နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပိန်တို့ ခြေကုန်ထုတ် ကစားမှ ဆွစ်ဇာလန်ကို ကျော်ဖြတ်နိုင်လိမ့်မယ် – ယူရို ၂၀၂၀ ပွဲကြိုသုံးသပ်ချက်

ဆွစ်ဇာလန် – စပိန်

ယူရို ၂၀၂၀ ကွာတားဖိုင်နယ်အဆင့် အစောဆုံးပွဲစဉ် တစ်ပွဲ အဖြစ် ဆွစ်ဇာလန်နဲ့ စပိန်တို့ လာမယ့် ဇူလိုင်လ ၂ ရက်နေ့ စိန့်ပီတာစဘတ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရှုံးထွက်အဆင့်မှာ အားကုန်ထုတ် ရုန်းကန်ပြီးမှ ဒီအဆင့်ကို ထိုက်ထိုက်တန်တန် တက်လှမ်းလာခဲ့တဲ့ အသင်းတွေ ဖြစ်တာနဲ့ အညီ ခြေစွမ်းပိုင်း သာမက စိတ်ဓာတ်ပိုင်း ကလည်း အမြင့်ဆုံးကို ရောက်ရှိနေမှာ သေချာပါတယ်။

ဆွစ်ဇာလန် ရဲ့ ယူရို ၂၀၂၀ ဖြတ်သန်းမှုကို အကျဉ်းချုံး ပြန်ပြောရမယ် ဆိုရင် အုပ်စု အဖွင့်ပွဲမှာ ခြေစွမ်းကောင်းရက်နဲ့ ဝေးလ်စ်ကို အနိုင်မကစားခဲ့လို့ သရေလဒ်နဲ့ စတင်ခဲ့ရပြီး ဒုတိယပွဲစဉ်မှာ အီတလီကို ၃ ဂိုးပြတ် ရှုံးခဲ့လို့ နောက်တစ်ဆင့် တက်ရေး အတွက် စိုးရိမ်ခဲ့ရပါတယ်။ နောက်ဆုံးပွဲ မှာတော့ ရှကီရီရဲ့ ခြေစွမ်းပြမှုနဲ့ အတူ တူရကီကို ၃-၁နဲ့ အနိုင်ယူပြီး အကောင်းဆုံး တတိယအသင်း အဖြစ်နဲ့ ဒီအဆင့်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ယူရို ၂၀၂၀ ရှုံးထွက်အဆင့်မှာ အင်အားအနည်းဆုံး အသင်းတွေထဲက တစ်သင်း အဖြစ် သတ်မှတ်ခဲ့ကြသလို ကမ္ဘာ့ချန်ပီယံ ပြင်သစ်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့တာကြောင့် ဆွစ်တို့ အိမ်ပြန်စောခဲ့ရပြီလို့ တထစ်ချ တွက်ဆခဲ့ကြတာပါ။ ဖြစ်ချင်တော့ ဗလာဒီမာ ပတ်ကိုဗစ်ရဲ့ အသင်းက အားလုံးကို အံ့အားသင့်စေမယ့် စွမ်းဆောင်ရည်၊ စိတ်ဓာတ် မာကျောမှုတွေနဲ့ ပြင်သစ်ကို ပင်နယ်တီနဲ့ ကျော်ဖြတ်ပြခဲ့ပြီး ယူရိုသမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၁၉၃၈ ကမ္ဘာ့ဖလား နောက်ပိုင်း ပြိုင်ပွဲကြီးတွေရဲ့ ရှုံးထွက်အဆင့်ကို ပြန်လည် တက်လှမ်းနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ အာကန်ဂျီ၊ အဲလ်ဗက်ဒီ၊ ဂက်ဗရန်နိုဗစ်၊ မန်ဘာဘူ၊ ဆီဖာရိုဗစ်၊ အန်ဘိုလို အပြင် အသင်းခေါင်းဆောင် ဂရန်းနစ် ချာကာရဲ့ မြင်တွေ့ရခဲတဲ့ ဒိတ်ဒိတ်ကြဲ စွမ်းဆောင်မှုတွေနဲ့ ဆွစ်ဇာလန်ကို လက်ရှိမှာ အားလုံးက အဆိပ်ရှိတဲ့ အသင်းတစ်သင်း အဖြစ် သတ်မှတ်နေကြပါပြီ။ ဒါပေမယ့် ကံဆိုးတာက ဆွစ်ဇာလန်ရဲ့ အဓိက ကွင်းလယ် အင်ဂျင် ဂရန်းနစ် ချာကာ လာမယ့်ပွဲနဲ့ လွဲချော်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ ကွင်းလယ်နဲ့ နောက်တန်း ကနေ တိုက်စစ်ဆီကို ကန်တင်ပေးပို့တဲ့ နေရာမှာ တိကျ ကောင်းမွန်တဲ့ ဆွစ်ဇာလန် အတွက် ချာကာ မပါဝင်နိုင်တာဟာ ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခု ဖြစ်လာနိုင်ပြီး စပိန် တိုက်စစ် လမ်းကြောင်းကို ဖြတ်တောက်ရာ မှာလည်း ရုန်းကန်ရမယ့် အခြေအနေမှာ ရှိလာခဲ့ပါတယ်။ ပတ်ကိုဗစ် အနေနဲ့ ဘယ်လို ကစားကွက်နဲ့ စပိန်ကို ရင်ဆိုင်လာမလဲ ဆိုတာ မသိရသေးပေမယ့် ချာကာ နေရာမှာတော့ ဇကာရီးယား၊ ဆိုးဝ်၊ ဖာနန်ဒက်စ်တို့ တစ်ဦးဦးကို ဝင်ရောက် ကစားစေမယ့် သဘောမှာ ရှိနေပါတယ်။

ယူရို ၂၀၂၀ ရှုံးထွက်အဆင့်မှာ အင်အားအနည်းဆုံး အသင်းတွေထဲက တစ်သင်း အဖြစ် သတ်မှတ်ခဲ့ကြသလို ကမ္ဘာ့ချန်ပီယံ ပြင်သစ်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့တာကြောင့် ဆွစ်တို့ အိမ်ပြန်စောခဲ့ရပြီလို့ တထစ်ချ တွက်ဆခဲ့ကြတာပါ။
ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ရှုံးထွက်အဆင့်မှာ နိုင်ပွဲရရှိခဲ့တဲ့ ဆွစ်ဇာလန််

စပိန် ကတော့ အဖွင့် ၂ ပွဲဆက် သရေကျခဲ့ရာကနေ နောက်ဆုံးပွဲမှ ဆလိုဗက်ကီးယားကို ၅ ဂိုးပြတ် အနိုင်ရခဲ့လို့ ဆွီဒင်ရဲ့ အနောက် အုပ်စု ဒုတိယနေရာ ကနေ ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူရို ၂၀၂၀ ရှုံးထွက်အဆင့်မှာ ခရိုအေးရှားနဲ့ တွေ့ဆုံခဲ့ပြီး အစောပိုင်းမှာ ၁-၃ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နည်းပြရဲ့ နည်းစနစ်ပိုင်း ချွတ်ချော်မှု တချို့ကြောင့် ပြိုင်ဘက်ကို အခွင့်အရေး ပေးမိခဲ့ပါတယ်။ အချိန်ပိုထိ ဆက်ကစားခဲ့ရပေမယ့် မိုရာတာ၊ အိုရာဇာဘယ်တို့ရဲ့ တောက်ပမှုကြောင့် ၃-၅ နဲ့ အနိုင်ရပြီး စပိန်တို့ အခုအဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ စပိန်ဟာ အစောပိုင်းမှာ တာထွက်နှေးခဲ့ပေမယ့် ကွင်းလယ်က ဘူးစကွက်စ် ပြန်လည် ကစားနိုင်ချိန် မှာတော့ ကွင်းလယ်ရဲ့ လွှမ်းမိုးနိုင်မှု အားကောင်းလာတာ တွေ့ရပြီး စပိန်တို့ အသင်းလိုက် ကစားပုံလည်း ဟန်ချက် ပြန်ညီလာတာ တွေ့ရပါတယ်။ တစ်ချက်ရှိတာက အခုပွဲမှာ စပိန်နည်းပြ လူးဝစ်အင်းနရစ်ခ် အနေနဲ့ လူစာရင်း မှန်ကန်စွာ အသုံးပြုနိုင်ဖို့တော့ လိုအပ်ပြီး ဗျူဟာပိုင်းသာ မှန်ကန်ရင် ကွင်းလယ် ဗိုလ်ချုပ် မပါတဲ့ ဆွစ်ဇာလန်ကို အလွယ်တကူ အနိုင်ယူဖို့ မခက်ပါဘူး။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှုကို ကြည့်မယ်ဆိုရင် ဆွစ်ဇာလန်ဟာ စပိန်ကို တစ်ကြိမ်သာ အနိုင်ရခဲ့ဘူးသလို ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ စပိန်နဲ့ ဆွစ်ဇာလန် တို့ဟာ ယူရိုပြိုင်ပွဲ နောက်ဆုံး အဆင့်တွေမှာ တစ်ကြိမ်တစ်ခါမှာ ထိပ်တိုက်တွေ့ဆုံထားခြင်း မရှိပေမယ့် ကမ္ဘာ့ဖလား မှာတော့ မကြာခဏ တွေ့ဆုံထားခဲ့ပါတယ်။ တွေ့ဆုံချိန်တိုင်းမှာလည်း စပိန်တို့ အပြတ်အသတ် အသာရခဲ့ပြီး စုစုပေါင်း ၂၂ ကြိမ် ကစားထားခဲ့ရာမှာ စပိန်က ၁၆ ကြိမ်နိုင်၊ ၁ ပွဲရှုံးပြီး ၂ ပွဲ သရေကျထားပါတယ်။ ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၃ ကြိမ် မှာတော့ ဆွစ်ဇာလန်တို့ စပိန်ကို ၂ ပွဲသရေကစားပြီး ၁ ပွဲသာ ရှုံးနိမ့်ထားခဲ့လို့ မဆိုးဘူးလို့ပဲ ပြောရပါမယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
ဆွစ်ဇာလန် – စပိန် 1X2 စပိန် @ 1.68
ဇူလိုင် လ ၂ ရက်, ည ၁၀:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ ဆွစ်ဇာလန် အတွက် ၅.၅၀ ဆနဲ့ စပိန် အတွက် ၁.၆၆ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၇၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဘောလုံးမှာ ဘာမဆို ဖြစ်သွားနိုင်တယ် ဆိုတာ ယူရို ၂၀၂၀ က အကောင်းဆုံး သက်သေ ပြနေခဲ့ပြန်လို့ ခန့်မှန်းရတာ တစ်ပွဲထက်တစ်ပွဲ ပိုခက်ခဲလာခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ စပိန်ဟာ စာရေးသူ စိတ်ကြိုက် အသင်း တစ်သင်း မဟုတ်သလို နောက်ဆုံး နှစ်ပွဲဆက်တိုက် ၅ ဂိုးစီ သွင်းနိုင်ခဲ့ပေမယ့် တိုက်စစ်ကို လုံးဝ အားမရသေးတာတော့ အမှန်ပါပဲ။ အရင်တုန်းက စပိန်ရဲ့ ကစားပုံ၊ စုဖွဲ့မှု၊ နည်းစနစ် ကျွမ်းကျင်ပိုင်နိုင်မှု တွေကို မြင်ထားသူ မို့လို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုပွဲမှာတော့ ပေါက်ကြေးအရရော၊ တစ်ပွဲထက်တစ်ပွဲ ခြေစွမ်းပိုင်း ပိုကောင်းလာတာကြောင့်ရော၊ ဆွစ်တို့မှာ အဓိက ကစားသမား ချာကာ မပါလာမှာကြောင့်ရော စပိန်ပဲ သာမန်ပွဲကစားချိန် အတွင်း အနိုင်ရသွားမယ်လို့ တထစ်ချ ယုံကြည်နေပါတယ်။ ခန့်မှန်းရလဒ် ကတော့ ၁-၂ လောက်ပဲ မျှော်လင့်ထားပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်