နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နိုင်ပွဲပြန်ရှာမယ့် အာဆင်နယ်ကိုပဲအပြည့်အဝယုံကြည်ထားမယ် | အာဆင်နယ် – နယူးကာဆယ်(ပရီးမီးယားလိဂ်ကြိုသုံးသပ်ချက်)

အာဆင်နယ် – နယူးကာဆယ်

အခုတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အစောဆုံးပွဲစဉ် တစ်ပွဲအဖြစ် အာဆင်နယ်နဲ့ နယူးကာဆယ်တို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ရလဒ်တွေတောက်လျောက် ကောင်းနေခဲ့ပြီးမှလစ်ဗာပူးလ်နဲ့ ပွဲမှာဂိုးပြတ် အရေးနိမ့်ထားတဲ့ အာဆင်နယ်တို့ အမှတ်ပေးဇယားအောက်ဆုံးကနယူးကာဆယ်နဲ့ ရင်ဆိုင် အတွေ့မှာနိုင်ပွဲပြန်လည် ရှာဖွေနိုင်မလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

လစ်ဗာပူးလ်နဲ့ တွေ့မှ ပရီးမီးယားလိဂ်အပါအဝင် ပြိုင်ပွဲစုံနောက်ဆုံး ၁၀ ပွဲဆက် ရှုံးပွဲမရှိပုံစံကောင်းတစ်ခုရပ်တန့်ခဲ့ရတဲ့ အာဆင်နယ်တို့ နိုင်ပွဲပြန်ရှာဖို့ ကျိန်းသေပေါက် အားစိုက်လာပါလိမ့်မယ်။အခုပွဲပြီးရင် မန်ချက်စတာယူနိုက်တက်၊ အဲဗာတန် တို့လိုအသင်းတွေနဲ့ ပွဲကြပ် ကစားဖို့ ရှိနေတာကြောင့်လည်းတတ်နိုင်သမျှ အမှတ်ပြည့် ရအောင် ယူဖို့ ပြင်ဆင်လာပါလိမ့်မယ်။ဥရောပပွဲစဉ်တွေကစားဖို့ မရှိတာကြောင့် အာဆင်နယ်တို့ တခြားအသင်းကြီးတွေလောက် ပွဲမပန်းတဲ့ အခြေအနေကိုအကောင်းဆုံးအသုံးချနိုင်ဖို့တော့ လိုအပ်ပါတယ်။ အသင်းမှာရှိတဲ့ လူငယ် ကစားသမားခြေစွမ်းထက်မြတ်နေတယ်။ စိတ်ဓာတ် တက်ကြွနေတယ်။ ဆိုသော်ငြားလည်းအတွေ့အကြုံပိုင်းအားနည်းချက်တွေရှိနေသေးတာကိုမြင်တွေ့ခဲ့ရသလိုပါတေးနဲ့ လိုကွန်ညာကွင်းလယ် အတွဲအဖက်ရဲ့ ကစားပုံမတည်ငြိမ်မှုကလည်းမီခယ် အာတေးတားဖြေရှင်းရမယ့် အဓိကပုစ္ဆာတစ်ပုဒ် ဖြစ်ပါတယ်။ နောက်ပိုင်းတိုက်စစ် က အသင်းခေါင်းဆောင် အော်ဘာမီယန်းရဲ့ ယုံကြည်ချက် ပျောက်ဆုံးနေမှုနဲ့ အတူဂိုးပေါက်ပါ ပျောက်ဆုံးနေတဲ့ ပြသနာဖြစ်ပါတယ်။ဒီနေ့ပွဲမှာတော့ ကွင်းလယ်မှာပါတေးနဲ့ မစ်လန်းနိုင်းလ်စ်ကိုပွဲထွက် ကစားခိုင်းဖို့ များနေပြီးပြီးခဲ့တဲ့ ပွဲမှာအမှားများခဲ့တဲ့ နူနိုတာဗာရက်စ် နေရာမှာလည်းကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်တဲ့ ကီရင် တီယာနီကိုပြန်သုံးမယ့် သဘောရှိပါတယ်။တစ်ခုရှိတာကအာဆင်နယ် ရင်ဆိုင်ရမယ့် အသင်းကအခုနှစ်ပရီးမီးယားလိဂ်ရဲ့ ခံစစ် အဆိုးရွားဆုံးအသင်းတွေထဲကတစ်သင်းဖြစ်နေတာကြောင့် သက်တောင့်သက်သာအနိုင်ရသွားနိုင်တဲ့ အခြေအနေမှာတော့ ရှိပါတယ်။

နယူးကာဆယ်ရဲ့ဒီနှစ်ခြေစွမ်းကတော့တော်တော်လေးဆိုးရွားနေပြီးလက်ရှိအချိန်ထိပရီးမီးယားလိဂ်နိုင်ပွဲလုံးဝမရသေးသလို၆ပွဲသရေကျပြီး၆ပွဲရှုံးနိမ့်ထားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားအောက်ဆုံးမှာရပ်တည်နေတဲ့ နယူးကာဆယ်

နယူးကာဆယ်ရဲ့ ဒီနှစ် ခြေစွမ်းကတော့ တော်တော်လေးဆိုးရွားနေပြီးလက်ရှိအချိန်ထိပရီးမီးယားလိဂ်နိုင်ပွဲလုံးဝမရသေးသလို ၆ ပွဲသရေကျပြီး ၆ ပွဲရှုံးနိမ့်ထားပါတယ်။ ပိုင်ရှင် အသစ် ပြောင်းသွားခဲ့ပေမယ့် လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့မှာမကစားသမားသစ်တွေစတင် ခေါ်ယူပြီးရာသီဝက် ကနေမှ စပြီးရုန်းမယ့် သဘောရှိပါတယ်။တစ်ပွဲပျမ်းမျှ တစ်ဂိုးနှုန်းသွင်းယူထားနိုင်တဲ့ စိန့်မက်ဆီမင်၊ ဝီလ်ဆင်၊ ဂျိုးလင်တန် တို့ရဲ့ တိုက်စစ်နဲ့ ဝေးလ်လော့ခ်၊ ရှဲလ်ဗီ၊ မာဖီတို့ရဲ့ ရှိနေတဲ့ ကွင်းလယ်ကကစားပုံမဆိုးဘူးလို့ ပြောလို့ ရပေမယ့် လက်ဆဲလက်စ်၊ ရှား၊ ကလော့ခ် တို့ရဲ့ ခံစစ်ကတစ်ပွဲပျမ်းမျှ ၂ ဂိုးနဲ့ အထက် ပြန်ပေးထားရတဲ့ အတွက် အားကိုးလို့ မရတဲ့ အခြေအနေမှာရှိနေပါတယ်။ဒီပွဲမှာလည်းအာဆင်နယ်ရဲ့ လျင်မြန်တဲ့ တောင်ပံနဲ့ တိုက်စစ်ကိုတားဆီးဖို့ တော်တော်လေးခက်ခဲနေဦးမယ့် သဘောရှိပြီးဂိုးပြတ် မရှုံးဖို့ပဲ မျှော်လင့်ရမှာဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၁၈၇ ကြိမ် မှာတော့ အာဆင်နယ်တို့ ၈၂ ကြိမ် အထိအနိုင်ရပြီးနယူးကာဆယ် ကတော့ ၆၇ ကြိမ် ပြန်လည် အနိုင်ရထားခဲ့ပါတယ်။နယူးကာဆယ်နဲ့ နောက်ဆုံးတွေ့ဆုံမှု ၁၇ ကြိမ် မှာတော့ အာဆင်နယ်တို့ ၁၆ ကြိမ် အထိအနိုင်ရထားတာတွေ့ရပြီးနှစ်သင်းပေါင်းသွင်းဂိုးလည်းများလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ ရာသီကပရီးမီးယားလိဂ် ပွဲစဉ် နှစ်ကျော့စလုံးမှာလည်းအာဆင်နယ်တို့ ၃-၀၊ ၀-၂ ရလဒ်တွေနဲ့

 

နိုင်ရထားခဲ့ပါတယ်။

??
အာဆင်နယ် – နယူးကာဆယ် 1X2 အာဆင်နယ် @ ၁.၄၆
နိုဝင်ဘာလ၂၇ ရက် , ည ၇:၀၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက် ၁.၄၆ ဆ၊ ဧည့်သည် အတွက် ၆.၄၀ ဆ၊ သရေအတွက် ၄.၄၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ လက်ရှိခြေစွမ်းနဲ့ စုဖွဲ့မှုအရရောပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေအရပါ နယူးကာဆယ်ဟာပြိုင်ဘက် အဆင့်မှာမရှိပါဘူး။ အာဆင်နယ် တိုက်စစ်ကအော်ဘာမီယန်း၊ လာကာဇက်တို့ ဂိုးပေါက် ပျောက်မနေပါစေပဲဆုတောင်းရမှာဖြစ်ပါတယ်။ အာဆင်နယ်တို့ အနိမ့်ဆုံး ၂ ဂိုးပြတ်လောက်နဲ့ အနိုင်ရသွားဖို့ များပါတယ်။
ခန့်မှန်းရလဒ်(၃-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်