နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စိတ်ပျက်စရာ ခြေစွမ်းကြောင့် ပင်နယ်တီ အဆုံးအဖြတ်နဲ့မှ ဆီမီးတက်ရတဲ့ စပိန် – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

ဆွစ်ဇာလန် ၁ – ၁ စပိန် (ပင်နယ်တီ ၁-၃)

(ချာဒန် ရှကီရီ ၆၈’) (ဇာကားရီးယား ၈’(OG))

ယူရို ၂၀၂၀ ကွာတားဖိုင်နယ်အဆင့် အစောဆုံးပွဲစဉ် တစ်ပွဲ အဖြစ် ဆွစ်ဇာလန်နဲ့ စပိန်တို့ မနေ့က အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ သာမန် ပွဲကစားချိန် အတွင်း တစ်ဂိုးစီ သရေကျနေလို့ အချိန်ပို၊ ပင်နယ်တီတွေ အထိပါ ရောက်ခဲ့ပါတယ်။ ပင်နယ်တီ မှာတော့ စပိန်တို့ အနိုင်ရခဲ့ပြီး စုစုပေါင်း ၂-၄ ရလဒ်နဲ့ ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာလည်း စပိန်ရဲ့ ခြေစွမ်း၊ စိတ်ဓာတ်ပိုင်းနဲ့ နည်းပြ လူးဝစ်အင်းနရစ်ခ် နည်းစနစ်ပိုင်းကို ထပ်မံ မေးခွန်းထုတ်ရဦးမှာ ဖြစ်ပါတယ်။ ပြိုင်ဘက် အသင်း စိတ်ဓာတ်  မာကျောတယ် ဆိုတာ သိပေမယ့် ပွဲချိန်ပြည့် အာရုံစိုက်မှု အားနည်းခဲ့ပြန်တဲ့ လူးဝစ်အင်းနရစ်ခ်ရဲ့ အသင်းက ဦးဆောင်ဂိုး ကိုလည်း စောစောစီးစီး ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆွစ်ဇာလန် ကွင်းလယ်က အဓိက မောင်းနှင်အား ဂရန်းနစ် ချာကာ မပါလို့ ဇာကားရီးယား ဝင်ကစားခဲ့လို့ သိသိသာသာ အားနည်းခဲ့ပါတယ်။ ဒါ့အပြင် ပွဲချိန် ၈ မိနစ်မှာ ဇာကားရီးယားနဲ့ ထိပြီးတော့ ဘောလုံးဟာ လမ်းကြောင်းပြောင်း ဂိုးဝင် သွားတာကြောင့်ပဲ စပိန်တို့ ဦးဆောင်ဂိုး စတင် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ချာဒန် ရှကီရီ ချေပဂိုး ပြန်သွင်းပေးခဲ့လို့ ဆွစ်ဇာလန်တို့ ချေပဂိုး ပြန်ရခဲ့ပေမယ့် ကံဆိုးစွာနဲ့ ချေပဂိုးရပြီး ၉ မိနစ် အကြာမှာ အဓိက ကွင်းလယ်လူ ဖရီအူလာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲ့နောက်မှာ စပိန်တို့ တစ်ယောက်အသာနဲ့ ဆွစ်ဇာလန် ဘက်ကို တစ်ဘက်သတ် ဖိအားပေးခဲ့ပေမယ့် မိနစ် ၉၀ ပြည့်ချိန် အထိ သွင်းဂိုး လုံးဝ မရခဲ့သလို အချိန်ပို ဆက်ကစားရာမှာလည်း ဆွစ် ဂိုးသမား ယန်း ဆွမ်မားရဲ့ လက်စွမ်းပြမှုနဲ့ ခံစစ်ရဲ့ ပိတ်ဆို့ ကာကွယ်မှုတွေကြောင့် နောက်ဆုံးမှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ ပင်နယ်တီ မှာတော့ စပိန် ဘက်က ဘူးစကွက်စ်၊ ရိုဒရီတို့ လွဲချော်ခဲ့ပေမယ့် အော်လမို၊ မိုရီနို၊ အိုရာဇာဘယ်တို့ ဂိုးဝင်ခဲ့ပါတယ်။ ဆွစ်ဇာလန် ကတော့ ရှား၊ အာကန်ဂျီ၊ ဗားဂတ်စ်တို့ ၃ ဦး လွဲချော်ခဲ့ပြီး ဂတ်ဗရန်နိုဗစ် တစ်ဦးတည်း ဂိုးဝင်ခဲ့လို့ ပွဲပြီးရလဒ် ၂-၄ နဲ့ စပိန်ကို ရှုံးပြီး ယူရို ၂၀၂၀ ကနေ လက်ပြခဲ့ရပါတယ်။

ဆွစ်ဇာလန် ကတော့ ရှား၊ အာကန်ဂျီ၊ ဗားဂတ်စ်တို့ ၃ ဦး လွဲချော်ခဲ့ပြီး ဂတ်ဗရန်နိုဗစ် တစ်ဦးတည်း ဂိုးဝင်ခဲ့လို့ ပွဲပြီးရလဒ် ၂-၄ နဲ့ စပိန်ကို ရှုံးပြီး ယူရို ၂၀၂၀ ကနေ လက်ပြခဲ့ရပါတယ်။
အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် စပိန်ကို ပင်နယ်တီမှာ အရှုံးပေးလိုက်ရတဲ့ ဆွစ်ဇာလန်

ကြယ်ပွင့် ကစားသမား – အူနိုင်း ဆီမွန်

(စာရေးသူ စိတ်ကြိုက်ကစားသမား – ဆွစ်ဇာလန် အသင်း)

ဒီနေ့ပွဲအတွက် အကောင်းဆုံး ကစားသမား(ကြယ်ပွင့်ကစားသမား) အဖြစ် အဆုံးအဖြတ် ပင်နယ်တီ သွင်းဂိုး ၂ ဂိုး ကာကွယ်နိုင်ခဲ့တဲ့ အူနိုင်းဆီမွန်ကို သတ်မှတ်ပေးခဲ့ပါတယ်။ တစ်ဦး တစ်ယောက်ချင်း အမြင် ဆိုရင်တော့ အူနိုင်း ဆီမွန် အနေနဲ့ စပိန် အတွက် နောက်တစ်ဆင့် တက်ဖို့ အဆုံးအဖြတ် ဖြစ်သွားလို့သာ ဒီဆုကို ရရှိခဲ့ပေမယ့် ဒီနေ့ပွဲမှာ နည်းပြ လူးဝစ် အင်းနရစ်ခ် အပါအဝင် စပိန် တစ်သင်းလုံး အကောင်းဆုံး ဆိုတဲ့ မထိုက်တန်ဘူးလို့ပဲ မြင်ပါတယ်။ အဲ့ဒီအစား ၁၁ ယောက်ချင်း ယှဉ်ပြိုင်ရချိန်မှာရော တစ်ယောက်လျော့နဲ့ ကစားရချိန်မှာပါ မဆုတ်မနစ် ကြိုးစား ယှဉ်ပြိုင်သွားတဲ့ ဆွစ်ဇာလန် တစ်သင်းလုံးကိုပဲ ချီးကျူး ဂုဏ်ပြုချင်မိပါတယ်။ ၅၀-၅၀ စီ အခွင့်အရေး ရှိနေတဲ့ ပင်နယ်တီမှာ ဘာမဆို ဖြစ်နိုင်တာကြောင့် လွဲချော်ခဲ့သူတွေကိုလည်း အပြစ်ပြောလို့ မရပါဘူး။ ဦးဆောင်ဂိုး ပေးလိုက်ရပေမယ့် မလျော့သောဇွဲနဲ့ ချေပဂိုး ကြိုးပမ်းခဲ့တာအပြင် ပွဲချိန် မိနစ် ၅၀ လောက် ပြိုင်ဘက်ရဲ့ တိုက်စစ်ကို တစ်ယောက်လျော့နဲ့ အကောင်းဆုံး တောင့်ခံပြ သွားခဲ့တာတွေက ဆွစ်ဇာလန်တို့ကို မဖြစ်မနေ ချီးကျူးရမယ့် အချက်တွေ ဖြစ်ပါတယ်။

 

ပွဲစဉ်ရဲ့ အဓိကအချက်အလက်များ

•      စပိန်တို့ အခုနှစ် ယူရို ၂၀၂၀ မှာ သွင်းဂိုး ၁၂ ဂိုး အထိ ရှိလာခဲ့ပြီး ပြီးခဲ့တဲ့ ယူရိုသမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းနိုင်ခဲ့တဲ့ ယူရို ၂၀၀၈ နဲ့ ၂၀၁၂ တုန်းက စံချိန်တွေနဲ့လည်း တူညီသွားခဲ့ပါပြီ။

•      ဆွစ်ဇာလန်နဲ့ နောက်ဆုံးထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲစုံ ၂၃ ပွဲမှာ စပိန်တို့ ၁ ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ၁၆ ပွဲနိုင်ပြီး ၆ ပွဲ သရေကျခဲ့ပါတယ်။

•      စပိန်တို့ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲစုံ ၁၃ ပွဲဆက် ရှုံးပွဲမရှိတဲ့ စံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ (၆ ပွဲနိုင်၊ ၇ ပွဲသရေ)

•      စပိန်တို့ နောက်ဆုံးကစားခဲ့တဲ့ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် ၂၁ ပွဲမှာ ရှုံးပွဲ ၂ ပွဲသာ ရှိခဲ့ပါတယ်။ (ပင်နယ်တီ အဆုံးအဖြတ်မပါ)

•      စပိန်တို့ ကစားခဲ့တဲ့  ယူရိုကွာတားဖိုင်နယ် ၅ ပွဲမှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတဲ့ ပွဲဟာ ၃ ပွဲအထိ ရှိခဲ့ပါတယ်။

•      ရှကီရီ အနေနဲ့ လက်ရှိ ယူရို ၂၀၂၀ အပါအဝင် ယူရို နောက်ဆုံးအဆင့် ပွဲစဉ်တွေမှာ ၄ ဂိုးအထိ သွင်းယူထားနိုင်တဲ့ ပထမဦးဆုံး ဆွစ်ဇာလန် ကစားသမား ဖြစ်လာခဲ့ပါတယ်။

•      ဆွစ်ဇာလန်တို့ သမိုင်းတစ်လျှောက် အဓိကပြိုင်ပွဲကြီးတွေမှာ ကွာတားဖိုင်နယ် ၄ ကြိမ် ကစားခဲ့ပြီး ၄ ကြိမ်လုံး ရှုံးနိမ့်ခဲ့ပါတယ်။ (၁၉၃၄၊ ၃၈၊ ၅၄ ကမ္ဘာ့ဖလားနဲ့ ယူရို ၂၀၂၀)

 

လာမယ့်ပွဲစဉ်များ

ယူရို ၂၀၂၀ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ စပိန်တို့ လာမယ့် ဇွန်လ ၆ ရက်နေ့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က ဝင်ဘလေကွင်းမှာ အီတလီနဲ့ ထိပ်တိုက် တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်