နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ကျ ချေပဂိုးနဲ့ ဆိုးလ်ရှားကိုကယ်တင်ခဲ့ပြန်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

အတ္တလန္တာ ၂ – ၂ မန်ချက်စတာယူနိုက်တက်

မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် တစ်ပွဲမှာတော့ မန်ချက်စတာယူနိုက်တက်တို့ တိုက်စစ်မှူးခရစ္စတီယာနိုရဲ့ ချေပဂိုးတွေနဲ့ အတ္တလန္တာကွင်းကနေသရေ ၁ မှတ် ယူပြီးပြန်နိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုအနေနဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားသက်တမ်းတစ်လျှောက် ချန်ပီယံလိဂ်မှာ ၄ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ၂၀၀၃ ခုနှစ် နစ္စတယ်ရွိုင်းနောက်ပိုင်းပထမဆုံးအကြိမ် အဖြစ် စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
 

ပွဲစဉ်အကျဉ်း

နှစ်သင်းလုံး ၃-၅-၂၊ ၃-၄-၂-၁ ကိုအခြေခံတဲ့ ကစားကွက်တွေနဲ့ ပွဲထွက်လာခဲ့ကြပြီးအိမ်ရှင် အတ္တလန္တာဘက်မှာမူဆို၊ ဒီရွန်၊ ဒါမီရယ်၊ ပယ်လိုမီနို၊ ဇာပါကော်စတာ၊ ဖရီအူလာ၊ ကူ့ပ်မိုင်နာ၊ မေးလ်၊ အီလီချစ်ခ်၊ ပါဆာလစ်၊ ဇာပါတာတို့ ပါဝင်လာခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ အသင်းကတော့ ဒါးဗစ် ဒက်ဟဲယား၊ မက်ဂွိုင်းယား၊ ဗာရန်း၊ ဘိုင်လီ၊ ရှော၊ ပေါ့ဘာ၊ မက်တော်မီနေး၊ ဖာနန်ဒက်စ်၊ ဝမ်ဘစ်ဆာခါ၊ ရော်နယ်ဒို၊ ရက်ရှ်ဖို့ဒ် တို့ကိုပွဲထွက်ကစားစေခဲ့ပါတယ်။

အတ္တလန္တာကတော့ ချန်ပီယံလိဂ် ၂ ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုနဲ့ အတူအုပ်စုတတိယနေရာအထိဆင်းပေးလိုက်ရသလိုနောက်တစ်ဆင့် တက်ရောက်ဖို့ အတွက်လည်းစိုးရိမ်စရာအခြေအနေတစ်ခုနဲ့ ရင်ဆိုင်သွားခဲ့ရပြီလည်းဖြစ်ပါတယ်။
ချန်ပီယံလိဂ် အုပ်စု (F)ရဲ့ တတိယနေရာမှာရပ်တည်နေတဲ့ အတ္တလန္တာ

အတ္တလန္တာတို့ အိုးထရက်ဖို့ဒ်မှာရှုံးနိမ့်ခဲ့မှုကိုလက်စားချေနိုင်ဖို့ အတွက် လူစုံတက်စုံနဲ့ အားကုန်ထုတ် ရုန်းလာခဲ့ပြီးယူနိုက်တက် နည်းပြ ဆိုးလ်ရှားအနေနဲ့ ကလည်းဖိအားတွေအောက်ကနေရုန်းထွက်ဖို့ အတွက် တတ်နိုင်သမျှ အားစိုက်လာခဲ့တာတွေ့ရပါတယ်။ ပွဲအစ ၁၂ မိနစ် မှာတင်ပဲအိမ်ရှင် အတ္တလန္တာတို့ ဦးဆောင်ဂိုးစတင် ရရှိသွားခဲ့ပြီးဇာပါတာရဲ့ ပံ့ပိုးပေးမှုကနေအီလီချစ်ခ်ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ပထမပိုင်း ၄၅ မိနစ် ပြည့်လို့ နာကျင်အချိန်ပို ၁ မိနစ်မှာရော်နယ်ဒိုကချေပဂိုးသွင်းယူပေးခဲ့ပြီး ၁-၁ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အိမ်ရှင်တို့ ကစားပုံပိုကောင်းလာခဲ့ပြီးယူနိုက်တက် ဘက်ကိုထိရောက်တဲ့ ထိုးဖောက်မှုတွေပိုမိုပြုလုပ်လာနိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၆ မိနစ် မှာတော့ ဒူဗန်ဇာပါတာ က ပယ်လိုမီနိုရဲ့ ပေးပို့မှုကနေအကောင်းဆုံးအဆုံးသတ်နိုင်ခဲ့လို့ ၂-၁ ရလဒ်နဲ့ အတ္တလန္တာတို့ ဦးဆောင်နေခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ယူနိုက်တက်တို့ ကစားပုံပိုပျာလာခဲ့တဲ့ အတွက် ဆိုးလ်ရှားအနေနဲ့ ကွင်းလယ်ကပေါ့ဘာကိုမာတစ်နဲ့ လဲလှယ်ခဲ့သလိုခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့တဲ့ ရက်ရှ်ဖို့ဒ် နေရာမှာတော့ ကာဗာနီ၊ တော်မီနေးနေရာမှာဆန်ချို၊ ဖာနန်ဒက်စ် နေရာမှာဗန်ဒီဘိခ်တို့ ထည့်သွင်းကစားစေခဲ့ပါတယ်။ ဒါပေမယ့် အတ္တလန္တာနောက်တန်းရဲ့ မာကျောမှုကြောင့် ယူနိုက်တက်တို့ ဂိုးရဖို့ ခက်ခဲနေခဲ့ရပါတယ်။ မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၁ မိနစ် မှာတော့ ထုံးစံအတိုင်းကယ်တင်ရှင် ခရစ္စတီယာနိုရော်နယ်ဒိုကပဲဂရင်းဝုဒ် ဆီကနေထွက်လာတဲ့ ဘောလုံးကိုဧရိယာထိပ် ကနေမြေမကျ အပိုင် ကန်သွင်းပြီးချေပဂိုးရယူပေးခဲ့လို့ ယူနိုက်တက်တို့ ကံကောင်းသွားခဲ့ရပါတယ်။ မိနစ် ၉၀ ပြည့်ချိန် အထိရှုံးနိမ့်နေလို့ အုပ်စုတတိယနေရာရောက်ရှိနေတဲ့ ယူနိုက်တက်တို့ ပွဲအပြီးမှာတော့ သရေ ၁ မှတ် ရအောင် ယူနိုင်ခြင်းနဲ့ အတူချန်ပီယံလိဂ် အုပ်စု(F)ကိုဦးဆောင် သွားနိုင်ခဲ့ပါတယ်။ အတ္တလန္တာကတော့ ချန်ပီယံလိဂ် ၂ ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုနဲ့ အတူအုပ်စုတတိယနေရာအထိဆင်းပေးလိုက်ရသလိုနောက်တစ်ဆင့် တက်ရောက်ဖို့ အတွက်လည်းစိုးရိမ်စရာအခြေအနေတစ်ခုနဲ့ ရင်ဆိုင်သွားခဲ့ရပြီလည်းဖြစ်ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ ပွဲမှာနှစ်သင်းလုံးဘောလုံးပိုင်ဆိုင်မှုကိုအသာပေးကစားခဲ့ပြီးတောင်ပံတွေကနေတစ်ဆင့် ဖြတ်တင် ပေးပို့မှုတွေပြုလုပ်ကာဂိုးရဖို့ ကြိုးပမ်းခဲ့ကြတာတွေ့ရပါတယ်။နောက်ခံလူ ၃ ယောက်ထားပြီးကစားခဲ့ကြပေမယ့် လိုအပ်ရင် ခံစစ် ၅ ယောက် ပုံစံပြောင်းသွားတာကြောင့် တိုက်စစ်ကဂိုးပေါက် ခြိမ်းခြောက်နိုင်မှုအပိုင်းတွေမှာတော့ မျှော်လင့်ထားသလောက် အားရစရာမရှိခဲ့ပါဘူး။ ဒီနေ့ပွဲမှာလည်းတိုက်စစ်မှူးရော်နယ်ဒိုအနေနဲ့ တာဝန်ကျေတာထက် ပိုတဲ့ စွမ်းဆောင်မှုတွေပြုလုပ်သွားခဲ့ပြီးဖာနန်ဒက်စ်နဲ့လည်းအကောင်းဆုံးတွဲဖက်ပြီးသွင်းဂိုး ၁ ဂိုးရယူပေးနိုင်ခဲ့ ပြန်ပါတယ်။ ခံစစ်ကမက်ဂွိုင်းယားရဲ့ တည်ငြိမ်မှုကတော့ တစ်ပွဲထက် တစ်ပွဲမေးခွန်းထုတ်စရာဖြစ်လာခဲ့ပြီးဒက်ဟဲယား၊ ပေါ့ဘာနဲ့ မက်တော်မီနေး၊ ရက်ရှ်ဖို့ဒ်တို့ ကတော့ ဒီနေ့ပွဲမှာခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့တဲ့ ကစားသမားတွေလို့ပဲဆိုရမယ်။ အတ္တလန္တာကစားသမားတွေကတော့ တတ်နိုင်သမျှ ကြိုးစားသွားခဲ့ပေမယ့် ရော်နယ်ဒိုလိုပွဲအဖြေကိုအဆုံးအဖြတ် ပေးနိုင်တဲ့သူပိုင်ဆိုင်ထားတဲ့ ဆိုးလ်ရှားရဲ့ အသင်းကိုအလဲမထိုးနိုင်ခဲ့တာဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အတ္တလန္တာတို့ လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာကက်ဂလီယာရီနဲ့ စီးရီးအေပွဲစဉ် ကစားဖို့ ရှိပြီးမန်ချက်စတာယူနိုက်တက် ကတော့ နိုဝင်ဘာလ ၆ ရက်နေ့မှာမြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်