နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကောင်းဆုံး ခြေစွမ်း၊ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ရှုံးထွက်တက်တဲ့ ဘယ်လ်ဂျီယံ – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

ဖင်လန် ၀ – ၂ ဘယ်လ်ဂျီယံ

(ဟွာဒက်ကီ ၇၄’(OG)၊ လူကာကူ ၈၁’)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ အုပ်စု(B) ရဲ့ နောက်ဆုံး ပွဲစဉ်မှာတော့ ဘယ်ဂျီယံတို့ ဖင်လန်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဘယ်လ်ဂျီယံတို့ ပုံစံကောင်းတစ်ခုကို ဆက်လက်ထိန်းပြီး အုပ်စု ပွဲစဉ် ၃ ပွဲစလုံး ရာနှုန်းပြည့် အနိုင်ရလဒ်နဲ့ အတူ ယူရို ၂၀၂၀ ရှုံးထွက် အဆင့်ကို တက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။ ဖင်လန် ကတော့ အကောင်းဆုံး တောင့်ခံခဲ့ပေမယ့် ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်းကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့လို့ အကောင်းဆုံး တတိယအသင်း အဖြစ် ယူရို ၂၀၂၀ ရှုံးထွက်အဆင့်ကို တက်နိုင်ဖို့ အတွက်ပဲ မျှော်လင့်ရတော့မှာ ဖြစ်ပါတယ်။

အခုပွဲ မကစားခင် ကတည်းက ရှုံးထွက်တက်ပြီးသား ဘယ်လ်ဂျီယံတို့ အဓိက ပွဲထွက်ကစားသမား တချို့ကို အနားပေးခဲ့ပေမယ့် ကစားပုံ မာကျောတဲ့ ဖင်လန်နဲ့ ရင်ဆိုင်ရပေမယ့် အကောင်းဆုံး ခြေစွမ်းနဲ့အတူ ရာနှုန်းပြည့် နိုင်ပွဲကို ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရော်ဘတ်တို မာတီနက်ဇ် အနေနဲ့ အသင်းရဲ့ တိုက်စစ်မှာ အသက် ၁၉ နှစ်သား ဒိုကုကို လူကာကူ၊ ဟာဇက် တို့နဲ့ တွဲဖက်ကစားစေခဲ့ပြီး ချက်ဒလီ၊ ထရိုဆက်ဒ်၊ ဗာမယ်လန်း တို့အပြင် အဓိက ကစားသမားတွေ ဖြစ်တဲ့ ဝစ်ဆဲလ်၊ ဒီဘရိုင်း၊ ဘိုရာတာ၊ ဒီနေယာ၊ ကော့တွာစ် တို့လည်း ပါဝင်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာ ဖင်လန်တို့ အားကုန်ထုတ် ရုန်းကန်ခဲ့လို့ နိုင်ပွဲရဖို့ အနည်းငယ် ခက်ခဲခဲ့ပါတယ်။ သရေ ၁ မှတ် မျှော်လင့်ချက်နဲ့ ကစားလာတဲ့ ဖင်လန်တို့ရဲ့ ခံစစ်က ကျစ်ကျစ်လျစ်လျစ် ရှိခဲ့သလို ဂိုးသမား ဟွာဒက်ကီရဲ့ ကာကွယ်မှု တချို့ကလည်း ဘယ်ဂျီယံ ကို အကောင်းဆုံး ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၆၅ မိနစ် အရောက်မှာ လူကာကူက ဦးဆောင်ဂိုး စတင် သွင်းယူခဲ့ပေမယ့် VAR ကြည့်ပြီး လူကျွံဘောအဖြစ် သတ်မှတ်ပေးခဲ့လို့ ဘယ်ဂျီယံတို့ နစ်နာခဲ့ရပါတယ်။ ဒါပေမဲ့ ၇၄ မိနစ် မှာတော့ ဗာမယ်လန်းရဲ့ ခေါင်းတိုင်ချက်ကြောင့် တိုင်ထိထွက်လာတဲ့ ဘောလုံးဟာ ဟွာဒက်ကီရဲ့ လက်နဲ့ ထိပြီး ဝင်သွားခဲ့လို့ ဘယ်လ်ဂျီယံတို့ အဖွင့်ဂိုး ရရှိသွားခဲ့ပါတယ်။ အဲ့နောက် ဒုတိယဂိုး ကိုတော့ ၈၁ မိနစ်မှာ ဒီဘရိုင်းနားရဲ့ ဖန်တီးပေးမှု ကနေ လူကာကူက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

 

ကြယ်ပွင့်ကစားသမား – ကီဗင်ဒီဘရိုင်းနား

(စာရေးသူ စိတ်ကြိုက်ကစားသမား –  ကီဗင်ဒီဘရိုင်းနား)

အခုပွဲရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရသူ ကတော့ ကီဗင်ဒီဘရိုင်းနား ဖြစ်ပါတယ်။ လူကာကူ အနေနဲ့ သွင်းဂိုး ၁ ဂိုး ရယူပေးခဲ့ပေမယ့် တစ်ပွဲ အတိုင်းအတာနဲ့ ဆိုရင်တော့ ဒီဘရိုင်းနားရဲ့ စွမ်းဆောင်ရည်ကို လုံးဝ လိုက်မမှီနိုင်ခဲ့ပါဘူး။ ဒီဘရိုင်းနားဟာ ပြီးခဲ့တဲ့ ဒိန်းမတ်နဲ့ ပွဲမှာ ဒုတိယပိုင်းမှ ဝင်ရောက်လာခဲ့ပေမယ့် ၁ ဂိုးသွင်းပြီး ဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့သလို ဒီနေ့ပွဲမှာလည်း ဘယ်ဂျီယံ တိုက်စစ် အတွက် စည်းချက် တစ်ခု ဖြစ်ခဲ့တာကြောင့် ပွဲစဉ်ရဲ့ ကြယ်ပွင့်ကစားသမားဆု ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဘရိုင်းနား အနေနဲ့ ဘာကြောင့် PFA ဆုကို ၂ နှစ်ဆက်တိုက် ရရှိခဲ့တာလဲ။ နောက်ပြီး ဘယ်လွန်ဒေါဆု အတွက် ဆန်ကာတင် စာရင်းမှာ ထိပ်ဆုံးက ဘာလို့ ရေပန်းစားနေသူတွေထဲမှာ ပါဝင်နေတာလဲ ဆိုတာ သူကစားတဲ့ ပွဲတွေ ကြည့်မိလာလေ၊ ပိုပြီး သဘောပေါက်လာလေပါပဲ။

ဖင်လန် ကတော့ အကောင်းဆုံး တောင့်ခံခဲ့ပေမယ့် ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်းကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့လို့ အကောင်းဆုံး တတိယအသင်း အဖြစ် ယူရို ၂၀၂၀ ရှုံးထွက်အဆင့်ကို တက်နိုင်ဖို့ အတွက်ပဲ မျှော်လင့်ရတော့မှာ ဖြစ်ပါတယ်။
အကောင်းဆုံး တတိယ အသင်း အဖြစ်နဲ့ ရှုံးထွက်တက်ဖို့ မျှော်လင့်နေတဲ့ ဖင်လန်

ပွဲပြီးအချက်အလက်များ

·         ဘယ်လ်ဂျီယံတို့ နောက်ဆုံး ကစားခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ် ၂၆ ပွဲမှာ ၁ပွဲ သာ ရှုံးနိမ့်ခဲ့ပါတယ်။ (၂၂ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၁ ပွဲရှုံး) နောက်ဆုံးကစားခဲ့တဲ့ ၁၂ ပွဲဆက် ရှုံးပွဲ မရှိခဲ့ပဲ ၁၀ ပွဲနိုင်၊ ၂ ပွဲ သရေကျခဲ့ပါတယ်။

·         လူကာကူ အနေနဲ့ ယူရို ပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်တွေမှာ ၃ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဦးဆုံး ဘယ်လ်ဂျီယံ ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ယူရိုပြိုင်ပွဲမှာ ဘယ်ဂျီယံ အတွက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နေပြီး သွင်းဂိုး ၅ ဂိုး ရရှိထားခဲ့ပါတယ်။

·         ဘယ်လ်ဂျီယံတို့ ယူရိုပြိုင်ပွဲ အုပ်စုအဆင့်မှာ ၃ ပွဲကစားပြီး ၃ ပွဲစလုံး အနိုင်ရခဲ့တဲ့ မှတ်တမ်းကောင်း တစ်ခုကို  ပထမဦးဆုံးအကြိမ် ပိုင်ဆိုင်ခဲ့ပါတယ်။ သွင်းဂိုး ၇ ဂိုး ရရှိပြီး ပေးဂိုး ၁ ဂိုးပဲ ရှိခဲ့တာ ကလည်း ဘယ်ဂျီယံရဲ့ ယူရို သမိုင်းတစ်လျှောက်မှာ အကောင်းဆုံး စွမ်းဆောင်မှု ဖြစ်ပါတယ်။

·         ဘယ်လ်ဂျီယံတို့ နောက်ဆုံး ကစားထားခဲ့တဲ့ ယူရိုနဲ့ ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ် ၁၃ ပွဲမှာ ၁၂ ပွဲ အထိ အနိုင်ရခဲ့ပြီး ၁ ပွဲသာ ရှုံးနိမ့်ထားခဲ့ပါတယ်။

·         ဖင်လန်တို့ ကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ် နောက်ဆုံး ၉ ပွဲမှာ ၁ပွဲသာ အနိုင်ရခဲ့ပါတယ်။ (၁ ပွဲနိုင်၊ ၂ ပွဲသ‌ရေ၊ ၆ ပွဲရှုံး)

·        အခုပွဲ အပြီးမှာ ဖင်လန်တို့ ဘယ်လ်ဂျီယံနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ နောက်ဆုံး ၇ ပွဲဆက် မရှုံးနိမ့်ခဲ့တဲ့ စံချိန်လည်း ကျိုးပျက်သွားခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဘယ်လ်ဂျီယံတို့ ရှုံးထွက်ပွဲစဉ် အဖြစ် လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ အုပ်စု(A, D, E, F)က အကောင်းဆုံး တတိယရတဲ့ အသင်းနဲ့ လန်ဒန်မှာ ကစားရမှာ ဖြစ်ပြီး ဖင်လန်ကတော့ အကောင်းဆုံး တတိယအသင်း အဖြစ်နဲ့ နောက်တစ်ဆင့် တက်ခွင့်ရတဲ့ ၄ သင်းထဲ ပါဝင်လာနိုင်မလား ဆိုတာ စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်