နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရှုံးထွက်တက်ရေး မျှော်လင့်ချက် အတွက် အမှားခံမှာ မဟုတ်တဲ့ ဘင်ဖီကာ | ဘင်ဖီကာ – ဒိုင်နမိုကိယက်ဗ် (ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်)

ဘင်ဖီကာ – ဒိုင်နမိုကိယက်ဗ

ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ရေး မျှော်လင့်ချက် အပြည့်အဝ ရှိနေသေးတဲ့ ဘင်ဖီကာ ကတော့ ဒိုင်နမိုကိယက်ဗ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်ဖို့ အဓိက ပြိုင်ဘက် ဘာစီလိုနာတို့ ဘေယန်မြူးနစ်နဲ့ တွေ့ဆုံနေတာကို ဘင်ဖီကာတို့ အခွင့်ကောင်းယူနိုင်ဖို့ ကြိုးစားရမှာလည်း ဖြစ်ပါတယ်။

ဘင်ဖီကာတို့ လက်ရှိ ချန်ပီယံလိဂ် အုပ်စု(E)ရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတယ် ဆိုပေမယ့် အဆင့် ၂ နေရာက ဘာစီလိုနာနဲ့ ၂ မှတ်သာ ကွာဟလို့ ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်ရေး မျှော်လင့်ချက် ရှိနေသေးတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် အခု ကစားရမယ့် အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ဘာစီလိုနာတို့ ဂျာမန် ထိပ်သီး ဘေယန်မြူးနစ်နဲ့ တွေ့ဆုံနေတာက ဘင်ဖီကာကို မျှော်လင့်ချက် ပိုရှိနေစေတာ ဖြစ်ပါတယ်။ ဘင်ဖီကာရဲ့ လက်ရှိ ခြေစွမ်းကို ကြည့်မယ် ဆိုရင် ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားပြီး ခြေတက်နေတဲ့ စပို့တင်းလစ္စဘွန်းကို ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ ပေါ်တူဂီ ပြည်တွင်း အမှတ်ပေးပြိုင်ပွဲရဲ့ အဆင့် ၃ နေရာမှာ ရှိနေတယ် ဆိုပေမယ့် ပေါ်တိုနဲ့ စပို့တင်းလစ္စဘွန်းကို တောက်လျောက် လိုက်လံ ဖိအားပေးနေတဲ့ အသင်း ဖြစ်လို့ ခြေစွမ်းပိုင်း မဆိုးဘူးလို့ ပြောလို့ ရတဲ့ အသင်း ဖြစ်ပါတယ်။ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ဘာစီလိုနာလို အသင်းကို ကတ်တာလန်မြေမှာ သွားရောက် ရင်ဆိုင်ခဲ့ရပေမယ့် သရေရလဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ခြေစွမ်း အရဆိုရင် ဒိုင်နမိုကိယက်ဗ်လို အသင်းကို အိမ်ကွင်းမှာ အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်တဲ့ အခြေအနေမျိုး ရှိနေပါတယ်။ ရိုဒရီဂို ပင်ဟို၊ ရန်ဒွန်ဂျစ်၊ ဗာရစ်ဆီမို၊ ဒီယေဂို ဂွန်ဆာလက်ဗ် တို့ ဒဏ်ရာရနေပေမယ့် ယာရမ်ချက်ခ်၊ ရာဖာဆေးလ်ဗား၊ နူညက်ဇ်၊ ဂျာအို မာရီယို၊ ဝိုင်ဂဲလ်၊ ဗာတွန်ဂန်၊ အော့တာမန်ဒီ၊ မိုရာတို၊ ဂျူနီယာ၊ ဗလာချိုဒီမော့စ် တို့နဲ့ ပွဲထွက်လာဖို့ များနေပါတယ်။

ပရီးမီးယား လိဂ်
နော်ဝစ်မြို့
မန်ချက်စတာ ယူနိုက်တက်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဒိုင်နမိုကိယက်ဗ် ကတော့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၅ ပွဲပြီးဆုံးချိန် အထိ ရမှတ် ၁ မှတ်သာ ရရှိထားလို့ အုပ်စု အဆင့်ကနေပဲ လှည့်ပြန်ထားခဲ့ရတဲ့ အသင်း ဖြစ်ပါတယ်။ နောက်တစ်ဆင့် တက်ရောက်ရေး မျှော်လင့်ချက် မရှိတော့ပေမယ့် ဂုဏ်သိက္ခာအရ နောက်ပိုင်း ပွဲစဉ်တွေမှာ ဘေယန်မြူးနစ်နဲ့ ဘာစီလိုနာလို အသင်းကြီးတွေ ကိုတောင် မာမာထန်ထန် တုန့်ပြန် ကစားနေတာ တွေ့ရပါတယ်။ ကစားသမား စုဖွဲ့မှု၊ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမား အင်အား တောင့်တင်းမှု မရှိလို့သာ ရှုံးပွဲတွေ ဆက်နေခဲ့ရတာ ဖြစ်ပါတယ်။ ယူကရိန်း ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှက်တာဒိုးနတ်ခ်နဲ့ ပူးတွဲ ဦးဆောင်နေတဲ့ ဒိုင်နမိုကိယက်ဗ်တို့ အခု လာမယ့် ပွဲမှာလည်း ကျစ်လျစ်တဲ့ ခံစစ် ကစားပုံနဲ့ ဘင်ဖီကာရဲ့ ထက်မြတ်တဲ့ တိုက်စစ်ကို တားဆီးနိုင်ဖို့ ကြိုးစားလာမယ့် သဘောမှာ ရှိပါတယ်။ ဒဏ်ရာရ/ပွဲပယ် အခြေအနေ အရ စူပရီယာဂါ၊ ကတ်ဒ်ဇီရိုဝါ၊ ကာဂဘို၊ ပိုပေါ့ဗ်၊ ဘိုင်ဆီဒင် တို့ အခုပွဲကို ကျိန်းသေပေါက် လွဲချော်ဖို့တော့ ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဘင်ဖီကာနဲ့ ဒိုင်နမိုကိယက်ဗ်တို့ သမိုင်းတစ်လျှောက် ၃ ကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားခဲ့ပြီးတော့ ဘင်ဖီကာက ၂ ကြိမ်နိုင်ပြီး ၁ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ အခုနှစ် ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ပထမအကျော့ အဖြစ် ယူကရိန်းမြေမှာ ကစားခဲ့တုန်းက သရေကျထားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ပွဲစဉ် မှာလည်း ဂျော့ဂျ်ဂျီးဆပ်စ်ရဲ့ အသင်းက ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဒိုင်နမိုကိယက်ဗ်ရဲ့ မာကျောတဲ့ ခံစစ်ကို မကျော်ဖြတ်နိုင်ခဲ့တာကြောင့် သရေ ၁ မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။


လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဘင်ဖီကာ – ဒိုင်နမိုကိယက်ဗ် အချိန်ပြည့် ဂိုးအောက် ၃.၀၀ @ ၁.၇၂ ဆ
ဒီဇင်ဘာလ ၉ ရက်၊ မနက် ၂:၃၀ နာရီ (GMT+ ၆:၃၀)

1X2 ရဲ့ ပေါက်ကြေး အရ အိမ်ရှင်အသင်း အတွက် ၁.၃၁ ဆ၊ သရေအတွက် ၄.၈၀ ဆ၊ ဧည်သည့်အသင်း အတွက် ၁၀.၀၀ ဆ ကြေးဖွင့်ထားပါတယ်။ ခြေစွမ်းအရရော ပေါက်ကြေး အရပါ ဘင်ဖီကာ ဘက်မှာ ရပ်တည်ရမှာ မှန်ပေမယ့် အရနည်းနိုင်တာကြောင့် နှစ်သင်းပေါင်း သွင်းဂိုး ကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါတယ်။ ဘင်ဖီကာတို့ အဘက်ဘက်က အသာရနေတာကြောင့် အနည်းဆုံး ၂ ဂိုးပြတ်လောက်နဲ့ အနိုင်ရသွားနိုင်တဲ့ ပွဲလို့ပဲ ထင်ပါတယ်။ ၁.၃၁ ဆ ရမယ့် ဘင်ဖီကာနဲ့ ၁.၇၂ ဆ ရမယ့် ဂိုးအောက် ၃.၀၀ ကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။

ခန့်မှန်းရလဒ် (၂-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်