နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရော်နယ်ဒို စံချိန်သစ် တင်ခဲ့ပေမယ့် အမှားပေါင်းများစွာနဲ့ ယန်းဘွိုင်းစ်ကို ရှုံးခဲ့တဲ့ ယူနိုက်တက် (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

ယန်းဘွိုင်းစ် ၂ – ၁ မန်ချက်စတာယူနိုက်တက်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု (F) ပွဲစဉ် မှာတော့ မန်ချက်စတာယူနိုက်တက်တို့ ရော်နယ်ဒိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ၀မ်ဘစ်ဆာခါ ထုတ်ပယ်ခံရတာ အပြင် ဆိုးလ်ရှားရဲ့ နည်းစနစ်ပိုင်း လိုအပ်ချက်တွေကြောင့် ပွဲအပြီးမှာ ယန်းဘွိုင်းစ်ကို ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ယူနိုက်တက်တို့ ချန်ပီယံလိဂ်မှာ နောက်ဆုံး ကစားခဲ့သမျှ ၃ ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပြီး အုပ်စုတွင်း အားအနည်းဆုံး အသင်းလို့ ဆိုရမယ့် ယန်းဘွိုင်းစ် ကိုမှ ရှုံးနိမ့်ခဲ့တာ ဖြစ်လို့ ဆိုးလ်ရှား အတွက်လည်း ဖိအားတွေ ပိုသွားခဲ့ပါတယ်။
 

ပွဲစဉ်အကျဉ်း

 

ဒီနေ့ပွဲမှာ အိမ်ရှင် ယန်းဘွိုင်းစ် ဘက်က အဓိက ကစားသမားတွေ ဖြစ်တဲ့ ဇီဆီဂါ၊ အန်ဆာမီတို့ ပါ၀င် ကစားနိုင်ခြင်း မရှိခဲ့ပေမယ့် အီလီယာ၊ ဂါမာလျူ၊ ဖက်နက်စ်ရှ်၊ မာတင်၊ ကာမာရာ၊ ဂါစီယာ တို့နဲ့ ဧည့်သည် ယူနိုက်တက် ကို ရင်ဆိုင်လာခဲ့ပါတယ်။ ယူနိုက်တက် ကတော့ ထုံးစံ အတိုင်း ၄-၂-၃-၁ ကစားကွက် ကိုပဲ အသုံးပြုလာခဲ့ပေမယ့် နည်းပြ ဆိုးလ်ရှား အနေနဲ့ ကစားသမား အပြောင်းအလဲ တချို့ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ဗဟိုခံစစ် မှာ ဗာရန်း အစား လင်ဒီအော့ဖ်နဲ့ မက်ဂွိုင်းယားကို တွဲဖက်ပေးခဲ့ပြီး ဘယ်/ညာ အစွန်မှာ လုခ်ရှောနဲ့ ၀မ်ဘစ်ဆာခါ၊ ကွင်းလယ် မှာတော့ ဖရက်ဒ်၊ ဗန်ဒီဘိခ်၊ တောင်ပံတွေ မှာ ပေါ့ဘာ၊ ဆန်ချိုနဲ့ အလယ်မှာ ဘရူနိုဖာနန်ဒက်စ်၊ အထောင် တိုက်စစ်မှူး နေရာ မှာတော့ ခရစ္စတီယာနို ရော်နယ်ဒိုပဲ ပွဲထွက်လာခဲ့ပါတယ်။ ပွဲမကစားခင် ပြောခဲ့တဲ့ အတိုင်း ယန်းဘွိုင်းစ် ဟာ ရော်နယ်ဒို ပါ၀င်လာတဲ့ ယူနိုက်တက်ကို လုံး၀ ရှိန်နေခြင်း မရှိခဲ့သလို ခံစစ် မှာပဲ လုံး၀ ပိတ်ဆို့ ကစားနေခြင်းလည်း မရှိခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ပွဲချိန် ၁၄ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ကန်တင် ပေးပို့မှုကို ရော်နယ်ဒို အမိအရ ပိတ်သွင်း ရာကနေ ဘောလုံးက ယန်းဘွိုင်းစ် ဂိုးသမားရဲ့ ခြေထောက်ကြား ကနေ လွတ်ထွက်ပြီး ဂိုးထဲ၀င်သွားတာကြောင့် ယူနိုက်တက်တို့ မထင်မှတ်ပဲ ဦးဆောင်ဂိုး စတင် ရရှိသွားပါတယ်။ အစောပိုင်းမှာ ထဲက ချန်ပီယံလိဂ် ပွဲအရေအတွက် အများဆုံး ကစားထားတဲ့ ကာဆီးလက်စ်ရဲ့ ၁၇၇ ပွဲ စံချိန်ကို လိုက်မှီခဲ့တဲ့ ရော်နယ်ဒို အနေနဲ့ ၁၃၅ ဂိုးမြောက် ချန်ပီယံလိဂ် သွင်းဂိုးကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်တို့ ချန်ပီယံလိဂ်မှာ နောက်ဆုံး ကစားခဲ့သမျှ ၃ ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပြီး အုပ်စုတွင်း အားအနည်းဆုံး အသင်းလို့ ဆိုရမယ့် ယန်းဘွိုင်းစ် ကိုမှ ရှုံးနိမ့်ခဲ့တာ ဖြစ်လို့ ဆိုးလ်ရှား အတွက်လည်း ဖိအားတွေ ပိုသွားခဲ့ပါတယ်။
ဆိုးလ်ရှားရဲ့ နည်းစနစ် အမှား၊ ဘစ်ဆာခါနဲ့ လင်ဂတ် တို့ရဲ့ အမှားတွေကြောင့် ချန်ပီယံလိဂ် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

အဲ့နောက် အိမ်ရှင်တို့ ချေပဂိုး ရရှိဖို့ အားစိုက် ကစားလာခဲ့လို့ ပွဲက ပိုမြိုင်လာခဲ့သလို ပွဲချိန် ၃၅ မိနစ် မှာတော့ မာတင်စ်ကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တဲ့ ယူနိုက်တက် ညာနောက်ခံလူ ၀မ်ဘစ်ဆာခါ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲ့ဒီအချိန်ကနေ စလို့ ယူနိုက်တက်ရဲ့ ကစားအား သိသိသာသာ ကျသွားခဲ့သလို ဂျေဒန် ဆန်ချို အစား ဒါးလောတ်၊ ဗန်ဒီဘိခ် အစား ဗာရန်းတို့ ၀င်ရောက် ကစားခဲ့ပေမယ့် ပွဲချိန် ၆၆ မိနစ် မှာတော့ ယန်းဘွိုင်းစ်ကို ချေပဂိုး ခွင့်ပြု ပေးခဲ့ရပါတယ်။ ၁-၁ ဖြစ်နေချိန်မှာ ရော်နယ်ဒို အစား လင်ဂတ်၊ ဖာနန်ဒက်စ် အစား မာတစ်တို့ ၀င်ရောက်လာခဲ့ပေမယ့် ယူနိုက်တက်ရဲ့ ကစားပုံက သိသိသာသာ တိုးတက်လာခြင်းတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် အိမ်ရှင် အသင်းရဲ့ လူစားလဲမှုတွေ ကတော့ လုံး၀ မှန်ကန်ခဲ့တယ် လို့ပဲ ဆိုရမှာပါ။ တစ်ယောက်အသာ ရနေချိန်မှာ ယူနိုက်တက် ဘက်ကို တောက်လျောက် ထိုးဖောက် တိုက်စစ် ဆင်နေခဲ့တဲ့ ယန်းဘွိုင်းစ်တို့ မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင် အချိန်ပို နောက်ဆုံး မိနစ် မှာတော့ အနိုင်ဂိုး ရရှိသွားခဲ့ပါတယ်။ လင်ဂတ်ရဲ့ နောက်ပြန်ပေးမှု အမှားကနေ လူစား၀င် တိုက်စစ်မှူး ဆီဘတ်ချူးက အပိုင် အခွင့်အရေးကို အကောင်းဆုံး အသုံးချပြီး ယန်းဘွိုင်းစ် အတွက် အဖိုးတန် အနိုင် ၃ မှတ် ကို အရယူပေးခဲ့တာ ဖြစ်ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ယူနိုက်တက်တို့ ပွဲချိန် မိနစ် ၆၀ လောက် တစ်ယောက်လျော့နဲ့ ကစားခဲ့ရလို့ ရှုံးနိမ့်ခဲ့တယ်လို့ ပြောရင် တော်တော်များများ လက်ခံကြမယ် မထင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ယူနိုက်တက် ရင်ဆိုင်ခဲ့တဲ့ အသင်းဟာ ချန်ပီယံလိဂ် ကို ဒီတစ်ကြိမ်နဲ့မှ နှစ်ကြိမ်မြောက် ကစားခွင့်ရခဲ့တဲ့ အသင်း ဖြစ်နေလို့ပါပဲ။ အနီကတ် ပြစ်ဒဏ် ကတော့ တော်တော်လေး ပြင်းထန်ခဲ့တယ် လို့ပဲ မြင်ပါတယ်။ နောက်ပြီးတော့ လင်ဂတ် အနေနဲ့ ကလည်း မြို့မေတ္တာ၀င်ပြီး ခံယူလိုက်သလို ဖြစ်သွားတာပါ။ တကယ်တော့ ယူနိုက်တက်ဟာ အစောပိုင်း မိနစ်တွေ မှာထဲက ယန်းဘွိုင်းစ်ကို အဘက်ဘက်မှာ ရှုံးနိမ့်နေခဲ့ပြီးသားပါ။ ဒါကို ပွဲကြည့်ခဲ့သူတိုင်း သိပါတယ်။ ပွဲပြီး အချက်အလက်တွေကို ပြန်ကြည့်မယ် ဆိုရင် ယူနိုက်တက်ဟာ တစ်ပွဲလုံး အတိုင်းအတာနဲ့မှ ဂိုးပေါက် ကန်ချက် ၂ကြိမ်သာ ရှိခဲ့ပြီး ယန်းဘွိုင်းစ် ကတော့ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၉ ကြိမ်မှာ ဂိုးပေါက်တည့်မှု ၅ ကြိမ်၊ သွင်းဂိုး ၂ ဂိုး ရရှိခဲ့တာ တွေ့ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ယူနိုက်တက်လို အသင်းကြီး တစ်သင်း အတွက် ဖြစ်ကို မဖြစ်သင့်တဲ့ ခြေစွမ်းမျိုးလို့ပဲ ပြောရမှာပါ။
 

လာမယ့်ပွဲစဉ်များ

ယူနိုက်တက်တို့ လာမယ့် တနင်္ဂနွေနေ့မှာ ၀က်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိပြီး ယန်းဘွိုင်းစ် ကလည်း လစ်ရီယာနဲ့ ဆွစ်ဖလား ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်