နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အပြိုင် ခြေစွမ်းပြ မှာလား…။ အပြိုင် ညံ့ကြမှာလား…။ ခန့်မှန်းရခက်သားကွယ်…။ စပိန်နဲ့ ခရိုအေးရှားရယ်…။ – ယူရို ၂၀၂၀ ပွဲကြိုသုံးသပ်ချက်

ခရိုအေးရှား vs စပိန်

အစဉ်အလာ ပြိုင်ဘက်တွေလို့ ပြောရလောက်အောင် နောက်ပိုင်း နှစ်တွေမှာ တောက်လျောက် ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ခရိုအေးရှားနဲ့ စပိန်တို့ရဲ့ ယူရို ၂၀၂၀ ရှုံးထွက်ပွဲစဉ် ကတော့ မနက်ဖြန်ညမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ လက်ရှိ ယူရို ၂၀၂၀ မှာ အဖွင့်ပွဲ ရလဒ်ဆိုးတွေ ကိုယ်စီ ကြုံတွေ့ခဲ့ကြတဲ့ ခရိုအေးရှားနဲ့ စပိန်တို့ အုပ်စု‌ နောက်ဆုံးပွဲမှာ ဂိုးပြတ် နိုင်ပွဲတွေနဲ့ ဒီအဆင့်ကို ရောက်လာတယ် ဆိုပေမယ့် ခြေစွမ်းပိုင်းအရတော့ အပြည့်အဝ ယုံကြည်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့်လည်း ခြေစွမ်းပိုင်း အားရစရာ မရှိသေးရင်တောင်မှ စိတ်ဓာတ်ပိုင်းကတော့ အမြင့်ဆုံးမှာ ရှိနေနိုင်လို့ အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။

ခရိုအေးရှားက လက်ရှိ ယူရို ၂၀၂၀ မှာ ကွင်းလယ်က မိုဒရစ်နဲ့ ကိုဗာချစ် အတွဲမညီမှု နဲ့အတူ တိုက်စစ်ကို ပံ့ပိုးနိုင်မှုမှာ တော်တော်လေး အားနည်းနေတာ‌ တွေ့ရပြီး ခံစစ်ကလည်း ဗီဒါ ကလွဲလို့ လူငယ်ကစားသမားတွေကိုပဲ အသုံးပြုနေရလို့ အတွေ့အကြုံပိုင်း လိုအပ်ချက်တွေ ရှိနေပါတယ်။ လက်ရှိ အချိန်ထိ ယူရို ၂၀၂၀မှာ ခရိုအေးရှားတို့ ၃ ပွဲကစားပြီးပါပြီ။  နည်းပြ ဇလတ်ကိုဒါးလစ် အနေနဲ့ တိုက်စစ်ပိုင်းမှာ ဘယ်ကစားသမားကို အသုံးပြုမယ် ဆိုတာ ဆုံးဖြတ်ဖို့ ခက်နေသေး ရင်တော့ ခရိုအေးရှားတို့ ဒီအဆင့်ကနေ လှည့်ပြန်ရမယ်ဆိုရင်တောင် ကျေနပ်သင့်ပါတယ်။ ခရိုအေးရှားဟာ လက်ရှိ အသင်းကြီးတွေ အားလုံးထဲမှာ အကျပိုင်းကို တော်တော်လေး ရောက်နေတဲ့ အသင်းလို့ ဆိုနိုင်ပြီး ကစားသမား မျိုးဆက်ပြတ် သလောက် ရှိနေတာပါ။ ဖြစ်နိုင်ဖွယ် လူစာရင်း ဆိုရင်တော့ လိုင်ဗာကိုဗစ်၊ ဂျူရန်နိုဗစ်၊ ဗီဒါ၊ ကလက်တာ-ကား၊ ဂါဒီယို၊ မိုဒရစ်ချ်၊ ဘရိုဇိုဗစ်၊ ကိုဗာချစ်၊ ဗလာဆစ်၊ ရီဘစ်၊ ပတ်ကိုဗစ် တို့နဲ့ပဲ ပွဲထွက်လာဖို့ များပါတယ်။ ခရိုအေးရှား အတွက် သတင်းဆိုး ကတော့ လိုဗရန် ပွဲပယ်ပြစ်ဒဏ် ထိထားတာ အပြင် ပယ်ရီဆစ်ချ်လည်း ဖျားနာမှုကြောင့် ပါဝင်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဗစ်ဆလ်ကို ကလည်း လက်ရှိ အချိန်ထိ ပွဲထွက်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

 
ခရိုအေးရှားတို့ သက်ကြီး ကစားသမားတွေ များနေလို့ ခက်ခဲနေတယ်ဆိုလို့ လူးဝစ် အင်းနရစ်ခ်ရဲ့ စပိန်ကလည်း လူငယ်ကစားသမားတွေ တစ်ပုံတစ်ပင် ရှိနေတာတောင် ရုန်းကန်လို့ ကောင်းနေဆဲပါ။ မိုရာတာ အပိုင်အခွင့်အရေးတွေ ဖြုန်းတီးလို့ ကောင်းနေဆဲ ဖြစ်သလို ဂျရတ် မိုရီနိုလည်း လွဲချော်နေဆဲပါပဲ။ စပိန်တို့ လက်ရှိ ယူရို ၂၀၂၀ မှာ ပင်နယ်တီ ၂ ကြိမ် ကန်ခွင့်ရခဲ့ပေမယ့် ၂ ကြိမ်လုံးကို မိုရာတာနဲ့ မိုရီနိုတို့ ဖြုန်းတီးထားခဲ့ပါတယ်။ ဆလိုဗက်ကီးယားကို ၅ ဂိုးပြတ် နိုင်တယ် ဆိုတာလည်း ဂိုးသမား ဒူဗရက်ဗ်ကာနဲ့ ကွင်းလယ်က ကက်ကာတို့ ပေးတဲ့ လက်ဆောင်ဂိုး တွေကြောင့်ပါ။ ဒီလို လူငယ်တွေနဲ့ ခြေကျနေတဲ့ စပိန်ကို ယုံကြည်ဖို့ဆိုတာ ခက်လွန်းပါတယ်။ ယူရို ၂၀၂၀ မှာ ကစားနေတဲ့ စပိန်ဟာ အရင်က မြင်ဖူးခဲ့သမျှ စပိန်အသင်းတွေ အားလုံးနဲ့ ယှဉ်ရင် အညံ့ဆုံး လို့တောင် ပြောလို့ ရပါတယ်။ တီကီတာကာ ဆိုတဲ့ အငွေ့အသက် ပျောက်ဆုံးနေမှုနဲ့ အတူ သွင်းဂိုး ၁ ဂိုးရဖို့တောင် အသည်းအသန် ရုန်းကန်နေတာ ဖြစ်ပါတယ်။ ကိုကီ ကလည်း ခံစစ် အားသန်သလို ဘူးစကွက်စ် ကလည်း ကွင်းလယ်ခံစစ် နေရာမှာ ကစားသူ ဖြစ်လို့ ဂိုးသွင်းနိုင်ဖို့ အတွက် ဆိုရင် အခုပွဲမှာလည်း ကွင်းလယ်က ၁၈ နှစ်သား ပက်ဒရီကိုပဲ အားကိုးရဖို့ ရှိနေပါတယ်။

စပိန်တို့ လက်ရှိ ယူရို ၂၀၂၀ မှာ ပင်နယ်တီ ၂ ကြိမ် ကန်ခွင့်ရခဲ့ပေမယ့် ၂ ကြိမ်လုံးကို မိုရာတာနဲ့ မိုရီနိုတို့ ဖြုန်းတီးထားခဲ့ပါတယ်။
ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အဖြစ် ဂျာမနီနဲ့ ပူးတွဲရပ်တည်နေတဲ့ စပိန်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ခရိုအေးရှားနဲ့ စပိန်တို့ရဲ့ သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှု ၇ ကြိမ်မှာ နောက်ဆုံး ၄ ကြိမ်ဟာ အဓိက ပြိုင်ပွဲကြီးတွေ ဖြစ်တဲ့ ယူရိုပြိုင်ပွဲနဲ့ နေးရှင်းလိဂ် တို့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ယူရို ၂၀၁၂ မှာ စပိန်တို့ ၀-၁ နဲ့ အနိုင်ရခဲ့ပြီး ယူရို ၂၀၁၆ မှာတော့ ခရိုအေးရှား က ၂-၁ နဲ့ ပြန်လည် အနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ နေးရှင်းလိဂ် အုပ်စုပွဲစဉ် ပထမအကျော့မှာ စပိန်က ခရိုအေးရှားကို အိမ်ကွင်းမှာ ၆ ဂိုးပြတ်နဲ့ စံချိန်တင် အနိုင်ရခဲ့ပြီး ဒုတိယအကျော့ အဝေးကွင်းမှာတော့ ခရိုအေးရှားကို ၃-၂ ရလဒ်နဲ့ အရှုံးပေးထားခဲ့ရပါတယ်။

  •  ခရိုအေးရှားတို့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၃ ပွဲသာ အနိုင်ရခဲ့ပြီး ၃ ပွဲ သရေ၊ ၆ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။
  • ခရိုအေးရှားတို့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ဂိုးမပေးရတဲ့ပွဲ ၂ ပွဲသာ ရှိခဲ့ပြီး ပေးဂိုး ၁၆ ဂိုးအထိ ရှိခဲ့ပါတယ်။
  • စပိန်တို့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၁ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တာ တွေ့ရပြီး ၅ ပွဲနိုင်၊ ၆ ပွဲသရေ ရလဒ် ပိုင်ဆိုင်ထားပါတယ်။
  • စပိန်တို့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ ပွဲမှာ နှစ်သင်းပေါင်း သွင်းဂိုးဟာ တစ်ပွဲ ပျမ်းမျှ ၂.၅ ဂိုး ရှိခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
ခရိုအေးရှား vs စပိန် 1X2 စပိန် @ 1.62
ဇွန် လ ၂၈ ရက်, ည ၁၀:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ ခရိုအေးရှား အတွက် ၆.၅၀ ဆနဲ့ စပိန် အတွက် ၁.၅၇ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၈၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ နှစ်သင်းစလုံး ပြီးခဲ့တဲ့ အုပ်စု နောက်ဆုံး ပွဲစဉ်တွေမှ ဂိုးပြတ်နိုင်ပွဲ ကိုယ်စီ ပြန်ရပြီး အရှိန်အဝါကို ထုတ်ပြထားခဲ့ကြပေမယ့် အရင် တစ်ချိန်က စပိန်လည်း မဟုတ်တော့သလို ခရိုအေးရှားကလည်း အန္တရာယ်များလှပါရဲ့ဆိုတဲ့ ခြေစွမ်းမျိုး မရှိသလောက် ဖြစ်နေခဲ့ပါပြီ။ ဒါကြောင့် မှန်းရခက်ပါတယ်။ ဒါပေမယ့် ခရိုအေးရှားက အဓိက ကစားသမား နှစ်ဦး ဒဏ်ရာရ/ပွဲပယ် ပြစ်ဒဏ်ထိထားလို့ လူစုံပြီး စံချိန်တင် ဂိုးပြတ်နိုင်ပွဲနဲ့ အရှိန်တက်နေမယ့် စပိန်ကို ပိုပြီး မျှော်လင့်ထားချင်ပါတယ်။ ၁-၂ လောက်နဲ့ စပိန်တို့ ကပ်နိုင်သွားမယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်