နယူးကာဆယ် – ချဲလ်ဆီး
အခုတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့အမှတ်ပေးဇယားအဆင့်၁နေရာမှာရှိနေတဲ့ချဲလ်ဆီးအနေနဲ့နယူးကာဆယ်အသင်းရဲ့အိမ်ကွင်းမှာသွားရောက်ယှဉ်ပြိုင်ကစားရဖို့ရှိနေပါတယ်။ချန်ပီယံဆုအတွက်အဓိကပြိုင်ဘက်တွေဖြစ်တဲ့မန်စီးတီး၊လီဗာပူးလ်တို့ရဲ့ခြေချော်မှုကိုအခွင့်ကောင်းယူပြီးအဆင့်၁နေရာကိုသိမ်းပိုက်ထားတဲ့ချဲလ်ဆီးအနေနဲ့အခုတစ်ခေါက်မှာလည်းရလဒ်ကောင်းရဖို့လိုအပ်နေပါတယ်။ဒါပေမဲ့ပြိုင်ဘက်နယူးကာဆယ်ဆိုတာကလည်းအစဉ်အလာအရပြိုင်ဘက်ကောင်းဖြစ်နေတဲ့အပြင်လက်ရှိမှာလည်းအိမ်ကွင်းခြေစွမ်းကောင်းမွန်တဲ့အသင်းဖြစ်လို့အသင်းနှစ်သင်းအကြားအားပြိုင်မှုပြင်းထန်တဲ့ပွဲစဉ်တစ်ပွဲဖြစ်ပေါ်လာဖို့ရှိနေပါတယ်။
ချဲလ်ဆီးအနေနဲ့ပရီးမီးယားလိဂ်ရလဒ်ကောင်းရယူနိုင်ဖို့အတွက်အရာရာအသင့်ဖြစ်နေတဲ့အခြေအနေလို့ပြောလို့ရပါတယ်။တိုက်စစ်ကစားသမားနှစ်ဦးလုံးကြံ့ခိုင်မှုလိုအပ်ချက်ကြောင့်ကစားပေးနိုင်ခြင်းမရှိတဲ့အချိန်မှာတောင်ဂိုးပြတ်အနိုင်ရလဒ်ဖန်တီးရယူနိုင်တယ်ဆိုတဲ့အခြေအနေကသိပ်ပြီးကောင်းလွန်းနေပါတယ်။ချန်ပီယံလိဂ်မှာဂျူဗင်တပ်ကိုအရေးနိမ့်ခဲ့ပြီးနောက်ပိုင်းရလဒ်ပိုင်းပိုပြီးတည်ငြိမ်တယ်လို့ဆိုရင်ပိုပြီးမှန်ပါလိမ့်မယ်။ဒါပေမဲ့အသင်းငယ်တွေနဲ့အလယ်အလတ်အသင်းတွေကိုကစားခဲ့ရတာကတော့ခြွင်းချက်တစ်ခုအဖြစ်ရှိနေပါတယ်။နောက်ဆုံးကစားခဲ့တဲ့ဆောက်သမ်တန်နဲ့လိဂ်ဖလားပွဲစဉ်မှာဆိုရင်ပင်နယ်တီမှာအနိုင်ရခဲ့တယ်ဆိုပေမယ့်ခြေစွမ်းကတည်ငြိမ်နေဆဲပါ။အထူးသဖြင့်ပြိုင်ပွဲစုံနောက်ဆုံး၅ပွဲကစားပြီးချိန်မှာ၄ပွဲနိုင်၁ပွဲသရေဆိုတဲ့ရလဒ်နဲ့၁၆ဂိုးသွင်း၂ဂိုးပြန်ပေးအခြေအနေကခံစစ်၊တိုက်စစ်အမျှတဆုံးဖြစ်နေတာကိုသက်သေပြနေသလိုပါပဲ။ဒါပေမဲ့ဒဏ်ရာရကစားသမားများနေတာကလည်းသတိထားရမယ့်အခြေအနေတစ်ခုဖြစ်နေပြန်ပါတယ်။အသင်းခေါင်းဆောင်အက်စပီလီကွယ်တာ၊ကွင်းလယ်ကစားသမားကန်တီတို့ဒီပွဲကိုလွဲချော်ဖို့ရှိနေသလိုအဓိကတိုက်စစ်မှူးတွေဖြစ်တဲ့လူကာကူ၊တီမိုဗာနာတို့အနေနဲ့ကြံ့ခိုင်မှုမပြည့်ဝတဲ့အခြေအနေရှိနေပါတယ်။ဒါကြောင့်နည်းပြတူချယ်လ်အနေနဲ့ကိုင်ဟာဗက်စ်ကိုတိုက်စစ်အထောင်ထားကစားတဲ့ False 9 ကစားကွက်ကိုပဲထပ်ပြီးအသုံးပြုနိုင်ခြေများနေပါတယ်။လက်ရှိပရီးမီးယားလိဂ်ရဲ့ဒုတိယမြောက်တိုက်စစ်အကောင်းဆုံးအသင်း၊ပေးဂိုးအနည်းဆုံးအသင်းရဲ့အဓိကအချက်ကဂိုးသမားမန်ဒီ၊နောက်ခံလူရူဒီဂါ၊ခရစ္စတီယန်ဆန်နဲ့နည်းပြတူချယ်လ်တို့ပါပဲ။တခြားပြိုင်ဘက်အသင်းအချို့ရဲ့ရှေ့တန်းကစားသမားတွေထက်တောင်ဂိုးရယူနိုင်ခြေများနိုင်တဲ့ချဲလ်ဆီးနောက်တန်းကစားသမားတွေရဲ့သွင်းဂိုးတွေကလည်းဒီပွဲမှာအရေးပါဆုံးအခြေအနေဖြစ်လာဖို့ရှိနေပါတယ်။
နည်းပြစတီဗ်ဘရုစ်ကိုရာထူးကနေထုတ်ပယ်ထားတဲ့နယူးကာဆယ်ကတော့ဒီနေ့ပွဲမှာယာယီနည်းပြနဲ့ပွဲထွက်လာမှာပါ။အသင်းပိုင်ရှင်အပြောင်းအလဲပြုလုပ်ခဲ့ပြီးတဲ့နောက်ပြုပြင်ပြောင်းလဲမှုတွေစတင်ပြုလုပ်နေပြီဖြစ်တဲ့နယူးကာဆယ်ရဲ့အခြေအနေကလက်ရှိပရီးမီးယားလိဂ်မှာအကောင်းဆုံးအခြေအနေရှိမနေသေးပါဘူး။ကစားသမားတွေရဲ့အခြေအနေရောခြေစွမ်းပိုင်းပါထင်သလောက်အားကိုးလို့မရသေးတဲ့အခြေအနေပါ။နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ၅ပွဲမှာပွဲတိုင်းဂိုးပေးနေရတဲ့အခြေအနေကခံစစ်လိုအပ်ချက်ကိုသက်သေပြနေသလိုပါပဲ။ပွဲစဉ်၉ပြီးဆုံးချိန်အထိပရီးမီးယားလိဂ်နိုင်ပွဲတစ်ပွဲမှာအနိုင်မရသေးဘဲ၄ပွဲသရေ၅ပွဲရှုံးဆိုတဲ့ရလဒ်ကတော်တော်လေးကိုဆိုးရွားလွန်းပါတယ်။ခံစစ်၊တိုက်စစ်လိုအပ်ချက်များစွာရှိနေတဲ့အပြင်ယာယီနည်းပြနဲ့ပါခရီးဆက်ရမယ့်အသင်းတစ်သင်းအနေနဲ့အမှတ်ပေးဇယားဦးဆောင်နေတဲ့အသင်းကိုဘယ်လိုရင်ဆိုင်မလဲဆိုတာကတော့စိတ်ဝင်စားစရာပါ။ဒါပေမဲ့လည်းအဘက်ဘက်ကအသာရနေတဲ့ချဲလ်ဆီးကိုအိမ်ကွင်းမှာရင်ဆိုင်ရတယ်ဆိုပေမယ့်နယူးကာဆယ်အတွက်ကတော့မရှုံးဖို့နဲ့အမြင့်ဆုံးသရေတစ်မှတ်ရဖို့ကအဓိကပစ်မှတ်ဖြစ်လာပါလိမ့်မယ်။ဒဏ်ရာကြောင့်နောက်တန်းကစားသမားဒန်းမက်ပါဝင်နိုင်မှာမဟုတ်သလိုအသင်းခေါင်းဆောင်ရှယ်လ်ဗေးကလည်းအနီကတ်ပြစ်ဒဏ်ရှိနေတာကနယူးကာဆယ်ကိုပိုပြီးအခက်တွေ့စေပါလိမ့်မယ်။စိန့်ဂျိမ်းစ်ပတ်ခ်မှာချဲလ်ဆီးကိုအနိုင်ရဖို့အတွက်နယူးကာဆယ်တို့ဒီထက်ပိုကောင်းတဲ့အခြေအနေတစ်ခုဖန်တီးနိုင်ဖို့လိုအပ်နေပါသေးတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
အစဉ်အလာထိပ်တိုက်တွေ့ဆုံမှုတွေအရ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တယ်ဆိုပေမယ့် လက်ရှိအခြေအနေအရမှာတော့ ချဲလ်ဆီးကပိုပြီးအသာရနေပါတယ်။ နောက်ဆုံးထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၁၄၄ကြိမ်မှာ နယူးကာဆယ်က ၄၇ ကြိမ် နိုင်၊ ချဲလ်ဆီးက ၆၂ ကြိမ်နိုင်ထားပြီး ၃၅ ကြိမ်သရေကျထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ နယူးကာဆယ် အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့တုန်းကလည်း ချဲလ်ဆီးက ဝ-၂ ဆိုတဲ့ ရလဒ်နဲ့အနိုင်ရထားခဲ့တာပါ။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
နယူးကာဆယ် – ချဲလ်ဆီး | အချိန်ပြည့် 1X2 ဧည့်သည် @ ၁.၃၇ | |
အောက်တိုဘာလ ၃၀ ရက်၊ ည ၈:၃၀ နာရီ ( GMT+ ၆း၃၀) |
1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အတွက်၉.၀၀ဆ၊သရေ၄.၇၅ဆ၊ဧည်သည့်အတွက်၁.၃၆ဆကြေးဖွင့်ထားပါတယ်။ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်နယူးကာဆယ်ဆိုတာချဲလ်ဆီးနဲ့တွေ့တိုင်းအခက်တွေ့အောင် ကစားနိုင်တဲ့အသင်းဆိုတာလက်ခံထားရမှာပါ။အပြန်အလှန်သွင်းဂိုးတွေမြင်တွေ့ရနိုင်ခြေနည်းတယ်ဆိုပေမယ့်ဂိုးအများဘက်ကိုပိုပြီးဦးတည်နိုင်ခြေရှိနေပါတယ်။ပွဲကြပ်ကာလအလွန်တစ်ပွဲချင်းစီကိုသေချာအာရုံစိုက်နေတဲ့အပြင်နေရာစုံကဘယ်ကစားသမားမဆိုဂိုးရယူနိုင်တဲ့ချဲလ်ဆီးဆီကနေနယူးကာဆယ်တို့အမှတ်ခွဲယူနိုင်ဖို့ဆိုတာတော်တော်လေးကိုခက်ခဲပါလိမ့်မယ်။တစ်ပွဲပျှမ်းမျှနှစ်ဂိုးလောက်ခွင့်ပြုနေရတဲ့နယူးကာဆယ်ရဲ့အခြေအနေကိုသိပ်ပြီးအားမရသေးလို့ချဲလ်ဆီးနဲ့အကျိုးအမြတ်ရှာတာပိုပြီးသင့်တော်ပါလိမ့်မယ်။အနိုင်သုံးမှတ်အတွက်ချဲလ်ဆီးတို့အမှားမခံပါဘူး။ချဲလ်ဆီးကိုတော့အနိုင်သေချာပါတယ်။
ခန့်မှန်းရလဒ် (၁-၃)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.