နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နှစ်ပွဲဆက် အရှုံးနဲ့ အုပ်စု တက်ရေး ရင်လေးစရာ ဖြစ်လာတဲ့ ဘာစီလိုနာ (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

ဘင်ဖီကာ ၃ဘာစီလိုနာ

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် () မှာတော့ နာမည်ကြီး ဘာစီလိုနာတို့ စိတ်ပျက်စရာ ခြေစွမ်းနဲ့ဘင်ဖီကာကို ဂိုးပြတ် ရှုံးနိမ့်ပြီး လက်ရှိအချိန် ထိ အမှတ် မရသေးလို့ ရှုံးထွက် တက်ရေး အတွက် တော်တော်လေးတော့ ရင်လေးစရာ ဖြစ်လာခဲ့ပါပြီ။

ဒီနေ့ပွဲမှာ ရော်နယ်ကိုးမန်းရဲ့ အသင်းက ဘေယန်မြူးနစ်ကို ၃ ဂိုးပြတ် ရှုံးခဲ့တဲ့ ပွဲက ခံစစ် အသားပေး ၃-၅-၂ ကစားကွက်နဲ့ပဲ ပွဲထွက်လာခဲ့ပြီး အိမ်ရှင် ဘင်ဖီကာ ကတော့ ၃-၄-၃နဲ့ ဘာစီလိုနာကို ရင်ဆိုင်လာခဲ့ပါတယ်။ ပြောရမယ် ဆိုရင် အိမ်ရှင် ဘင်ဖီကာတို့ အချက်အလက်အရ ဘာစီလိုနာကို အသာမရခဲ့ပေမယ့် တစ်ဦးချင်း အမှားအယွင်း နည်းနည်းနဲ့ လက်တွေ့ကျကျ ဂိုးတွေ သွင်းပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ ကတော့ ပက်ဒရီ၊ ဘူးစကွက်စ်၊ ဒီဂျောင်တို့အပြင် ဒက်စ်နဲ့ ဆာဂျီ ရော်ဘတ်ကိုပါ အတက်အဆင်း ကစားခိုင်းခဲ့လို့ ကွင်းလယ်မှာ သိသိသာသာ ကြပ်သွားပြီး တိုက်စစ် အတွက်လည်း ထိရောက်တဲ့ ပံ့ပိုးမှုတွေ မပြုလုပ်နိုင်တော့တာ တွေ့ရပါတယ်။ ဘင်ဖီကာ ကတော့ တခြား အ‌ခြေအနေတွေမှာ မသာခဲ့ဘူး ဆိုပေမယ့် ဂိုးပေါက်မှု မှာတော့ ၆ ကြိမ် ကနေ သွင်းဂိုး ၃ ဂိုး ရယူနိုင်ခဲ့ပါတယ်။ ဘင်ဖီကာ အတွက် သွင်းဂိုးတွေ ကိုတော့ ပွဲကစားချိန် ၃ မိနစ်၊ ၆၉ မိနစ်နဲ့ ၇၉ မိနစ် တွေမှာ ရာဖာ ဆေးလ်ဗားနဲ့ ဒါ၀င် နူနက်ဇ် တို့ကသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဘင်ဖီကာ ကတော့ အခုနှစ် ချန်ပီယံလိဂ် မှာ ပထမဦးဆုံး နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။
အခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်း ထက်မြတ်နေတဲ့ ဘင်ဖီကာ

ဘာစီလိုနာ အတွက် ချန်ပီယံလိဂ် နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှု ဖြစ်ပါတယ်။ ပြောရမယ် ဆိုရင် အဲ့ဒီ ၅ ပွဲမှာ သရေ ၁ ပွဲပဲ ရှိခဲ့ပြီး ရှုံးပွဲ ကတော့ ၄ ပွဲအထိ ရှိခဲ့တာ ဖြစ်ပါတယ်။ အဓိက ကစားသမား မက်ဆီ ထွက်ခွာသွားခဲ့တာဟာ ရာသီအစ မှာတော့အကြောင်းပြချက်‌ ကောင်းတစ်ခု ဖြစ်နိုင်ပေမယ့် လက်ရှိ အချိန်မှာ ဆိုရင်တော့ ဆင်ခြေတစ်ခု လို့ပဲ ပြောရတော့ပါမယ်။ ဘာစီလိုနာရဲ့ အနာဂတ်က ရင်လေးစရာ ဖြစ်နေပါပြီ။ ရော်နယ်ကိုးမန်း အနေနဲ့ အချိန်မှီ ပြင်ဆင်နိုင်မလား။ ထုတ်ပယ်ခံရမလားပဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံလိဂ် အုပ်စု (E)မှာ ရမှတ် ၀ နဲ့ အောက်ဆုံး ရောက်ရှိသွားတဲ့ ဘာစီလိုနာတို့ နောက်တစ်ဆင့် တက်ဖို့ အတွက် တဖြည်းဖြည်း ရာခိုင်နှုန်း နည်းလာခဲ့လို့ လက်ကျန် ပွဲစဉ်တွေမှာ မဖြစ်မနေ ရလဒ်ကောင်း ရှာဖွေနိုင်ဖို့ လိုအပ်နေပြီလည်း ဖြစ်ပါတယ်။ ဘင်ဖီကာ ကတော့ အခုနှစ် ချန်ပီယံလိဂ် မှာ ပထမဦးဆုံး နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။
 

လာမယ့် ပွဲစဉ်များ

 
ဘာစီလိုနာတို့ လာမယ့် တနင်္ဂနွေနေ့ မှာ အက်တလက်တီကို မက်ဒရစ်နဲ့ လာလီဂါပွဲစဉ် ကစားရမှာ ဖြစ်လို့ နည်းပြ ရော်နယ် ကိုးမန်းရဲ့ အနာဂတ် အတွက် အဆုံးအဖြတ် ဖြစ်သွားမလား ဆိုတာ စိတ်၀င်စားဖို့ ကောင်းနေခဲ့ပါပြီ။ ဘင်ဖီကာ ကတော့ ပေါ့တီမိုးနန့်စ်နဲ့ လီဂါပေါ်တူဂီ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်