နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂိုး ၁၀၀ ပြည့်ခဲ့တဲ့ ရော်နယ်ဒိုနဲ့ ဒီဘားလား၊ ၄၃ နှစ်အရွယ် ဘူဖွန်ရဲ့ ပင်နယ်တီကာကွယ်မှုနဲ့ ဂျူဗီ အတွက် အဖိုးတန် ၃ မှတ် – စီးရီးအေ ပွဲကြိုသုံးသပ်ချက်

ဆာဆူအိုလို ၁ – ၃ ဂျူဗင်တပ်စ်

ယနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ စီးရီးအေ(၃၆)ရဲ့ ပွဲစဉ်တစ်ပွဲ မှာတော့ ဂျူဗင်တပ်စ်တို့ ဆာဆူအိုလို ကို အဝေးကွင်းမှာ ၁-၃ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဂိုးသမားကြီး ဘူဖွန်ရဲ့ ပင်နယ်တီ ကာကွယ်မှုဟာ အရေးပါခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အရေးပါတဲ့ အဖိုးတန် ၃ မှတ်ကို ဂျူဗင်တပ်စ်တို့ ရှာဖွေသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဆာဆူအိုလို ဘက်မှာ ရက်စ်ပါဒိုရီ တိုက်စစ်မှာ ဦးဆောင်ပြီး ထရာအိုရေး၊ ဘရာဒီ၊ လိုကတ်တယ်လီ၊ ဖရာရီ၊ ကိုင်ရိတ်ကိုပူးလော့စ် တို့လို အမာခံကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ ဂျူဗင်တပ်စ် ဘက်မှာတော့ ထုံးစံအတိုင်း တိုက်စစ်က ဒီဘားလားနဲ့ ရော်နယ်ဒို၊ ကွင်းလယ်မှာတော့ ကူလူဆက်ဗ်စကီး၊ ခီယေဇာ၊ ရာဘီယော့တ်၊ အာသာ၊ နောက်တန်းမှာ အဲလက်စ်ဆန်ဒရို၊ ဒန်နီလို၊ ဘိုနူချီ၊ ဒီလစ်ဂျ်၊ ဂိုးမှာတော့ ဘူဖွန်ကို အသုံးပြုခဲ့ပါတယ်။ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေပေမယ့် ဂျူဗင်တပ်စ်တို့ အိမ်ရှင်အသင်းကို အသာစီးရယူ ကစားနိုင်စွမ်းမရှိခဲ့ပဲ အစောပိုင်း ပွဲချိန်တွေမှာ ဆာဆူအိုလိုရဲ့ ထိုးဖောက်မှုတွေကိုပဲ အသည်းအသန် ကာကွယ်နေခဲ့ရပါတယ်။ ပွဲချိန် ၁၆ မိနစ်မှာ ရက်စ်ပါဒိုရီကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တဲ့ ဘိုနူချီကြောင့် ဆာဆူအိုလိုတို့ ပင်နယ်တီ ကန်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂိုးသမားကြီး ဘူဖွန်က ဘရာဒီရဲ့ ကန်သွင်းမှုကို အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့လို့ ဂျူဗင်တပ်စ်တို့ သက်သာရာ ရခဲ့ပါတယ်။ အဲ့နောက်မှာတော့ ဆာဆူအိုလိုတို့ပဲ တောက်လျောက် ဖိအားနေတဲ့ကြားကနေ ဂျူဗင်တပ်စ်တို့ မထင်မှတ်ပဲ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ခီယေဇာ ထိုးပေးတဲ့ ဘောလုံးကို ရာဘီယော့တ်က ဂိုးဧရိယာ ထိပ်ကနေ အမှတ်မထင် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပေမယ့် ဆာဆူအိုလိုတို့ရဲ့ ကစားပုံပျက်မသွားပဲ ဂျူဗင်တပ်စ် ဂိုးပေါက်ကို ခြိမ်းခြောက်မှုတွေ ဆက်လက် ပြုလုပ်နိုင်ခဲ့ပေမယ့် ဂျူဗင်တပ်စ် နောက်တန်းက ဘိုနူချီကို မကျော်နိုင်ခဲ့လို့ ထိရောက်မှု မရှိခဲ့တာ တွေ့ရပါတယ်။ ပထမပိုင်းပွဲကစားချိန် ပြီးခါနီးမှာတော့ ဂျူဗင်တပ်စ်တို့ ဒုတိယဦးဆောင်ဂိုး ထပ်ရသွားခဲ့ပြီး ကွင်းလယ်က ရာဘီယော့တ်ရဲ့ ကန်တင် ပေးပို့မှုကို ရော်နယ်ဒိုက ပြိုင်ဘက် နောက်ခံလူ မာလွန်ကို တစ်ချက်လှည့်ပြီး ဂိုးသမား ထွက်တားတဲ့ကြားက ဘယ်ခြေနဲ့ အပိုင်ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ အိမ်ရှင်တို့ ချေပဂိုးရဖို့ လူစားလဲလှယ်မှု တချို့ ပြုလုပ်ခဲ့ပြီး ၅၉ မိနစ်မှာတော့ ချေပဂိုး ရသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဂျူဗင်တပ်စ်နောက်ခံလူတွေ လိုက်လံ တားဆီးနေတဲ့ကြားက ရက်စ်ပါဒိုရီက ရအောင် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ် အတွက် အနိုင်သေချာစေမယ့် ဂိုးကို ပေါ်လို ဒီဘားလားက ၆၆ မိနစ်မှာ သွင်းယူပေးခဲ့ပြီး လက်ကျန် မိနစ်တွေမှာ အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့လို့ ဆာဆူအိုလိုတို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ပဲ ပွဲအပြီးမှာ ၁-၃ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

ဒါ့အပြင် အသက် ၄၃ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဂိုးသမား ဘူဖွန် အနေနဲ့လည်း စီးရီးအေ မှာ ၆၅၇ ပွဲကစားပြီး သမိုင်းတစ်လျှောက် ပွဲအများဆုံး ကစားထားသူ ဖြစ်သလို အသက်အကြီးဆုံး ပင်နယ်တီ ကာကွယ်သူလည်း ဖြစ်လာခဲ့ပါတယ်။
စီးရီးအေမှာ ပွဲအများဆုံး ကစားထားတဲ့ အသက် ၄၃ နှစ်အရွယ် ဂိုးသမားကြီး ဘူဖွန်

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ဂျူဗင်တပ်စ်တို့ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ခြေစွမ်း အကောင်းကြီးတော့ မဟုတ်ခဲ့ပါဘူး။ ဆာဆူအိုလိုရဲ့ ထိုးဖောက်မှုတွေကို အလူးအလဲ တားဆီးခဲ့ရပြီး ခံစစ်က အမှားနည်းခဲ့တာနဲ့ တန်ပြန်တိုက်စစ် ကောင်းခဲ့လို့သာ အဖိုးတန် နိုင်ပွဲတစ်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ဂျူဗင်တပ်စ်တို့ စီးရီးအေ အမှတ်ပေးဇယား အထက်က အသင်းတွေကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ကိုလည်း ဆက်ပြီး မျှော်လင့်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ အခုပွဲမှာ ဂိုးတစ်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် ဂျူဗင်တပ်စ် အတွက် သွင်းဂိုး ၁၀၀ ပြည့်သွားခဲ့သလို နောက်ထပ် တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဒီဘားလား ဟာလည်း ဂျူဗီအတွက် သွင်းဂိုး ၁၀၀ ပြည့်ခဲ့ပါတယ်။ ဒီရာသီ စီးရီးအေ သွင်းဂိုး ၂၈ ဂိုး အထိ ရှိထားပြီး ဖြစ်တဲ့ ရော်နယ်ဒို အနေနဲ့ ရာသီအကုန်မှာ ရွှေဖိနပ်ဆု ရဖို့ အခြေအနေလည်း ကောင်းနေခဲ့ပါတယ်။ ဒါ့အပြင် အသက် ၄၃ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဂိုးသမား ဘူဖွန် အနေနဲ့လည်း စီးရီးအေ မှာ ၆၅၇ ပွဲကစားပြီး သမိုင်းတစ်လျှောက် ပွဲအများဆုံး ကစားထားသူ ဖြစ်သလို အသက်အကြီးဆုံး ပင်နယ်တီ ကာကွယ်သူလည်း ဖြစ်လာခဲ့ပါတယ်။ ဆာဆူအိုလို ကတော့ သူတို့အသင်းရဲ့ ထုံးစံအတိုင်း အသင်းကြီး တစ်သင်းကို ပွဲချိန်ပြည့် မာမာထန်ထန် ကစားသွားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကြောင့် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ရမှတ် ဆုံးရှုံးခဲ့ပေမယ့်လည်း ဆာဆူအိုလိုတို့ အဆင့် ၈ နေရာမှာ ဆက်လက် ရပ်တည်ထားနိုင်ဆဲ ဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီကလို အဆင့်နဲ့ပဲ ရာသီသိမ်းနိုင်မယ့် အခြေအနေ ရှိပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဆာဆူအိုလိုတို့ လာမယ့် မေလ ၁၆ ရက်နေ့မှာ ပါးမားနဲ့ ကစားဖို့ရှိပြီး ဂျူဗင်တပ်စ် ကတော့ အင်တာမီလန်နဲ့ အရေးကြီးဆုံး ပွဲစဉ် ကစားရဦးမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်