နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လီဗန်တေးကို ချေပဂိုးတွေ ပြန်ပေးပြီး အခွင့်ကောင်း မယူတတ်ဘူး ဆိုတာ ပြသလိုက်တဲ့ ဘာစီလိုနာ – လာလီဂါ ပွဲပြီးသုံးသပ်ချက်

လီဗန်တေး ၃ – ၃ ဘာစီလိုနာ

လာလီဂါ ထိပ်သီးတွေရဲ့ အခွင့်ကောင်းမယူတတ်တဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါပဲလို့ပဲ ပြောရမလား မသိတော့ပါဘူး။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ရီးရဲယ်မက်ဒရစ်တို့ အက်တလက်တီကိုနဲ့ ဘာစီလိုနာတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ကို ရီးရဲယ်မက်ဒရစ်တို့ အခွင့်ကောင်းမယူနိုင်ခဲ့သလို အခုပွဲမှာလည်း ဘာစီလိုနာတို့ ၂ ဂိုးပြတ်နဲ့ ဦးဆောင်ပြီးမှ ပွဲပြီးဆုံးချိန်မှာ ၃-၃ ရလဒ် ထွက်ပေါ်ခဲ့လို့ အမှတ်လျော့ခဲ့ရပြန်ပါတယ်။

ဒီနေ့ပွဲမှာ ဘာစီလိုနာ တိုက်စစ်က လီယွန်နယ်မက်ဆီ၊ ဂရစ်ဇ်မန်းတို့ ဦးဆောင်လာပြီး ကွင်းလယ်မှာ အလာဘာ၊ ဖရန်ကီ ဒီယောင်၊ ပက်ဒရီ၊ ဒမ်ဘီလီ၊ ဘူးစကွက်စ်၊ နောက်တန်းမှာ လန်းဂ်လတ်၊ ပီကေး၊ အာရူဂျိုနဲ့ ဂိုးမှာ တာစတီဂန် တို့ ပါဝင်လာပါတယ်။ လီဗန်တေး ဘက်မှာ‌တော့ ရာဒိုဂျာ၊ ဗူဆီဗစ်တို့ ပါဝင်လာနိုင်ခြင်း မရှိတာကလွဲလို့ လူစုံခဲ့ပြီး မိုရာလက်စ်၊ ရိုဂျာ၊ မီလဲရို၊ မီရာမွန်၊ ဒူရာတီ၊ တိုနိုး၊ ဘက်ဒ်ဟီ တို့လို အမာခံကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ ပွဲစကတည်းက ဘာစီလိုနာ တို့ လီဗန်တေး ဘက်ကို မက်ဆီ၊ ဒီယောင်၊ ပက်ဒရီ၊ ဒမ်ဘီလီ တို့ရဲ့ တွဲလုံးတွေက တစ်ဆင့် အိမ်ရှင်အသင်း ဘက်ကို ထိုးဖောက် တိုက်စစ်ဆင်ခဲ့ပြီး ပွဲချိန် ၂၅ မိနစ်မှာ မက်ဆီက ဦးဆောင်ဂိုး စတင် သွင်းယူပေးခဲ့ပြီး ၃၄ မိနစ်မှာလည်း ပက်ဒရီက ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါ့ကြောင့် ပထမပိုင်းအပြီး ၀-၂ ရလဒ် ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာတော့ အိမ်ရှင် လီဗန်တေးတို့ ခြေပြန်မိလာခဲ့ပြီး ဘာစီလိုနာ ဘက်ကို ထိရောက်တဲ့ ထိုးဖောက်မှုတွေနဲ့ တန်ပြန် ခြိမ်းခြောက်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ၅၇ မိနစ်မှာ လီဗန်တေးတို့ ပထမချေပဂိုး စတင်ရရှိသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ မီရာမွန်ရဲ့ ကန်တင်ပေးပို့မှုကနေ မီလဲရိုက အပိုင်ခေါင်းတိုက်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ချေပဂိုး ပေးလိုက်ရပြီးနောက် ဘာစီလိုနာတို့ ကစားကွက် ပြန်မတည်နိုင်သေးခင်မှာပဲ လီဗန်တေးတို့ ဒုတိယချေပဂိုး ထပ်ပြီး သွင်းယူသွားနိုင်ခဲ့ပါတယ်။ မက်ဆီရဲ့ လူပေးမှားမှုကို ရိုဂျာက ကြားဖြတ်ယူသွားပြီး ဂိုးရှေ့ပြန်မပေးတာကို မိုရာလက်စ်က ထောင့်ဖြတ် အနေအထားကနေ မြေမကျလှလှပပ ကန်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ၆၄ မိနစ်မှာတော့ အူစမန်နီ ဒမ်ဘီလီက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် လီဗန်တေးရဲ့ ကစားအားကို မထိန်းချုပ်နိုင်တော့တဲ့ ဘာစီလိုနာတို့ ၈၃ မိနစ်မှာ တတိယမြောက် ချေပဂိုး ပေးလိုက်ရပြန်ပါတယ်။ ဒီဂိုးကိုတော့ တိုနိုရဲ့ ဖန်တီးပေးမှုကနေ လူစားဝင် တိုက်စစ်မှူး ဆာဂျီယို လီယွန်က ဂိုးသမားရဲ့ အနီးတိုင်ဘက်ကို ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာ လီဗန်တေးတို့ တတ်နိုင်သမျှ ထိန်းကစားသွားတာကြောင့် ၃-၃ နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။

လီဗန်တေး ကတော့ အခုပွဲမှာ သရေ ၁ မှတ်ထပ်ရခဲ့လို့ ရမှတ် ၄၀ နဲ့ လာလီဂါ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး ပြီးခဲ့တဲ့ ရာသီကလိုပဲ အမှတ်ပေးဇယား အလယ်အလတ် ကနေပဲ ရာသီသိမ်းမယ့် သဘော ရှိနေပါတယ်။
လာလီဂါ ၆ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့ လီဗန်တေး

 

ပွဲပြီးသုံးသပ်ချက်

ဘာစီလိုနာတို့ အခုပွဲမှာ သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရလို့ လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်သွားခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲယ်မက်ဒရစ် ထက် တစ်ပွဲပို ကစားပြီး ၁ မှတ် အသာနဲ့ အဆင့် ၂ နေရာကို တက်လှမ်းခဲ့ပြီး အက်တလက်တီကို မက်ဒရစ်နဲ့ တစ်မှတ်ကွာဟနေပါတယ်။ ဒါ့ကြောင့် ဘာစီလိုနာတို့ အခုတစ်ပတ်မှာ အက်တလက်တီကိုမက်ဒရစ်နဲ့ ရီးရဲယ်ဆိုစီဒက်စ်ပွဲ၊ ဂရန်နာဒါနဲ့ ရီးရဲယ်မက်ဒရစ် တို့ရဲ့ ပွဲ အဖြေတွေကို စောင့်ကြည့်ရမှာ ဖြစ်ပြီး လာလီဂါ ချန်ပီယံ ဘယ်အသင်းဖြစ်မလဲ ဆိုတာကတော့ နောက်ဆုံး ပွဲစဉ်တွေ အထိ ရင်ခုန်စရာကောင်းနေခဲ့ပြီ ဖြစ်ပါတယ်။ လီဗန်တေး ကတော့ အခုပွဲမှာ သရေ ၁ မှတ်ထပ်ရခဲ့လို့ ရမှတ် ၄၀ နဲ့ လာလီဂါ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး ပြီးခဲ့တဲ့ ရာသီကလိုပဲ အမှတ်ပေးဇယား အလယ်အလတ် ကနေပဲ ရာသီသိမ်းမယ့် သဘော ရှိနေပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဘာစီလိုနာတို့ လာမယ့်ပွဲစဉ် အဖြစ် ဆဲလ်တာဗီဂိုနဲ့ ကစားဖို့ရှိပြီး လီဗန်တေး ကတော့ ဂီတာဖေးနဲ့ တွေ့ဆုံနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်