲ့ပါဘူး။ လူကာကူကို ပွဲထွက် လူစာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပြီး ဇိုင်းယက်စ်၊ မေဆန်မောင့်၊ လော့ဖ်တပ်ချိဖ်၊ ဆောနီဂွက်ဇ်၊ ရီဆီဂျိမ်းစ်တို့ကို ပွဲထုတ်လာဖို့ ရှိနေပါတယ်။ ယုံကြည်ချက်ပိုင်း လိုအပ်ချက်ရှိနေတဲ့ ဂိုးသမား မန်ဒီရဲ့ နေရာမှာ ကီပါကို မြင်တွေ့ရဖို့လည်း ရှိနေပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးရလဒ် ရရှိထားပြီး တိုက်စစ်က ၁၂ ဂိုးသွင်း ၅ ဂိုး ပြန်ပေးထားရပါတယ်။ချန်ပီယံလိဂ် အုပ်စု ပထမနေရာ အတွက် ချဲလ်ဆီးတို့ ကျိန်းသေပေါက် အနိုင်ရဖို့ ကြိုးစားလာမယ့် ပွဲဖြစ်ပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ထိပ်တိုက်တွေ့ဆုံမှု ၁ ကြိမ်သာ ရှိထားခဲ့တဲ့ အခြေအနေမှာ ချဲလ်ဆီးကပဲ အသာရထားပါတယ်။ ပထမအကျော့ တွေ့ဆုံမှုမှာတော့ ချဲလ်ဆီးက လူကာကူရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်မှာ အနိုင် ရရှိထားခဲ့တာပါ။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
ဇင်းနစ် – ချဲလ်ဆီး | အချိန်ပြည့် 1X2 ဧည့်သည် @ 1.55 | |
ဒီဇင်ဘာလ ၉ ရက်၊ ည ၁၂:၁၅ နာရီ (GMT+ ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၄.၉၀ ဆ၊ သရေ အတွက် ၄.၂၀ ဆ၊ ဧည်သည့်အသင်း အတွက် ၁.၅၄ ဆ ကြေးဖွင့်ထားပါတယ်။ နှစ်သင်းလုံးအတွက် အရေးပါတဲ့ပွဲလို့ ပြောလို့ရပါတယ်။ ဇင်းနစ် အတွက် ဂုဏ်သိက္ခာပိုင်း အရေးကြီးသလို ချဲလ်ဆီး အတွက်လည်း အုပ်စု ပထမနေရာ အတွက် အနိုင်ရဖို့ လိုအပ်နေတာပါ။ ပထမအကျော့တုန်းက ဂိုးမပြတ်ခဲ့သလို ပြိုင်ဆိုင်မှုလည်း အတော်လေး ပြင်းထန်ခဲ့ပါတယ်။ အထူးသဖြင့် အဓိက ကစားသမား အများစု ဒဏ်ရာပြဿနာ ရှိနေခဲ့တာက ချဲလ်ဆီးအတွက် ဖိအားတစ်ခုတော့ ဖြစ်လာနိုင်ပါတယ်။ ဇင်းနစ်ရဲ့ ခံစစ်စုဖွဲ့မှုကလည်း ပရီးမီးယားလိဂ် အထာကို နပ်နေတဲ့သူတွေ ဖြစ်လို့ အိမ်ကွင်းမှာ အတောင့်တင်းဆုံး အခြေအနေ ရှိနေမှာပါ။ အပြန်အလှန် သွင်းဂိုးတွေနဲ့ ပရိသတ်အကြိုက် ပွဲဖြစ်လာလိမ့်မယ်လို့ ယူဆမိပါတယ်။ ဂိုးများနိုင်တဲ့ အခြေအနေမှာ ရွေးချယ်မှု တစ်ခုအဖြစ် ချဲလ်ဆီးနဲ့ အရဲစွန့်ချင်တာပါ။ ဂိုးအများနဲ့ ချဲလ်ဆီးကိုပဲ အကြိုက်တွေ့မိပါတယ်။
ခန့်မှန်းရလဒ် (၁-၂)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.