နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စတန်းဖို့ဒ်ဘရစ်ချ်မှာ အနိုင် ၃ မှတ် အပြည့်ယူမယ့် ချဲလ်ဆီး | ချဲလ်ဆီး – ဘန်လေ ( ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

ချဲလ်ဆီး – ဘန်လေ

ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ပိုင်း အသင်းတွေ ပွဲကြပ်နေတဲ့ အခြေအနေကို ချဲလ်ဆီးတို့ အခွင့်အရေး ယူမှာပါ။ ဘန်လေရဲ့ ခံစစ်စုဖွဲ့မှုက မာကျောတယ် ဆိုပေမယ့် အဝေးကွင်း ဆိုရင် ထင်သလောက် အလုပ် မဖြစ်တတ်ပါဘူး။ ချဲလ်ဆီး တိုက်စစ်က တစ်ချို့ ပွဲတွေမှာ ဂိုးရဖို့ ရုန်းကန်ရတာ ကိုတော့ သတိပြုရမှာပါ။ တန်းဆင်းဇုန် ထဲက အသင်းနဲ့ အမှတ်ပေးဇယား ဦးဆောင်သူတို့ ထိပ်တိုက်အတွေ့မှာ ဘယ်လို ရလဒ်မျိုး ထွက်ပေါ်လာမလဲ ဆိုတာ ကတော့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

ချဲလ်ဆီးရဲ့ အခြေအနေက ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အနေအထား တစ်ခု ရောက်နေပါပြီ။ အထူးသဖြင့် ခံစစ်၊ တိုက်စစ် တည်ငြိမ်မှု နဲ့အတူ နေရာစုံကနေ ဂိုးသွင်း ယူနေနိုင်တဲ့ အခြေအနေကြောင့်ပါ။ ဂျူဗင်တပ်စ်ကို အရေးနိမ့်ခဲ့ပြီးနောက် လိဂ်ဖလား၊ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် ပွဲတွေမှာ ရလဒ်တွေ ပြန်ကောင်းနေတာကို ကြည့်ရင် သိနိုင်ပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲ နိုင်ထားတဲ့ အပြင် ၅ ပွဲက ပေးဂိုး မရှိ ထားတာက အဓိက သက်သေပါ။ ဒဏ်ရာရ ကစားသမား များနေတယ် ဆိုပေမယ့် ကစားသမား အင်အား တောင့်တင်းမှုက အသင်းကို အဆင့် ၁ နေရာမှာ ဆက်ရှိနေစေတယ်လို့ ဆိုနိုင်ပါတယ်။ လူကာကူ၊ တီမိုဗာနာ၊ ကိုဗာဆစ်တို့ သေချာပေါက် လွဲချော်မယ့် အခြေအနေမှာ မေဆန်မောင့်၊ ကန်တီတို့ကလည်း ကြံ့ခိုင်မှုပိုင်း လိုအပ်နေပါတယ်။ ဒါပေမဲ့ တိုက်စစ်မှူး မပါတဲ့ ပွဲဆိုရင် ဂိုးပိုမြူးလေ့ရှိတဲ့ အသင်းရဲ့ အခြေအနေ အရ ကိုင်ဟားဗက်ဇ်၊ အော့ဒွိုင်း၊ ဇိုင်းယက်စ်တို့ပဲ ပွဲထွက် ကစားသမား အဖြစ် ပါဝင်လာဖို့ ရှိနေပါတယ်။ သေချာတာ တစ်ခုကတော့ ချဲလ်ဆီးရဲ့ အဓိက ဂိုးသွင်းရှင် ဆိုတာက နေရာစုံ ဖြစ်နေလို ပြိုင်ဘက် အတွက် ဖိအားတစ်ခု ဖြစ်နေတာပါ။ အိမ်ကွင်း၊ အမှတ်ပေးဇယား ဆက်လက် ဦးဆောင်ခွင့်၊ အဓိက ပြိုင်ဘက်တွေ ပွဲကြပ်နေမှုတွေ အတွက် ချဲလ်ဆီးတို့ လုံးဝ အမှားခံမှာ မဟုတ်ပါဘူး။

ပရီးမီးယားလိဂ် အဝေးကွင်း နောက်ဆုံး ၆ ပွဲ ဆက်တိုက် နိုင်ပွဲ မရှိထားတွေက စတန်းဖို့ဒ်ဘရစ်ချ်မှာ ရလဒ်ကောင်းဖို့ မလွယ်ပါဘူး။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရပ်တည်နေတဲ့ ဘန်လေ

ဘန်လေရဲ့ အခြေအနေက လိုအပ်ချက်တွေ များနေခဲ့ပါတယ်။ တစ်ချိန်က ဘန်မီးလ်၊ တာကောစကီး၊ ဂိုးသမား နစ်ခ်ပုပ်တို့ အစုအဖွဲ့က ပြိုင်ဘက် တိုက်စစ်တိုင်း အတွက် အိပ်မက်ဆိုးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ လက်ရှိ မှာတော့ လိုအပ်ချက် များစွာ နဲ့အတူ တစ်ချိန်က ဘန်လေ ခံစစ်ဆိုတာ ပြန်ပြီး မေးခွန်း ထုတ်ရမလို ဖြစ်နေခဲ့ပါပြီ။ လက်ရှိ ပွဲစဉ် ၁၀ ကစားပြီး ချိန်မှာလည်း နိုင်ပွဲ ၁ ပွဲ တည်းသာ ရှိထားပြီး ၁၆ ဂိုး အထိ ပေးထားရတဲ့ အခြေအနေက ဆိုးရွားနေတယ်လို့ ဆိုနိုင်ပါတယ်။ ပုံမှန် ပွဲထွက်နေကြ ကစားသမား အားလုံး ကြံ့ခိုင်မှု ပြည့်နေတဲ့ အတွက် ဂတ်မာဆန်၊ မက်နေးလ်၊ ဘရောင်းဟေးလ်၊ တာကောစကီး၊ ဘန်မီးလ် တို့နဲ့ လူစုံလာနိုင်ပါတယ်။ ဒါပေမဲ့ အစဉ်အလာ အရ ချဲလ်ဆီးနဲ့ တွေ့ခဲ့တဲ့ နောက်ဆုံး ၈ ပွဲ အတွင်း အနည်းဆုံး ပေးဂိုး ၂ ဂိုး ပေးထား ရတာကိုတော့ သတိထား ရမှာပါ။ ပရီးမီးယားလိဂ်  အဝေးကွင်း နောက်ဆုံး ၆ ပွဲ ဆက်တိုက် နိုင်ပွဲ မရှိထားတွေက စတန်းဖို့ဒ်ဘရစ်ချ်မှာ ရလဒ်ကောင်းဖို့ မလွယ်ပါဘူး။ ခံစစ် ပိုင်း လိုအပ်ချက် မြင့်မားမှုကို အချိန်မီမပြင်နိုင် သေးရင်တော့ ချဲလ်ဆီး အတွက် အခွင့် ကောင်းတစ်ခု ဖြစ်သွား နိုင်တာကိုတော့ ထည့်တွက်ရမှာပါ။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ ၁၀၂ ကြိမ်မှာ ချဲလ်ဆီးက အကြိမ် ၄၀ နိုင် ဘန်လေက ၃၇ ကြိမ် နိုင်ပြီး ၂၅ ကြိမ် သရေ ကျထားခဲ့ပါတယ်။ အစဉ်အလာ ရလဒ်တွေ အရ ကွာဟမှု သိပ်မရှိပေမယ့် ၂၀၁၇ နောက်ပိုင်း ဘန်လေတို့ ချဲလ်ဆီးကို တစ်ကြိမ်မှ အနိုင်မရသေးပါဘူး။ ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီးကွင်းမှာ ၂-၀ ဂိုးနဲ့ ဘန်လေတို့ အရေးနိမ့် ထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ချဲလ်ဆီး vs ဘန်လေ ဂိုးအောက် ၃.၀၀ @ ၁.၇၈
နိုဝင်ဘာ ၆ရက်၊ ည ၉:၃၀ နာရီ ( GMT+ ၆:၃၀)

1X2 ရဲ့ ပေါက်ကြေး အရ အိမ်ရှင်အသင်း အတွက် ၁.၂၆ ဆ၊ သရေ အတွက် ၅.၆၀ ဆ၊ ဧည်သည့်အသင်း အတွက် ၁၀.၅၀ ဆ ကြေးဖွင့်ထားပါတယ်။ အစဉ်အလာ အရ ကွာဟမှု နည်းပေမယ့် လက်ရှိ ခြေစွမ်းပိုင်း အရ ဘန်လေတို့ အမှတ်ခွဲယူဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် အမှတ်ပေးဇယားအဆင့် ၁ နေရာက ချဲလ်ဆီးတို့ အိမ်ကွင်းမှာ ဘယ်လိုမှ အမှားခံမှာ မဟုတ်လို့ပါပဲ။ ဘန်လေ ခံစစ်က လိုအပ်ချက် မြင့်မားတယ် ဆိုပေမယ့် တန်ပြန်တိုက်စစ် ကတော့ အသင်းကြီးတွေကို အခက်အခဲ ဖြစ်စေတဲ့ အထိ ထိရောက်တယ် ဆိုတာကိုတော့ သတိထားရမှာပါ။ အပြန်အလှန် သွင်းဂိုး မြင်ရဖို့ဆိုတာကတော့ ရာခိုင်နှုန်း နည်းပါး လွန်းပါတယ်။ မန်ဒီ၊ ဆေးဗားလ်၊ ရူဒီဂါတို့ပါ ဝင်လာနိုင်တဲ့ ချဲလ်ဆီး ခံစစ်က ယုံကြည်မှုပိုင်း အကောင်းဆုံး ရှိနေတာပါ။ သေချာတာ တစ်ခုကတော့ ဘန်လေတို့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ရမှတ် ခွဲယူနိုင်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။ အခြေအနေ အရပ်ရပ် အရ ချဲလ်ဆီးကိုပဲ ရွေးချယ်ရမှာပါ။ယခုတစ်ပတ် ချဲလ်ဆီးနဲ့ ဘန်လေ တွေ့ဆုံတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ ချဲလ်ဆီးတို့ အနိုင်ရမှာ သေချာပါတယ်။

ခန့်မှန်းရလဒ် (၂-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်