နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အခွင့်ကောင်းလည်း မယူနိုင်သလို ဆီဗီလာကိုလည်း ချန်ပီယံလုပွဲမှာ မပါခိုင်းတဲ့ ရီးရဲယ် – လာလီဂါ ပွဲကြိုသုံးသပ်ချက်

ရီးရဲယ်မက်ဒရစ် ၂ – ၂ ဆီဗီလာ

အခုတစ်ပတ်မှာတော့ လာလီဂါ ချန်ပီယံလုပွဲ အတွက် အရေးပါတဲ့ ပွဲစဉ်တွေ ကစားခဲ့ပြီး မနေ့ညက ပွဲမှာတော့ ရီးရဲယ်မက်ဒရစ်တို့ ဆီဗီလာကို အိမ်ကွင်းမှာ ၂-၂ ရလဒ်နဲ့ သရေကျသွားခဲ့ပါတယ်။ အစောပိုင်းပွဲစဉ်မှာ အက်တလက်တီကို မက်ဒရစ်နဲ့ ဘာစီလိုနာတို့ သရေကျခဲ့တာကို ရီးရဲယ်မက်ဒရစ်တို့ အခွင့်ကောင်းယူဖို့ ပြင်ဆင်လာခဲ့ပေမယ့် အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက် တချို့ကြောင့်  တစ်ဖက် ၂ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပြီး လက်ကျန် လာလီဂါ ပွဲတွေ ဟာလည်း ပိုပြီး ရင်ခုန်စရာ ကောင်းသွားခဲ့ပါတယ်။

ရီးရဲယ်မက်ဒရစ် နည်းပြ ဇီဒန်းအနေနဲ့ ဒီနေ့ပွဲ မဖြစ်မနေ ရလဒ်ကောင်းတစ်ခု ရှာဖွေနိုင်ဖို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာပြီး တိုက်စစ်မှာ ဘင်ဇီမာ၊ ဗင်နီးစီးယပ်စ် ဂျူနီယာ၊ ဗယ်ဗာဒီ၊ ကွင်းလယ်မှာ မိုဒရစ်၊ ကက်ဆီမီရို၊ တိုနီခရူးစ်၊ နောက်တန်းမှာ အိုဒရီယိုဇိုလာ၊ မီလီတောင်၊ နာချို၊ မာဆယ်လို၊ ဂိုးမှာတော့ ကော့တွိုက်စ် တို့ ပါဝင်လာခဲ့ပါတယ်။ ဧည့်သည် ဆီဗီလာ အသင်း ကတော့ ရီးရဲယ်မက်ဒရစ်လိုပဲ ၄-၃-၃ ကစားကွက်နဲ့ပဲ ပွဲထွက်လာပြီး အိုကမ်ပို့စ်၊ ဆူဆို၊ ရာကီတစ်ချ်၊ ဖာနန်ဒို၊ ကွန်ဒေး၊ ဂျီးဆပ်စ်နားဗက်စ်၊ အကွန်နာ တို့လို ကစားသမားကောင်းတွေနဲ့ ရင်ဆိုင်လာခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ရီးရဲယ်မက်ဒရစ်တို့ ၁၂ မိနစ်မှာ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပေမယ့် VAR က လူကျွံဘော အဖြစ်သာ သတ်မှတ်ပေးခဲ့လို့ ဂိုးအဖြစ် ခွင့်ပြုပေးခြင်း မခံခဲ့ရပါဘူး။ အဲ့နောက် ရီးရဲယ်မက်ဒရစ်တို့ ဆီဗီလာရဲ့ ကစားပုံကြောင့် ရုန်းကန်ခဲ့ရပြီး ပွဲချိန် ၂၂ မိနစ်မှာ ဖာနန်ဒိုရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရပြီး ပထမပိုင်းအပြီးမှာ ၀-၁ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အဆန်ဆီရို၊ မီဂဲလ် ဂူတီယာရက်ဇ်တို့ ဝင်လာခဲ့ပြီး ရီးရဲယ်တို့ ချေပဂိုးရဖို့ ဆီဗီလာ ဘက်ကို ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ၆၇ မိနစ်မှာတော့ တိုနီခရူးစ်ရဲ့ ပေးပို့မှုကနေ မာကို အန်ဆီရိုက ချေပဂိုးကို လှလှပပပဲ သွင်းယူပေးခဲ့လို့ ၁-၁ ရလဒ် ဖြစ်သွားခဲ့ပါတယ်။ ဒီနေ့ပွဲရဲ့ အလှည့်အပြောင်း ဖြစ်စေမယ့် အခြေအနေတစ်ခု ကတော့ ပွဲချိန် ၇၅ မိနစ်လောက်မှာ ဖြစ်ပျက်ခဲ့ပါတယ်။ တန်ပြန် တိုက်စစ်က တစ်ဆင့် ဘင်ဇီမာ ဆွဲပြေးလာတာကို ဂိုးသမား ဘွန်နူ ခပ်ကြမ်းကြမ်း ဖြတ်တားမိရာကနေ ကွင်းလယ်ဒိုင်က ပင်နယ်တီ ပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့ပေမယ့် ဒီအခြေအနေ မတိုင်မီ ရီးရဲယ်မက်ဒရစ် ဂိုးဧရိယာထဲမှာ မီလီတောင် ခေါင်းတိုက် ဖျက်ထုတ်ရင်း ရည်ရွယ်ချက်ရှိရှိ လက်နဲ့ ထိမိသလို ဖြစ်ခဲ့တာကြောင့် ရီးရဲယ် ကန်ရမယ့် ပင်နယ်တီကို ဖျက်ပြီး ဆီဗီလာကိုပဲ ကန်ခွင့်ပေးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို VAR ပြန်ကြည့်ပြီး ဆုံးဖြတ်ခဲ့ပေမယ့် နည်းပြ ဇီဒန်း အပါအဝင် တစ်သင်းလုံးက ကျေနပ်မှုတော့ မရှိခဲ့ပါဘူး။ ပင်နယ်တီကို အိုင်ဗန်ရာကီတစ်ချ်က အမှားအယွင်းမရှိ ကန်သွင်းသွားခဲ့လို့ ဆီဗီလာတို့ ၁-၂ နဲ့ ထပ်မံ ဦးဆောင်နိုင်ခဲ့ပြန်ပါတယ်။ ဒါပေမယ့်လည်း ချေပဂိုးရဖို့ အသည်းအသန် ဖိကစားနေတဲ့ ရီးရဲယ်မက်ဒရစ်တို့ မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၄ မိနစ်မှာ ချေပဂိုး အမှန်တကယ် ရရှိသွားခဲ့ပါတယ်။ တိုနီခရူးစ်ရဲ့ ကန်ချက်က အီဒင်ဟာဇက်နဲ့ ထိပြီး အမှတ်မထင် လမ်းကြောင်းပြောင်း ဂိုးဝင်သွားတာကြောင့် ဂိုးသမား ဘွန်နူလည်း ဘယ်လိုမှကို မတတ်နိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် ၂-၂ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပြီး ဆီဗီလာကို ပြီးခဲ့တဲ့ ၁၀ စုနှစ် အတွင်း ဘာနေဗျူးမှာရော၊ အဲလ်ဖရက်ဒို ဒီ စတက်ဖနို မှာပါ ဆီဗီလာကို မရှုံးနိမ့်ခဲ့တဲ့ စံချိန်ကောင်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ဆီဗီလာ ကတော့ ဘာစီလိုနာနဲ့ ၄ မှတ်အထိ ကွာဟသွားလို့ လာလီဂါ ချန်ပီယံဆု မျှော်လင့်ချက်ကတော့ ဖြစ်နိုင်ချေ နည်းသွားခဲ့ပြီလို့ ပြောလို့ရပါတယ်။
ရီးရဲယ်မက်ဒရစ် အိမ်ကွင်းမှာ ၁၀ စုနှစ် တစ်ခု အတွင်း အနိုင်မရသေးတဲ့ ဆီဗီလာ

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ရီးရဲယ်မက်ဒရစ် တိုက်စစ်က ၃ ဦးစလုံး ခြေမပေါ်ခဲ့တာကြောင့် ဆီဗီလာရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ဂိုးသွင်းဖို့ ရုန်းကန်ခဲ့ရပါတယ်။ အက်ဆန်ဆီရို ဝင်လာတဲ့ အချိန်မှ ရီးရဲယ်မက်ဒရစ် တိုက်စစ်က ပိုပြီး အသက်ဝင်သွားခဲ့တာ ဖြစ်ပြီး တကယ်တမ်း နှစ်သင်းစလုံးရဲ့ ခြေစွမ်းအရ သရေရလဒ်ကသာ ဖြစ်သင့်တဲ့ ပွဲအဖြေ ဖြစ်ပါတယ်။ အက်တလက်တီကိုနဲ့ ဘာစီလိုနာ ထိပ်တိုက်တွေ့ဆုံမှုကို အခွင့်ကောင်း မယူနိုင်ခဲ့တဲ့ ရီးရဲယ်မက်ဒရစ်တို့ ရမှတ် ၇၅ မှတ်နဲ့ လာလီဂါ ထိပ်ဆုံးက အက်တလက်တီကိုမက်ဒရစ်နဲ့ ၂ မှတ်အကွာ၊ ရမှတ်တူနေပေမယ့် ထိပ်တိုက်တွေ့ဆုံမှု အသာရထားတဲ့ ဘာစီလိုနာရဲ့ အထက် အဆင့် ၂ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ဆီဗီလာ ကတော့ ဘာစီလိုနာနဲ့ ၄ မှတ် အထိ ကွာဟသွားလို့ လာလီဂါ ချန်ပီယံဆု မျှော်လင့်ချက် ကတော့ ဖြစ်နိုင်ချေ နည်းသွားခဲ့ပြီလို့ ပြောလို့ရပါတယ်။
 

လာမယ့်ပွဲစဉ်များ

ရီးရဲယ်မက်ဒရစ် အနေနဲ့ လာလီဂါ လက်ကျန်ပွဲစဉ် ၃ ပွဲမှာ ဂရန်နာဒါ၊ ဘီလ်ဘာအို၊ ဗီလာရီးရဲယ် တို့နဲ့ ကစားဖို့ ကျန်နေသေးပြီး ဆိုစီဒက်စ်၊ အိုဆာဆူနာ၊ ဗယ်လာဒိုးလစ်တို့နဲ့ ကစားဖို့ရှိပြီး ဘာစီလိုနာက လီဗန်တေး၊ ဆဲလ်တာဗီဂို၊ အီဘာ၊ ဆီဗီလာ က ဗလင်စီယာ၊ ဗီလာရီးရဲယ်၊ အဲလ်ဗက်စ်တို့နဲ့ ကစားဖို့ ကျန်ရှိနေပါတယ်။ လက်ကျန်ပွဲ အခြေအနေတွေ အရဆိုရင် အက်တလက်တီကို မက်ဒရစ်တို့ ၇ နှစ်ကြာဝေးကွာနေတဲ့ လာလီဂါ ချန်ပီယံဆု ရသွားဖို့ နီးစပ်နေပြီး ရီးရဲယ်မက်ဒရစ်က ဖြစ်နိုင်ချေ ဒုတိယဦးစားပေး၊ ဘာစီလိုနာက တတိယဦးစားပေးနဲ့ ဆီဗီလာ ကတော့ ရာခိုင်နှုန်း အနည်းဆုံးမှာ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်