နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂလတ်ဘတ်ကို ၆ ဂိုးသွင်းပြီး အောင်ပွဲခံတဲ့ ၉ နှစ်ဆက် ချန်ပီယံ ဘေယန်မြူးနစ် – ဘွန်ဒက်စ်လီဂါ ပွဲပြီးသုံးသပ်ချက်

ဘေယန်မြူးနစ် ၆ – ၀ မိုချင်ဂလတ်ဘတ်

မနေ့ညက ကစားခဲ့တဲ့ ဘေယန်မြူးနစ်နဲ့ မိုချင်ဂလတ်ဘတ်တို့ရဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာတော့ ဘေယန်မြူးနစ်တို့ တိုက်စစ်မှူး လီဝမ်ဒေါစကီးရဲ့ ဟက်ထရစ် အပါအဝင် ၆ ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အခုပွဲမတိုင်ခင် ဒုတိယနေရာက လိုက်ပ်ဇစ်တို့ ဒေါ့မန်ကို ရှုံးနိမ့်ခဲ့တာကြောင့် ဘေယန်မြူးနစ်တို့ ၉ နှစ်ဆက် ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်ခဲ့ပေမယ့် အလေးအနက်ထား ကစားခဲ့ပြီး ဒီရာသီအတွက် နောက်ထပ် ဂိုးပြတ်နိုင်ပွဲ တစ်ပွဲ ထပ်မံရရှိခဲ့တာ ဖြစ်ပါတယ်။

ဟန်ဆီဖလစ်ခ်ရဲ့ အသင်းက ဒီပွဲမတိုင်ခင်မှာ အခုနှစ် ဘွန်ဒက်စ်လီဂါရဲ့ ချန်ပီယံ ဖြစ်သွားခဲ့လို့ လက်ကျန်ပွဲတွေမှာ ကစားအားလျှော့လိုက်မယ် ထင်ရင် မှားသွားပါလိမ့်မယ်။ ဘေယန်တို့ တိုက်စစ်မှာ အားထားရတဲ့ လီဝမ်ဒေါစကီး အပါအဝင် ကိုမန်၊ မူလာ၊ မူဆီယာလာ၊ ကင်မစ်ချ်၊ အလာဘာ၊ အဲလ်ဖွန်ဆိုဒေးဗီးစ်၊ ဟာနန်ဒက်ဇ်၊ ဘိုတန်း၊ ပါဗက်၊ နော်အာ တို့နဲ့ လူစုံတက်စုံ ပွဲထွက်လာခဲ့ပါတယ်။ ရာသီအကုန်မှာ ယူရိုပါလိဂ် ဝင်ခွင့်ရဖို့ မျှော်လင့်ချက် ရှိနေသေးတဲ့ မိုချင်ဂလတ်ဘတ် ဟာလည်း သူရမ်၊ အမ်ဘိုလို၊ လာဇာရို၊ နူဟော့စ်၊ ဟော့ဖ်မန်း၊ အဲလ်ဗက်ဒီ၊ ဂင်တာ၊ လိုင်နာ၊ ဆမ်မား တို့လို အမာခံကစားသမားတွေနဲ့ ဘေယန်မြူးနစ်ကို ရင်ဆိုင်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ မိန့်ဇ်ကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့တဲ့ ဘေယန်မြူးနစ်တို့ ဒီနေ့ပွဲကိုတော့ သေချာအားစိုက်ကစားနိုင်ခဲ့ပြီး ပွဲအစကနေ အဆုံးအထိ ပြိုင်ဘက် အသင်းကို တစ်ဖက်သတ် ဖိကစားသွားခဲ့တာ တွေ့ရပါတယ်။ ဒါ့ကြောင့်လည်း ဘေယန်မြူးနစ်တို့ ပထမပိုင်းမှာ ၄ ဂိုးနဲ့ ဒုတိယပိုင်း ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးက ၂ မိနစ်၊ ၃၄ မိနစ်နဲ့  ၆၆ မိနစ်တို့မှာ သွင်းယူပေးခဲ့သလို ၂၃ မိနစ်မှာ မူလာ၊ ၄၄ မိနစ်မှာ ကိုမန်၊ ၈၆ မိနစ်မှာ ဆာနေးတို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဧည့်သည်အသင်း ကလည်း ဘေယန်မြူးနစ်ဘက်ကို ဂိုးပေါက် ခြိမ်းခြောက်မှု ၁၄ ကြိမ် အထိ ပြုလုပ်ခဲ့ပေမယ့် ၃ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး သွင်းဂိုးတော့ မရခဲ့ဘူး။

စီးရီးအေ ဘုရင်ကြီး ဂျူဗင်တပ်စ်ရဲ့ ၉ ရာသီဆက် စကူဒက်တိုဖလား ချန်ပီယံဖြစ်ခဲ့တဲ့ စံချိန်ကို လိုက်မှီသွားခဲ့ပြီး တိုက်စစ်မှူး ရောဘတ်လီဝမ်ဒေါစကီး ဟာလည်း ပြီးခဲ့တဲ့ ရာသီကထက် ဘွန်ဒက်စ်လီဂါ မှာ ဂိုးပိုသွင်း နိုင်ခဲ့ပါတယ်။
တစ်ရာသီတည်း ဂိုးအများဆုံး သွင်းယူထားတဲ့ ဂတ်မူလာရဲ့ စံချိန်ကို မှီဖို့ ၁ ဂိုးသာ လိုတော့တဲ့ ရောဘတ်လီဝမ်ဒေါစကီး

 

ပွဲပြီးသုံးသပ်ချက်

ဘေယန်မြူးနစ်တို့ ပြီးခဲ့တဲ့နှစ်က အောင်မြင်မှုကို လိုက်မမှီခဲ့ပေမယ့် ဥရောပလိဂ် တော်တော်များများက ထိပ်သီး အသင်းကြီးတွေတောင် စွမ်းဆောင်ဖို့ မလွယ်ကူတဲ့ ၉ နှစ်ဆက်တိုက် ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူရမှာ ဖြစ်ပါတယ်။ စီးရီးအေ ဘုရင်ကြီး ဂျူဗင်တပ်စ်ရဲ့ ၉ ရာသီဆက် စကူဒက်တိုဖလား ချန်ပီယံဖြစ်ခဲ့တဲ့ စံချိန်ကို လိုက်မှီသွားခဲ့ပြီး တိုက်စစ်မှူး ရောဘတ်လီဝမ်ဒေါစကီး ဟာလည်း ပြီးခဲ့တဲ့ ရာသီကထက် ဘွန်ဒက်စ်လီဂါ မှာ ဂိုးပိုသွင်း နိုင်ခဲ့ပါတယ်။ သွင်းဂိုး ၃၉ ဂိုး ရရှိထားတဲ့ လီဝမ်ဒေါစကီး အနေနဲ့ တစ်ရာသီတည်း ဂိုးအများဆုံး သွင်းထားတဲ့ ၁၉၇၁-၇၂ ခုနှစ်က ဂတ်မူလာရဲ့ စံချိန်ကို ကျော်ဖြတ်ဖို့ ၁ ဂိုးသာ လိုပါတယ်။ မိုချင်ဂလတ်ဘတ် ကတော့ ဘေယန်မြူးနစ်ကို ပုံစံကောင်း တစ်ခုနဲ့ အတူ  ပထမအကျော့မှာ အနိုင်ရထားခဲ့ပေမယ့်လည်း အခုပွဲမှာတော့ ဘာဗေးရီးယန်းတွေရဲ့ တိုက်စစ် ပေါက်ကွဲအားကို တောင့်မခံနိုင်ခဲ့တာကြောင့် ဂိုးတွေ တော်တော်များများ ပေးပြီး ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။ လက်တလော အခြေအနေအရ ဆိုရင် ဂလတ်ဘတ်တို့ ဘွန်ဒက်စ်လီဂါ အဆင့် ၆ နေရာက လေဗာကူဆင်နဲ့ ၅ မှတ် ကွာဟသွားပြီ ဖြစ်လို့ ယူရိုပါလိဂ် ဝင်ခွင့် မျှော်လင့်ချက် ကတော့ ကုန်သလောက် ရှိသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း လေဗာကူဆင်တို့ လက်ကျန် ၂ ပွဲမှာ ယူနီယံဘာလင်၊ ဒေါ့မန်တို့ကို ရှုံးပြီး ဂလတ်ဘတ်တို့ ၂ ပွဲစလုံး အနိုင်ရမယ် ဆိုရင်တော့ ယူရိုပါလိဂ် ဝင်ခွင့်ရသွားနိုင်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဘေယန်မြူးနစ်တို့ လာမယ့် ပွဲစဉ် ၂ ပွဲမှာတော့ ဖရိုင်းဘတ်၊ အော့စ်ဘတ်တို့နဲ့ ကစားဖို့ ကျန်ပြီး မိုချင်ဂလတ်ဘတ် ကတော့ စတုဂတ်၊ ဝါဒါဘရီမင်တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်