နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကံဆိုးလွန်းတဲ့ ပေါ်တူဂီ၊ စံချိန် ဆက်ချိုးခွင့် မရှိတော့တဲ့ ရော်နယ်ဒို – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

ဘယ်ဂျီယံ ၁ – ၀ ပေါ်တူဂီ

(သော်ဂန် ဟာဇက် ၄၂’)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ ရှုံးထွက်အဆင့် အကောင်းဆုံး ပွဲတစ်ပွဲ မှာတော့ ဘယ်ဂျီယံတို့ သော်ဂန်ဟာဇက်ရဲ့ ပထမပိုင်း ပွဲပြီးခါနီးမှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ လက်ရှိ ချန်ပီယံကို ပေါ်တူဂီကို အနိုင်ရသွားခဲ့ပါတယ်။ ယူရို ၂၀၁၆ ချန်ပီယံ ပေါ်တူဂီတို့ ဘယ်ဂျီယံကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခဲ့ရတာကြောင့် ဥရောပချန်ပီယံ သရဖူ ကို ကာကွယ်နိုင်ဖို့ အပြင် စံချိန်သစ်တွေ ထပ်တင်ဖို့ အကောင်းဆုံး မျှော်လင့်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ ယူရို ၂၀၂၀ စိတ်ကူးအိမ်မက်တွေ ကတော့ တစ်စစီ ပဲ့ကြွေသွားခဲ့ရပါတယ်။

ဒါပေမယ့် ဒီခြေစွမ်းနဲ့သာ ဆိုရင် ဘယ်ဂျီယံတို့ ယူရို ၂၀၂၀ ချန်ပီယံ ဖြစ်ဖို့ မျှော်လင့်နိုင်မယ့် အခြေအနေ မဟုတ်ပါဘူး။
နောက်ဆုံး ကစားခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ် ၂၇ ပွဲမှာ ၂၃ ပွဲ အထိ အနိုင်ရခဲ့တဲ့ ဘယ်ဂျီယံ

ဒီနေ့ပွဲမှာလည်း နည်းပြကြီး ဖာနန်ဒို ဆန်းတို့စ်ရဲ့ ပွဲထွက်ကစားသမား ရွေးချယ်မှုက လုံးဝ မှန်ကန်ခဲ့တယ်လို့ ပြောရမှာ ဖြစ်ပြီး တစ်ပွဲလုံး အတိုင်းအတာနဲ့ ဆိုရင်‌ ပေါ်တူဂီတို့ ဘယ်ဂျီယံကို လွှမ်းမိုး ကစားသွားနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ပွဲပြီး အချက်အလက်တွေ ပြန်ကြည့်ရင် ပေါ်တူဂီတို့ ဂိုးရဖို့ ကြိုးပမ်းခဲ့တဲ့ အကြိမ်ဟာ ၂၄ ကြိမ် အထိ ရှိခဲ့ပြီး ဘယ်ဂျီယံ ကတော့ ၆ ကြိမ်ပဲ ရှိခဲ့တာပါ။ ဂိုးပေါက်တည့်မှုမှာ ပေါ်တူဂီက ၅ ကြိမ်၊ ဘယ်ဂျီယံက ၁ ကြိမ် ရှိခဲ့ပါတယ်။ ဒါကိုမှ ဘယ်ဂျီယံက သွင်းဂိုး ၁ ဂိုး ရအောင် စွမ်းဆောင်သွားနိုင်ခဲ့ပြီး ပေါ်တူဂီ ကတော့ ဂွာရဲရိုး တိုင်ထိတာ၊ ရူဘင်ဒီးရာ့စ်နဲ့ ဂျာအိုဖီးလစ်ရဲ့ ခေါင်းတိုက်ချက်ကို သီဘိုကော့တွာ့စ် ကာကွယ်နိုင်ခဲ့တာတွေကြောင့် အကြိမ်ကြိမ် အခါခါ ကြိုးပမ်းပေမယ့်လည်း အချည်းအနှီးသာ ဖြစ်ခဲ့ရတာ့ပါ။ ဟာဇက်ရဲ့ ဂိုးကို ပြန်ကြည့်မယ် ဆိုရင်လည်း ကန်ချက် တအား ကောင်းခဲ့တာ မဟုတ်သလို ဂိုးရဲ့ အလည်တည့်တည့်လောက်ကို ဝင်ခဲ့တာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် ပက်ထရီစီယိုရဲ့ နေရာယူ မမှန်ကန်မှုကိုပဲ အပြစ်တင်သင့်ပါတယ်။ ဂိုးပေးလိုက်ရပြီး နောက်ပိုင်း ဖာနန်ဒို ဆန်းတို့စ်ရဲ့ လူစားလဲမှု ထပ်ပြီး မှန်ကန်ခဲ့ပေမယ့် ဘရူနို ဖာနန်ဒက်စ် အလုပ်ဖြစ်သလောက် ဂျာအိုဖီးလစ် ကတော့ ကွင်းထဲမှာ နုရွလွန်းနေခဲ့ပါတယ်။ ဂျာအိုဖီးလစ်နဲ့ ပတ်သတ်လို့ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်းကိန်းက ပွဲအပြီးမှာ “ ဖီးလစ်ဟာ ပွဲအတွင်းမှာ ဟန်ဆောင်နေသူပါ။ ကိုယ့်နိုင်ငံအသင်းအတွက် ပေးဆပ် ကစားရတဲ့ အချိန်မှာ ဂိုးပေါက်တော့ တည့်အောင်ကန်မှပေါ့။ ဖီးလစ်က ပေါင် သန်း ၁၀၀ တန်လို့လား။ ကျွန်တော်သာ ရော်နယ်ဒို နေရာမှာ ဆိုရင် အဝတ်လဲခန်းထဲ ရောက်တာနဲ့ သူ့ကို အပီနွှာမိမှာပဲ။ ” လို့ ပြင်းပြင်းထန်ထန်ကို ဝေဖန်သွားခဲ့တာပါ။ ဘယ်ဂျီယံ ကတော့ ဒီနေ့ပွဲမှာ နိုင်ငံတကာပွဲပေါင်း ၁၀၀ ကျော် ကစားထားတဲ့ ခံစစ်မှူး ၃ ဦးနဲ့ ပေါ်တူဂီ တိုက်စစ်ကို ထိန်းချုပ်ပြသွားတာ ကတော့ တကယ့်ကို လေးစားစရာပါ။ ဒါပေမယ့် ဒီခြေစွမ်းနဲ့သာ ဆိုရင် ဘယ်ဂျီယံတို့ ယူရို ၂၀၂၀ ချန်ပီယံ ဖြစ်ဖို့  မျှော်လင့်နိုင်မယ့် အခြေအနေ မဟုတ်ပါဘူး။ လာမယ့် အဆင့်တွေမှာ ဒီထက်ပိုပြီး ခက်ခဲဖို့ပဲ ရှိပါလိမ့်မယ်။

 

ကြယ်ပွင့် ကစားသမား – သော်ဂန် ဟာဇက်

(စာရေးသူ စိတ်ကြိုက်ကစားသမား – သော်ဂန် ဟာဇက်)

ဒီပွဲအတွက် ကြယ်ပွင့်ကစားသမားဆုကိုတော့ တစ်လုံးတည်းသော အနိုင်ဂိုးကို ရယူပေးခဲ့တဲ့ သော်ဂန်ဟာဇက်ပဲ ရရှိသွားပါတယ်။ UEFA နည်းစနစ် လေ့လာသူ ဂီနက်စ် မယ်လန်ဒက်စ် ကတော့ သော်ဂန် ဟာဇက် ကတော့ တိုက်စစ်ရော ခံစစ်မှာပါ အကောင်းဆုံး ကစားသွားတဲ့ ကစားသမား ဖြစ်ပြီး ထူးခြားပြောင်မြောက်တဲ့ ဂိုးကိုလည်း သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။ သော်ဂန် ဟာဇက် အနေနဲ့ ဒဏ်ရာကြောင့် ကြံခိုင်မှု မပြည့်ဝတဲ့ အကို ဖြစ်သူ ဟာဇက်နဲ့ ကီဗင်ဒီဘရိုင်းနားတို့ ခြေစွမ်းမပြနိုင်ချိန်မှာ ဘယ်ဂျီယံ တောင်ပံ ကနေ အကောင်းဆုံး ဖြည့်ကစားသွားနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။ သွင်းဂိုးနဲ့ ပတ်သတ်လို့တော့ သော်ဂန်ဟာဇက်ကို ချီးကျူးတာထက် ပေါ်တူဂီ ဂိုးသမား ရူအီပက်ထရီစီယိုရဲ့ အားနည်းမှုလို့ပဲ မြင်ပါတယ်။

 

ပွဲစဉ်ရဲ့ အဓိကအချက်အလက်များ

·                ဘယ်ဂျီယံတို့ နောက်ဆုံး ကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲနဲ့ နောက်ဆုံး အဆင့် ၁၄ ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့ခြင်း ဖြစ်ပြီး ဂျာမနီ၊ လက်ရှိ အီတလီတို့ ရရှိထားတဲ့ စံချိန်တွေနဲ့ တူညီသွားခဲ့ပါတယ်။

·                ဘယ်ဂျီယံဟာ  သူတို့ နောက်ဆုံး ကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ် ၂၇ ပွဲမှာ ၂၃ ပွဲ အထိ အနိုင်ရခဲ့ပါတယ်။

·                သော်ဂန်ဟာဇက် အနေနဲ့ ၂၀၂၁ ခုနှစ် အတွင်း ဘယ်ဂျီယံ အတွက် ကစားခဲ့တဲ့ ၇ ပွဲမှာ ၄ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

·                ဘယ်ဂျီယံတို့ နောက်ဆုံးကစားခဲ့တဲ့ ၃၄ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပြီး ယူရိုပြိုင်ပွဲ ရှုံးထွက်အဆင့် ၆ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

·                ဘယ်ဂျီယံတို့ နောက်ဆုံးကစားခဲ့တဲ့ ယူရိုပြိုင်ပွဲ နောက်ဆုံး အဆင့် ပွဲစဉ် ၈ ပွဲမှာ ၆ ပွဲဟာ ပေးဂိုး မရှိခဲ့ပါဘူး။

·                ယူရို ၂၀၂၀ ဟာ လက်ရှိ ချန်ပီယံတွေ ၁၆ သင်း ရှုံးထွက်အဆင့် ကနေပဲ ထွက်ခွာခဲ့ရတဲ့ ၂ ကြိမ်ဆက် ပြိုင်ပွဲ ဖြစ်လာခဲ့ပါတယ်။

·                အခုပွဲဟာ ပေါ်တူဂီတို့ နောက်ဆုံးကစားခဲ့တဲ့ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ် ၉ ပွဲမှာ ပထမဦးဆုံးအကြိမ် ဂိုးမသွင်းနို်ငခဲ့တဲ့ ပွဲဖြစ်ခဲ့ပါတယ်။

·                ပီပီ (၃၈ နှစ်နဲ့ ၁၂၁ ရက်)ဟာ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ရှုံးထွက်ပွဲစဉ် ကစားခဲ့တဲ့ အသက်အကြီးဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

 

လာမယ့် ပွဲစဉ်များ

စံချိန်ကောင်းတွေ ထပ်တင်နိုင်ခဲ့တဲ့ ဘယ်ဂျီယံတို့ လာမယ့် ဇူလိုင်လ ၂ ရက်နေ့၊ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ သူတို့လိုပဲ စံချိန်ကောင်းတွေနဲ့ ကွာတားဖိုင်နယ် တက်လာတဲ့ မန်ချီနီရဲ့ အီတလီနဲ့ အကြိတ်အနယ် နွှဲရဦးမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်