နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နိုင်ပွဲ ပြန်ရှာမယ့် မန်စီးတီးနဲ့ လက်တွဲထားကြမယ် | မန်ချက်စတာစီးတီး – ကလပ် ဘရုဂျက် (ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – ကလပ် ဘရုဂျက်

ချန်ပီယံလိဂ် ပွဲစဉ် (၄) ဒုတိယနေ့ မှာတော့ အင်္ဂလန် ထိပ်သီး မန်ချက်စတာစီးတီးတို့ ဘယ်ဂျီယံ ကလပ် ဘရုဂျက်ကို အီတီဟတ် ကွင်းမှာ ဧည့်ခံကစားဖို့ ရှိနေပါတယ်။ ဘယ်ဂျီယံမြေမှာ ၁-၅ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရထားတဲ့ မန်စီးတီးတို့ ပထမအကျော့ တုန်းကလိုမျိုး အလွယ်တကူ အသာစီးရယူ ကစားနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် အဖွင့်ပွဲမှာ လိုက်ပ်ဇစ်ကို ၆-၃ နဲ့ အနိုင်ရပြီး ပီအက်စ်ဂျီကို ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးတို့ ပွဲစဉ် (၃) မှာတော့ ကလပ် ဘရုဂျက်ကို ၁-၅နဲ့ အနိုင်ရခဲ့တာကြောင့် လက်ရှိ အုပ်စု(A)ရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့် ပပ်ဂွာဒီယိုလာရဲ့ အသင်းက ပြိုင်ပွဲစုံ နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး ပုံစံကောင်း တစ်ခု ပျောက်ဆုံးနေတာ တွေ့ရပါတယ်။ မန်စီးတီးတို့ ဝက်စ်ဟမ်းရဲ့ ခြေစွမ်း ထက်မြတ်မှုကြောင့် လိဂ်ဖလား ၁၆ သင်း အဆင့် ကနေ လက်ပြ နှုတ်ဆက်ထားခဲ့ရတာ ပြသနာ မဟုတ်ပေမယ့် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာ ကတော့ စိတ်ပျက်စရာ အခြေအနေလို့ ပြောလို့ ရပါတယ်။ ပွဲကြပ်တွေ တောက်လျောက် ကစားခဲ့ရလို့ ပွဲပန်းမှု ဒဏ်ကို ခံစားနေရာတာ ဖြစ်နိုင်ပေမယ့် လက်ရှိ လူစာရင်းနဲ့ ဆိုရင်တော့ ခြေမချော်သင့်ဘူးလို့ ပြောလို့ ရပါတယ်။ အခုလာမယ့် ပွဲစဉ် ကိုတော့ တိုက်စစ်က ဖာရန်း တောရက်စ် တစ်ဦးပဲ ခြေဖဝါး ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေပေမယ့် ကျန် အဓိက ကစားသမား အားလုံး ကတော့ ပွဲထွက် ကစားနိုင်ဖို့ ရှိနေပါတယ်။

 
ကလပ် ဘရုဂျက် ကတော့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ ပီအက်စ်ဂျီကို သရေ၊ လိုက်ပ်ဇစ်ကို အနိုင် ကစားပြီးမှ ပြီးခဲ့တဲ့ ပွဲစဉ် (၃) မှာ မန်ချက်စတာစီးတီးကို ၁-၅ နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့လို့ အုပ်စု တတိယ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ကလပ် ဘရုဂျက်တို့ ယူရိုပါလိဂ် ကစားဖို့လောက် မျှော်လင့်ထားတာ မဟုတ်ပဲ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် တက်ဖို့ ရည်ရွယ်ထားတယ် ဆိုရင်တော့ အခုပွဲမှာ မဖြစ်မနေ ရလဒ်ကောင်းနိုင်ဖို့ အားစိုက်ရမယ့် အချိန် ဖြစ်ပါတယ်။ လက်ရှိ ဘယ်ဂျီယံ ပြည်တွင်း အမှတ်ပေးပြိုင်ပွဲ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ ဘရုဂျက်ဟာ နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်း အနည်းငယ် ပြန်လည် ကျဆင်းနေပုံ ရပြီး ရှုံးပွဲ နည်းပေမယ့် သရေပွဲတွေ ရှိလာတာ တွေ့ရပါတယ်။ အဓိက ကစားသမား တော်တော်များများ အခုပွဲမှာ ပါဝင်လာနိုင်ပေမယ့် ကိုလံဘီယာ ကွင်းလယ် ကစားသမား အီဒါ အဲလ်ဗာရက်ဇ် ကတော့ ပွဲပယ် ပြစ်ဒဏ်ကြောင့် ကျိန်းသေပေါက် လွဲချော်မှာ ဖြစ်ပြီး တီဘို ပါဆင်နဲ့ ပရိုဗီဒန့်စ် တို့လည်း ပါဝင် ကစားနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဖြစ်နိုင်ဖွယ် လူစာရင်း အရ ဆိုရင်တော့ ပပ်ဂွာဒီယိုလာရဲ့ အသင်းက ၄-၃-၃ ကစားကွက်နဲ့ကိုမှ အီဒါဆင်၊ ဝေါလ်ကာ၊ ဒီးရာ့စ်၊ စတုန်းစ်၊ ဇင်ချန်ကို၊ ဒီဘရိုင်းနား၊ ရိုဒရီ၊ ဂွန်ဒိုအန်၊ မားရက်ဇ်၊ စတာလင်၊ ဂရီးလစ်ရှ် တို့နဲ့ ပွဲထွက်လာဖို့ များနေပါတယ်။ ဘရုဂျက် ကတော့ အသုံးများတဲ့ ၄-၄-၁-၁ ကစားကွက်ကိုပဲ သုံးပြီး မစ်ဂ်နိုလတ်၊ ဆိုဘိုလ်၊ အန်ဆိုကီ၊ ဟန်ဒရီ၊ မာတာ၊ လန်းဂ်၊ ဗော်မာ၊ ရစ်၊ ဆိုဝါ့ရ်၊ ဗနာကန်၊ ဒီကတ်တဲလ်လာရီ တို့နဲ့ ပွဲထွက်လာနိုင်ချေ ရှိနေပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ကလပ် ဘရုဂျက် ကတော့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ ပီအက်စ်ဂျီကို သရေ၊ လိုက်ပ်ဇစ်ကို အနိုင် ကစားပြီးမှ ပြီးခဲ့တဲ့ ပွဲစဉ် (၃) မှာ မန်ချက်စတာစီးတီးကို ၁-၅ နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့လို့ အုပ်စု တတိယ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
ချန်ပီယံလိဂ် အုပ်စု(A)ရဲ့ တတိယနေရာမှာ ရပ်တည်နေတဲ့ ကလပ် ဘရုဂျက်

ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်မှာ ပထမဦးဆုံး အကြိမ် ထိပ်တိုက်တွေ့ဆုံထားခဲ့တာ ဖြစ်ပြီး မန်ချက်စတာစီးတီးက ဘယ်ဂျီယံ မြေမှာ ၁-၅ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
မန်ချက်စတာစီးတီး – ကလပ် ဘရုဂျက် အချိန်ပြည့် ဂိုးအောက် ၃.၅၀ @ 1.93
နိုဝင်ဘာလ ၄ ရက် , ည ၂:၃၀ နာရီ (GMT + ၆:၃၀)

1X2 မှာတော့ အိမ်ရှင် အတွက် ၁.၁၁ ဆ၊ ဧည့်သည် အတွက် ၁၄.၀၀ ဆနဲ့ သရေ အတွက် ၁၀.၅၀ ဆ ကြေးဖွင့် ပေးထားပါတယ်။ အိမ်ရှင် ဘက်ကပဲ ရပ်တည်ရမှာ ဖြစ်ပေမယ့် အကျိုးအမြတ် အတွက် ကြည့်မယ် ဆိုရင် ၁.၁၁ ဆ ဆိုတာ အရမ်းကို နည်းလွန်းနေပါတယ်။ မန်ချက်စတာစီးတီးတို့ အိမ်ကွင်း အားသာချက်လည်း ရှိနေတာကြောင့် ဂိုးပြတ် အနိုင်ယူဖို့ ကြိုးပမ်းလာဦးမှာ ဖြစ်ပေမယ့် ဘရုဂျက်တို့ ပထမ အကျော့တုန်းကလို ဂိုးပြတ် ရှုံးချင်မှာ မဟုတ်ပါဘူး။ တတ်နိုင်သမျှ ပိတ်ဆို့ ကစားလာနိုင်ပြီး Final Thirdမှာ ကောင်းတာကြောင့်လည်း အိမ်ရှင် ဆီက ချေပဂိုး ပြန်ပြီး ယူနိုင်တဲ့ ခြေစွမ်းမျိုးလည်း ရှိနေပါတယ်။ ဒါကြောင့် ၁.၈၉ ဆ ရမယ့် ဂိုးပေါင်း ၃.၅၀၊ ၁.၆၆ ဆ ရနိုင်မယ့် ဂိုးပေါင်း ၃.၇၅ ပိုပြီး သဘောကျနေပါတယ်။
 
ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်