နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွမ်းပိုင်း ပိုတည်ငြိမ်တဲ့ အီတလီကိုပဲ ရွေးချယ်ချင်ပါတယ် (နေးရှင်းလိဂ် ပွဲကြိုသုံးသပ်ချက်)

အီတလီ – စပိန်

အခုတစ်ပတ်က စပြီး International Break ဖြစ်လို့ အမှတ်ပေးပြိုင်ပွဲတွေ ရပ်နားထားမှာ ဖြစ်လို့ နေးရှင်းလိဂ်နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲကောင်းတွေ ဆက်တိုက် ရှုစားရဖို့ ရှိနေပါတယ်။ အောက်တိုဘာလ ၈ ရက်နေ့ မှာတော့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ် ရှိနေပြီးတော့ အီတလီနဲ့ စပိန်တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ယူရို ၂၀၂၀ ချန်ပီယံ အီတလီ ကတော့ နောက်ဆုံး ကစားထားတဲ့ ၃ ပွဲမှာ ၂ ပွဲသရေကျပြီး ၁ ပွဲ အနိုင်ရထားပါတယ်။ ဘူဂေးလ်ရီးယား၊ ဆွစ်ဇာလန်တို့နဲ့ သရေကျခဲ့ပြီးတော့ လစ်သူရေးနီးယားကို ၅ ဂိုးပြတ် အနိုင်ရထားတဲ့ အီတလီရဲ့ ခြေစွမ်းဟာ ယူရို ၂၀၂၀ တုန်းက ခြေစွမ်းအတိုင်း ပြန်မရသေးပေမယ့် ပြိုင်ပွဲစုံ ၃၈ ပွဲဆက် ရှုံးပွဲမရှိသေးတဲ့ စံချိန်ကောင်း တစ်ခု ကိုတော့ ဆက်ပြီး ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ ၁၁ ပွဲဆက် ပေးဂိုး မရှိခဲ့တဲ့ မန်ချီနီရဲ့ အသင်းဟာ ဩစတြီးယားနဲ့ ယူရို၂၀၂၀ ရှုံးထွက် အဆင့် ပွဲစဉ် ကစလို့ ၅ ပွဲဆက် ဂိုးပြန်ပေးခဲ့ရပြီး လက်ရှိ မှာတော့ နောက်ဆုံး ၂ ပွဲဆက် ပေးဂိုး မရှိအောင် စွမ်းဆောင်ထားနိုင်တာ တွေ့ရပါတယ်။ အီတလီဟာ နေးရှင်းလိဂ် နောက်ဆုံး ၅ ပွဲ မှာတော့ ၃ ပွဲနိုင်၊ ၂ ပွဲ သရေကျထားပြီး နှစ်နှစ်ဆက်တိုက် ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ လူစာရင်းအရ ဆိုရင်တော့ တိုက်စစ်က အင်မိုဘီလီ နေရာမှာ မွိုက်စ်ကိန်း ကို ပွဲထွက်ခွင့်ပေးမယ့် သဘော ရှိပြီး ကျန်လူစာရင်း အရတော့ ယူရို ၂၀၂၀ အတိုင်းပဲ ပါ၀င်လာဖို့ များနေပါတယ်။

 
စပိန် ကလည်း ပြီးခဲ့တဲ့ ယူရို ဆီမီးဖိုင်နယ်မှာ အီတလီကို ပင်နယ်တီနဲ့ အရေးနိမ့်ပြီး ကတည်းက အားရစရာ ခြေစွမ်းမျိုးနဲ့ ပြန်ပြီး မမြင်တွေ့ရသေးပါဘူး။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဆင့် အုပ်စု(B) မှာ ဆွီဒင်ကို ၂-၁ နဲ့ ရှုံးနိမ့်အပြီး ဂျော်ဂျီယာ၊ ကိုဆိုဗို တို့ကိုတော့ ဂိုးပြတ် ပြန်ပြီး အနိုင်ရထားတာ တွေ့ရပါတယ်။ တချိန်က စပိန် မဟုတ်တော့တဲ့ လူး၀စ် အင်းနရစ်ရဲ့ အသင်းမှာ လူငယ်ကစားသမားတွေ ဖြစ်တဲ့ ပါအူတောရက်စ်၊ ဆာရားဘီးယား၊ ကားလို့စ် ဆိုလာ၊ ဂါယာ တို့ ခြေစွမ်းပြနေတာ ကတော့ အားရှိစရာပါပဲ။ ဒါပေမယ့် ဒီနေးရှင်းလိဂ်ဟာ ဆုဖလား မျှော်လင့်ချက် အတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်နေတာကြောင့် တိုက်စစ်မှာ ပိုပြီး စိတ်ချရမယ့် အိုရာဇာဘယ်၊ ကိုကီ တို့လို အတွေ့အကြုံများတဲ့ ကစားသမားတွေကို ပိုပြီး အခွင့်အရေး ပေးဖို့ များနေပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၁၀ ပွဲမှာ အီတလီက ၄ ပွဲနိုင်၊ စပိန်က ၃ ပွဲနိုင်၊ ၃ ပွဲ ကတော့ သရေရလဒ်နဲ့ ပြီးဆုံးထားပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ကတော့ ယူရို ၂၀၂၀ ဆီမီးဖိုင်နယ်မှာ ဖြစ်ပြီး မိနစ် ၉၀ အတွင်း သရေကျနေခဲ့လို့ အချိန်ပို၊ ပင်နယ်တီတွေ အထိ ကစားခဲ့ရပြီး အီတလီက ၄-၂ နဲ့ အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အီတလီ vs စပိန် 1X2 အီတလီ @ 2.20
အောက်တိုဘာလ ၇ ရက် , ည ၁:၁၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အီတလီအတွက် ၂.၃၂ ဆ၊ သရေ အတွက် ၃.၁၇ဆ၊ စပိန် အတွက် ၃.၇ဆ ဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းအရ အီတလီတို့ အနည်းငယ် ပြန်ကျနေတယ် ဆိုပေမယ့် ပုံစံကောင်းတစ်ခုတော့ ပျက်မသွားသေးတာ တွေ့ရပါတယ်။ စပိန် ကတော့ လူငယ်တွေနဲ့ အခုမှ အခြေ ပြန်ကျဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ တကယ်တမ်း အဆုံးအဖြတ် ပွဲမျိုးမှာ တည်တည်ငြိမ်ငြိမ် ကစားနိုင်တာက အီတလီ ဖြစ်ပါတယ်။ အီတလီ ဘက်မှာပဲ ရပ်တည်တာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်