နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူရို သမိုင်းတစ်လျှောက် ဒုတိယမြောက် ဂိုးအများဆုံးပွဲ – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

ခရိုအေးရှား ၃ – ၅ စပိန်

(မိနစ်၉၀ ရလဒ် ၃-၃၊ အချိန်ပိုမှာ စပိန်အနိုင်ရ)

(ပက်ဒရီ ၂၀’(OG)၊ အော်ဆစ်ခ် ၈၅’၊ ပါဆာလစ် ၉၀+၂’)  (ဆာရားဘီးယား ၃၈’၊  အက်ဇ်ပီလီကျူအာတာ ၅၇’၊ ဖာရန်းတောရက်စ် ၇၇’၊ မိုရာတာ ၁၀၀’၊ အိုရာဇာဘယ် ၁၀၃’)

ခရိုအေးရှားနဲ့ စပိန်တို့ ကစားခဲ့တဲ့ ယူရို ၂၀၂၀ ရှုံးထွက် ပွဲစဉ် ကတော့ အပြန်အလှန် သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှုရသ အပြည့်အဝ ပေးနိုင်ခဲ့သလို သာမန် ပွဲကစားချိန် အတွင်း အနိုင်/အရှုံး မပေါ်ခဲ့တာကြောင့် ဘောလုံး ဝါသနာရှင်တွေ အနေနဲ့ မိနစ် ၁၂၀ အပြည့် တန်အောင် ကြည့်ခွင့်ရခဲ့တဲ့ ပွဲဆိုရင်လည်း မမှားပါဘူး။ စပိန်တို့ ယူရို ၂၀၂၀ မှာ ၅ ဂိုးပြတ်နဲ့ နှစ်ပွဲဆက် အနိုင်ရခဲ့ခြင်း ဖြစ်သလို ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် နှစ်သင်းပေါင်း သွင်းဂိုး အများဆုံး ပွဲလည်း ဖြစ်ခဲ့တာပါ။

ပွဲစဉ်နဲ့ ပတ်သတ်ပြီး အကျဉ်းချုံး ပြန်ပြောရမယ် ဆိုရင် စပိန်ဟာ ဒီနေ့ပွဲမှာ ခရိုအေးရှားကို ပွဲစကတည်းက အကောင်းဆုံးပုံစံနဲ့ ရင်ဆိုင်နိုင်ခဲ့ပေမယ့် ပွဲချိန် မိနစ် ၂၀ မှာ ဂိုးသမား အူနိုင်းဆီမွန် အာရုံစူးစိုက်မှု နည်းခဲ့တာကြောင့်  ပက်ဒရီရဲ့ အမှတ်မထင် နောက်ပြန်ပေးတဲ့ ဘောလုံးဟာ ဂိုးပေါက်ထဲကို တန်းတန်းမတ်မတ် ဝင်သွားခဲ့လို့ ခရိုအေးရှားတို့ ကံကောင်းစွာနဲ့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ခရိုအေးရှား ကတော့ ထုံးစံအတိုင်း မိုဒရစ် ပါဝင်တဲ့ ကွင်းလယ်ဟာ အချိတ်အဆက် မမိသလို ကစားပုံ ပျက်နေတာကြောင့် စပိန်ရဲ့ တစ်ဖက်သတ် ဖိကစားခြင်းကို ခံနေရပြီး ပွဲချိန် ၃၈ မိနစ် မှာတော့ ဆာရားဘီးရားက စပိန်အတွက် ချေပဂိုး သွင်းပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း စပိန်တို့ပဲ တောက်လျောက် ဖိအားပေး ကစားနေတာ ကနေ ၅၇ မိနစ်နဲ့ ၇၇ မိနစ်တို့မှာ အက်ဇ်ပီလီကျူအာတာနဲ့ ဖာရန်းတောရက်စ် တို့က ၂ ဂိုးသွင်းပေးခဲ့လို့ စပိန်တို့ ၃-၁ နဲ့ ဦးဆောင်နေခဲ့ပါတယ်။ အဲ့ဒီနောက် နည်းပြ လူးဝစ်အင်းနရစ်ခ် အနေနဲ့ ၁-၃ ဆိုတဲ့ ရလဒ်ဟာ အနိုင်ရပြီလို့ သေချာပေါက် တွက်ဆခဲ့လို့ လူစား အပြောင်းအလဲတွေ လုပ်ခဲ့ရာ ကနေ ပွဲချိန်မပြည့်မချင်း အရှုံးမပေးတတ်တဲ့ ခရိုအေးရှားရဲ့ တိုက်ပွဲဝင် စိတ်ကြောင့် ပွဲချိန် ၈၅ မိနစ်နဲ့ ဒုတိယပိုင်း ပွဲပြီးလို့ နာကျင်အချိန်ပို ၂ မိနစ် တို့မှာ အော်ဆစ်နဲ့ ပါဆာလစ်တို့က ချေပဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့ပါတယ်။ ၃-၃ ရလဒ်ကြောင့် ခရိုအေးရှားနဲ့ စပိန်တို့ အချိန်ပိုကစားဖို့ အကြောင်းဖန်လာပြီး အချိန်ပိုမှာတော့ လူငယ်ကစားသမားတွေ များတဲ့ စပိန်တို့ ကစားအား မကျသွားသလို အော်လမို၊ အိုရာဇာဘယ်၊ မိုရာတာ တို့ရဲ့ တိုက်စစ် ကလည်း အချိတ်အဆက် ပိုမိုလာခဲ့ပါတယ်။ ခရိုအေးရှား ကတော့ ပွဲချိန်ကြာလေ ပိုပြီး ခြေကျလာလေ ဖြစ်ခဲ့တာကြောင့် ပွဲချိန် မိနစ် ၁၀၀နဲ့ ၁၀၃ မိနစ်တွေမှာ မိုရာတာနဲ့ အိုရာဇာဘယ် တို့က ၂ ဂိုးဆက် သွင်းယူနိုင်ခဲ့ပါတယ်။ လက်ကျန် မိနစ် အနည်းငယ်မှာ ခရိုအေးရှား တိုက်စစ်က အော်ဆစ်၊ ပါဆာလစ်၊ ကရာမာရစ်ခ်တို့ ချေပဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် စပိန်တို့ အကောင်းဆုံး ထိန်းကစားသွားနိုင်ခဲ့လို့ ၃-၅ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

စပိန်တို့ လာမယ့် ဇူလိုင်လ ၂ ရက်နေ့မှာ ဆွစ်ဇာလန် အသင်းနဲ့ ယူရို ၂၀၂၀ ကွာတားဖိုင်နယ် ကစားဖို့ ရုရှားက စိန့်ပီတာစဘတ် မြို့ဆီ ချီတက်ရမှာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ် မှာ ဆွစ်ဇာလန်နဲ့ ကွာတားဖိုင်နယ် ကစားရမယ့် စပိန်

ကြယ်ပွင့် ကစားသမား – ဆာဂျီယို ဘူးစကွက်စ်

(စာရေးသူ စိတ်ကြိုက်ကစားသမား – ဒန်နီ အော်လမို)

ဒီပွဲအတွက် ကြယ်ပွင့်ကစားသမားဆုကိုတော့ စပိန် ကွင်းလယ်က ဆာဂျီယို ဘူးစကွက်စ် ရရှိသွားခဲ့ပါတယ်။ UEFA နည်းစနစ် လေ့လာသူ ပီတာ ရက်ဒ်ဘေ့ခ် ကတော့ ဘူးစကွက်စ်ဟာ တိုက်စစ်နဲ့ ခံစစ်ကို ကောင်းမွန်စွာ ထိန်းချုပ်သွားခဲ့ပြီး အေးဆေး တည်ငြိမ်လွန်းတယ် ဆိုပြီး သုံးသပ်ခဲ့ပါတယ်။ ဘူးစကွက်စ်ဟာ အခုနှစ် ယူရိုမှာ ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံး ကစားသမားဆုကို ပြီးခဲ့တဲ့ ဆလိုဗက်ကီးယားနဲ့ အုပ်စု နောက်ဆုံးပွဲမှာ တစ်ကြိမ်၊ အခုပွဲမှာ တစ်ကြိမ်နဲ့ ၂ ပွဲဆက် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ စာရေးသူ အနေနဲ့ ကတော့ ဘူးစကွက်စ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်လို့တော့ အထွေအထူး ပြောစရာ မရှိပေမယ့် ဆရားဘီးယား အစား ဝင်လာခဲ့တဲ့ တောင်ပံ ကစားသမားလေး ဒန်နီ အော်လမိုရဲ့ ခြေစွမ်းကိုတော့ မဖြစ်မနေ ချီးကျူးချင်ပါတယ်။ အော်လမိုဟာ ဒီနေ့ပွဲမှာ မိနစ် ၅၀ နီးပါးပဲ ကစားခဲ့ရပေမယ့် စပိန်အသင်းရဲ့ အချိန်ပိုသွင်းဂိုး(သို့) အနိုင်ဂိုး ၂ ဂိုးလုံး အတွက် ဂိုးဖန်တီးပေးခဲ့သူ ဖြစ်ပြီး ကာလက်တာ-ကား ပိတ်ဆို့ နိုင်ခဲ့တာကြောင့် သူကိုယ်တိုင် ဂိုးသွင်းနိုင်မယ့်  အခွင့်အရေး ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

 

ပွဲစဉ်ရဲ့ အဓိကအချက်အလက်များ

·                      အဲလ်ဗားရိုး မိုရာတာ အနေနဲ့ စပိန် အတွက် ယူရိုပြိုင်ပွဲမှာ ၅ ဂိုးမြောက် သွင်းဂိုး ရရှိခဲ့တာ ဖြစ်ပြီး ဖာနန်ဒို တောရက်စ်ရဲ့ စံချိန်နဲ့လည်း တူညီသွားခဲ့ပါတယ်။

·                      စပိန်ဟာ ယူရိုပြိုင်ပွဲ သမိုင်းမှာ ၂ ပွဲဆက် ၅ ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဦးဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။

·                      ၁၈ နှစ်နဲ့ ၂၁၅ ရက်သာ ရှိသေးတဲ့ စပိန် ကွင်းလယ်ကစားသမားလေးဟာ ပက်ဒရီ ယူရိုပြိုင်ပွဲ ရှုံးထွက်အဆင့်ရဲ့ အသက် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

·                      စပိန် ညာနောက်ခံလူ အက်ဇ်ပီလီကျူအာတာ အနေနဲ့ ကတော့ စပိန် အတွက် ပွဲထွက် ကစားခွင့် ရခဲ့တဲ့ ၂၇ ပွဲ မြောက်မှာ ပထမဦးဆုံး သွင်းဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။

·                      စပိန်တို့ ယူရို ၂၀၁၂ နောက်ပိုင်း ပထမဦးဆုံး အကြိမ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

·                      ယူရို ၂၀၀၀ နောက်ပိုင်း ရှုံးထွက်အဆင့် ပထမဦးဆုံးအကြိမ် အပြန်အလှန် သွင်းဂိုးတွေနဲ့ စပိန်တို့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

·                      ပက်ဒရီဟာ လက်ရှိ ယူရို ၂၀၂၀ မှာ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ ၉ ဦးမြောက် ကစားသမား ဖြစ်ခဲ့ပါတယ်။

 

လာမယ့် ပွဲစဉ်များ

စပိန်တို့ လာမယ့် ဇူလိုင်လ ၂ ရက်နေ့မှာ ဆွစ်ဇာလန် အသင်းနဲ့ ယူရို ၂၀၂၀ ကွာတားဖိုင်နယ် ကစားဖို့ ရုရှားက စိန့်ပီတာစဘတ် မြို့ဆီ ချီတက်ရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်