နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲပြီးခါနီး ၁၅ မိနစ် အတွင်း ၂ ဂိုးသွင်းပြီး ကွာတားဖိုင်နယ် တက်တဲ့ အင်္ဂလန် – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

အင်္ဂလန် ၂ – ၀ ဂျာမနီ

(စတာလင် ၇၅’၊ ကိန်း ၈၆’)

ယူရို ၂၀၂၀ ရှုံးထွက်အဆင့်ရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် အင်္ဂလန်နဲ့ ဂျာမနီတို့ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြပြီး အင်္ဂလန်က စတာလင်၊ ကိန်းတို့ရဲ့ ပွဲပြီးခါနီး ၁၅ မိနစ် အလိုမှာ သွင်းယူခဲ့တဲ့ ဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အင်္ဂလန်တို့ ပြိုင်ပွဲကြီးတွေရဲ့ ရှုံးထွက်အဆင့်မှာ ဂျာမနီကို ပထမဆုံးအကြိမ် နိုင်ပွဲရပြီး ယူရို ၂၀၂၀ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျာမနီ ကတော့ ယူရို ၂၀၂၀ မရဏအုပ်စု ကနေ လွတ်မြောက် လာခဲ့ပေမယ့် ရှုံးထွက်အဆင့်မှာတော့ ပြင်သစ်၊ ပေါ်တူဂီတို့လိုပဲ စောစောစီးစီး သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အင်္ဂလန် အသင်းက ၃-၄-၃ ကစားကွက်နဲ့ ပွဲထွက်လာပြီး နောက်တန်းမှာ စတုန်းစ်၊ ဝေါလ်ကာ၊ မက်ဂွိုင်းယား၊ ထရစ်ပီယာ၊ လုခ်ရှော၊ ကွင်းလယ် ကယ်ဗင် ဖီးလစ်၊ ဒီကလန် ရိုက်စ်၊ တိုက်စစ်မှာ ဆာကာ၊ ကိန်း၊ စတာလင် တို့ကို အသုံးပြုခဲ့ပါတယ်။ ဂျာမနီ ကတော့ ထုံးစံ အတိုင်း ၃-၄-၂-၁ ကစားကွက်နဲ့ အတူ ဟန်ဂေရီနဲ့ ပွဲတုန်းက  လူစာရင်း ကိုတော့ ၃ နေရာလောက် အပြောင်းအလဲ ပြုလုပ်လာခဲ့တာ တွေ့ရပါတယ်၊ ဆာ့ဂျ်ဂနာဘရီ နေရာမှာ တီမိုဝါနာ၊ ဂွန်ဒိုအန် နေရာမှာ လီယွန် ဂိုရက်ဇ်ကာနဲ့ ဆာနေး နေရာမှာ မူလာတို့ ပါဝင်လာခဲ့ပါတယ်။ ဒီနေ့ပွဲဟာ အစဉ်အလာရှိတဲ့ အသင်းကြီး နှစ်သင်းရဲ့ တွေ့ဆုံမှု ဖြစ်လို့ အလွန်အကျွံ ထိုးဖောက် တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့တာ မတွေ့ရသလို နည်းပြ ဂါရက်သ် ဆောက်ဂိတ်နဲ့ ယော်ကင်လိုးတို့ နည်းစနစ်ပိုင်း စီးချင်းထိုးပွဲ ဖြစ်ခဲ့တယ် ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဒီနေ့ပွဲမှာ ဂျာမနီတို့ အင်္ဂလန်ထက် အနည်းငယ် ပိုကောင်းတဲ့ ကစားအားကို ပြသနိုင်ခဲ့ပေမယ့် အင်္ဂလန် ကွင်းလယ်က ဒီကလန်ရိုက်စ်နဲ့ ကယ်ဗင်ဖီးလစ် တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ တိုက်စစ် လမ်းကြောင်း သိသိသာသာ ပြတ်တောက် နေခဲ့ရပါတယ်။ ပွဲကြိုခန့်မှန်းချက်မှာ ပြောခဲ့သလိုပဲ အင်္ဂလန်ဟာ ဂျာမနီနဲ့ ခြေစွမ်းသိပ်မကွာပေမယ့် တည်ငြိမ်မှု အပိုင်းမှာ သိသိသာသာ ကွာဟမှုရှိခဲ့တာကြောင့် ၂ ဂိုးပြတ် အနိုင်ရလဒ်နဲ့ ကွာတားဖိုင်နယ် တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ စတာလင် ကတော့ မန်ချက်စတာစီးတီး အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် အင်္ဂလန် မှာတော့ အကောင်းဆုံး ခြေစွမ်းပြနေတယ်လို့ ဆိုရပါမယ်။ လက်ရှိ ယူရို ၂၀၂၀ မှာ အင်္ဂလန်တို့ ရရှိခဲ့တဲ့ သွင်းဂိုး ၄ ဂိုးမှာ ၃ ဂိုးကို စတာလင် သွင်းယူပေးခဲ့တာ ဖြစ်ပြီး ခံစစ်နဲ့ ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ် ဟာလည်း ပြိုင်ပွဲ တစ်လျှောက်လုံး ဂိုးမပေးရသေးတဲ့ စံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

 
ပွင့်ပွင့်လင်းလင်း ဝေဖန်ရမယ် ဆိုရင်တော့ ဒီနေ့ပွဲမှာလည်း အင်္ဂလန်ရဲ့ ခြေစွမ်းဟာ အရမ်းကြီး ကောင်းမွန်ခဲ့တယ်လို့ ပြောလို့ မရပေမယ့် တဖြေးဖြေး နဲ့တော့ အရှိန်ရလာခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ တစ်ချက်ရှိတာက အင်္ဂလန်ဟာ ပြီးခဲ့တဲ့ ၄ ပွဲလုံး အိမ်ကွင်း ဝင်ဘလေမှာပဲ ကစားထားတာ ဖြစ်လို့ ယူကရိန်းနဲ့ အိုလံပီကို မှာ ကစားရမယ့် ကွာတားဖိုင်နယ် ပွဲစဉ် အခြေအနေကို တစ်ချက် စောင့်ကြည့်ရပါလိမ့်မယ်။ အဲ့ဒီပွဲမှာသာ အင်္ဂလန်ရဲ့ ခြေစွမ်းဟာ အခုပွဲထက် ပိုကောင်းခဲ့တယ် ဆိုရင် ကျိန်းသေပေါက် ယူရို ၂၀၂၀ ချန်ပီယံဆုကြီးကို မျှော်မှန်းနိုင်ပြီလို့တောင် ပြောလို့ရပါတယ်။ ယော်ကင်လိုးရဲ့ ဂျာမနီ အနေနဲ့ ကတော့ ဂါရက်သ် ဆောက်ဂိတ်ရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင် မှန်ကန်မှုကြောင့် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားရဲ့ ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ သောမက်စ်မူလာ ကတော့ ယူရိုပြိုင်ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ အစဉ်အလာဆိုး အောက်ကနေ ဒီတစ်ကြိမ် မှာလည်း ရုန်းထွက်နိုင်ခြင်း မရှိခဲ့တဲ့ အပြင် ဂျာမနီ အတွက် အလှည့်အပြောင်း ဖြစ်စေနိုင်မယ့် ချေပဂိုးကိုလည်း လွဲချော်ခဲ့သူ ဖြစ်ပါတယ်။ ဂျာမနီရဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲ တစ်ခုလုံး ခြေစွမ်း ကတော့ ဒီလောက်အဆင့်ကို ရောက်ရှိလာခဲ့တာပဲ ကျေနပ်သင့်တဲ့ အခြေအနေ ဖြစ်ပါတယ်။
 

ကြယ်ပွင့် ကစားသမား – ဟယ်ရီ မက်ဂွိုင်းယား

(စာရေးသူ စိတ်ကြိုက်ကစားသမား – ကယ်ဗင်ဖီးလစ်)

ဒီပွဲအတွက် ကြယ်ပွင့်ကစားသမားဆုကိုတော့ အင်္ဂလန် နောက်တန်းက ဟယ်ရီ မက်ဂွိုင်းရား ရရှိသွားခဲ့ပြီး ပွဲစဉ်တစ်ခုလုံး ကို အကောင်းဆုံး ဦးဆောင်သွားနိုင်ခဲ့သူ ဖြစ်သလို အသင်းရဲ့ ခံစစ်ကို အကောင်းဆုံး ဟန်ချက်ညီအောင် ထိန်းချုပ်နိုင်ခဲ့သူ ဖြစ်တယ်လို့ UEFA နည်းစနစ် လေ့လာသူ အိုင်တာ ကာရန်ကာက သုံးသပ်ခဲ့ပါတယ်။ စာရေးသူ အနေနဲ့ ကတော့ ဒီနေ့ပွဲမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ အင်္ဂလန် ကစားသမားတွေထက် ယော်ကင်လိုးရဲ့ ဗျူဟာကို အလဲထိုးနိုင်ခဲ့တဲ့ နည်းပြ ဂါရက်သ် ဆောက်ဂိတ်ကို ပိုပြီး အလေးပေး ပြောရပါမယ်။ ပြီးရင်တော့ ကွင်းလယ်က ကယ်ဗင်ဖီးလစ်၊ ဒီကလန်ရိုက်စ်၊ စတာလင်၊ ကိန်း တို့ကို တန်းစီ ချီးကျူးရမှာ ဖြစ်ပါတယ်။ တချို့က အင်္ဂလန်ရဲ့ ခြေစွမ်းဟာ ပြီးခဲ့တဲ့ ပွဲတွေကလောက် မကောင်းခဲ့ဘူးလို့ ပြောနေကြပေမယ့် နည်းစနစ် ဗျူဟာချင်း ယှဉ်ရတဲ့ပွဲမှာ သိသိသာသာ တောက်ပပြဖို့ထက် အမှားမလုပ်ဖို့ကသာ အဓိကကျတယ်လို့ မြင်ပါတယ်။ အင်္ဂလန် ပတ်သတ်လာရင် အယုံအကြည် နည်းခဲ့သူ တစ်ယောက် ဖြစ်ပေမယ့် ဒီနေ့ပွဲမှာ အင်္ဂလန် တစ်သင်းလုံးရဲ့ ခြေစွမ်း ကိုတော့ သဘောကျမိတယ်လို့ ဝန်ခံရမှာ ဖြစ်ပါတယ်။

ဂျာမနီရဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲ တစ်ခုလုံး ခြေစွမ်း ကတော့ ဒီလောက်အဆင့်ကို ရောက်ရှိလာခဲ့တာပဲ ကျေနပ်သင့်တဲ့ အခြေအနေ ဖြစ်ပါတယ်။
အခုပွဲ အပါအဝင် ယူရိုပြိုင်ပွဲ နောက်ဆုံး အဆင့် ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့တဲ့ ဂျာမနီ

 

ပွဲစဉ်ရဲ့ အဓိကအချက်အလက်များ

  •  အင်္ဂလန်တို့ ယူရိုသမိုင်းတစ်လျှောက် ၁၉၆၈ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် ပင်နယ်တီ အဆုံးအဖြတ် မခံယူရပဲ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
  •  အင်္ဂလန်တို့ ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ အဓိကပြိုင်ပွဲကြီးတွေရဲ့ နောက်ဆုံး အဆင့် ပွဲစဉ်အားလုံး ရှုံးပွဲမရှိခဲ့တဲ့ စံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ (၁၀ ပွဲနိုင်၊ ၄ ပွဲသရေ)
  • အင်္ဂလန်တို့ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် ၁၅ ပွဲကစားခဲ့ရာမှာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။(ပင်နယ်တီမပါ၊ ၈ ပွဲနိုင်၊ ၆ ပွဲသရေ)
  • ဆောက်ဂိတ်ရဲ့ အင်္ဂလန်တို့ လက်ရှိအချိန်ထိ ယူရို ၂၀၂၀ မှာ ကစားထားတဲ့ ၄ ပွဲလုံး ပေးဂိုး မရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး ဒါဟာ ၁၉၆၆ တုန်းက ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ အင်္ဂလန်တို့ရဲ့ စွမ်းဆောင်ရည်နဲ့ တူညီနေခဲ့တာ ဖြစ်ပါတယ်။
  • စတာလင် အနေနဲ့ အင်္ဂလန် အသင်း အတွက် ကစားခဲ့တဲ့ နောက်ဆုံး ပွဲ ၂၀ မှာ ၁၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
  • အင်္ဂလန်တို့ စတာလင် ဂိုးသွင်းနိုင်ခဲ့တဲ့ ၁၃ ပွဲလုံး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
  • ဂျာမနီတို့ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် ၆ ပွဲကစားခဲ့ရာမှာ ၁ ပွဲသာ အနိုင်ရခဲ့ပါတယ်။
  • ဂျာမနီတို့ နောက်ဆုံး ကစားခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲစုံ ပွဲပေါင်း ၃၀ မှာ တတိယအကြိမ်မြောက် ဂိုးမသွင်းနိုင်ခဲ့တဲ့ ပွဲလည်း ဖြစ်ခဲ့ပါတယ်။
  • ယော်ကင်လိုးရဲ့ အသင်း အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပွဲပေါင်း ၁၈ ပွဲမှာ ဂိုးမပေးရတဲ့ပွဲ ၃ ပွဲပဲ ရှိခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

အင်္ဂလန်တို့ လာမယ့် ဇူလိုင်လ ၃ ရက်နေ့ မှာတော့ အီတလီနိုင်ငံ၊ ရောမမြို့က အိုလံပီကိုကွင်းမှာ ဆွီဒင်ကို အနိုင်ယူ ကျော်ဖြတ်လာတဲ့ ယူကရိန်း အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်