နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တော့တင်ဟမ်ဟော့စပါးကို ခပ်ပြင်းပြင်း လက်စားပြန်ချေလိုက်တဲ့ မန်ချက်စတာ ယူနိုက်တက် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

တော့တင်ဟမ်ဟော့စပါး ၁ – ၃ မန်ချက်စတာယူနိုက်တက်

မနေ့ညက ကစားခဲ့တဲ့ စူပါဆန်းဒေး ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ပွဲစဉ်တစ်ပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက်တို့ တော့တင်ဟမ်ဟော့စပါးကို အဝေးကွင်းမှာ ခြေစွမ်းပြပြီး ၁-၃ ရလဒ်နဲ့ အနိုင်ယူသွားခဲ့ပါတယ်။ ပထမအကျော့မှာတုန်းက စပါးကို ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခဲ့ရလို့ ယူနိုက်တက်တို့ အကြီးအကျယ် ဝေဖန်ခံခဲ့ရပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့ အမှတ်လိုနေတဲ့ စပါးအတွက် မနေ့ညက ပရီးမီးယားလိဂ် ရှုံးပွဲဟာ ပိုပြီး ရင်နာစရာ ကောင်းခဲ့တယ်လို့ ဆိုရပါမယ်။

အခုပွဲ အပြီးမှာ တော့တင်ဟမ်ဟော့စပါးတို့ ရမှတ် ၄၉ မှတ်နဲ့ ပရီးမီးယားလိဂ် အဆင့် ၇ နေရာမှာ ဆက်လက် ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ကတော့ ဝေဝါးသထက် ဝေဝါးသွားခဲ့ပါပြီ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ဆက်လက် ရပ်တည်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး

ဒီနေ့ပွဲမှာ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ အသင်းက တိုက်စစ်က ဒဏ်ရာရနေတဲ့ မာစီရယ်နေရာမှာ အက်ဒီဆင် ကာဗာနီကို အသုံးပြုခဲ့တာကလွဲရင် တခြားအပြောင်းအလဲ သိပ်မရှိခဲ့ပဲ အဓိကကစားသမား အများစုနဲ့ပဲ ပွဲထွက်လာပါတယ်။ တော့တင်ဟမ်ဟော့စပါးဘက် မှာတော့  ခံစစ်မှာ ဂျိုရွန်ဒွန်ကို အဲရစ်ဒိုင်ယာနဲ့ တွဲဖက်ကစားစေခဲ့ပြီး တိုက်စစ်ပိုင်း မှာတော့ လိုဆယ်ဆို၊ လူးကပ်စ် မော်ရာ၊ ဆွန်ဟောင်မင်၊ ဟယ်ရီကိန်းတို့နဲ့ ပွဲထွက်လာပါတယ်။  ပွဲချိန် ၃၂ မိနစ်မှာ ပေါ့ဘာပေးပို့တဲ့ ဘောလုံးကို ကာဗာနီက အဆုံးသတ် ပိတ်သွင်းကာ ဦးဆောင်ဂိုးရယူခဲ့ပေမယ့် ပေါ့ဘာဆီကို ဘောလုံး ရောက်မလာခင် ကတည်းက မက်တော်မီနေးနဲ့ ဆွန်ဟောင်မင်တို့ ဘောလုံးယှဉ်လုရာမှာ ဆွန်ဟောင်မင် လဲကျနေခဲ့တာကြောင့် ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီး သွင်းဂိုးကို အငြင်းပွါးဖွယ်ရာ ပယ်ဖျက်ခဲ့လို့ ယူနိုက်တက်တို့ နစ်နာခဲ့ရပါတယ်။ အဲ့နောက် ပွဲချိန် မိနစ် ၄၀ မှာ စပါးတို့ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ဟယ်ရီကိန်းရဲ့ ပေးပို့မှုကို လင်ဒီအော့ဖ် တားဆီးပုံ မသေသပ်ခဲ့လို့ လူးကပ်စ် မော်ရာ ရရှိသွားပြီး ပြန်လည် ထိုးပေးရာကနေ ဆွန်ဟောင်မင်က ပိတ်သွင်းခဲ့တာကြောင့် ပထမပိုင်း အပြီးမှာ စပါးတို့ ၁-၀ နဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၇ မိနစ်မှာ ယူနိုက်တက်တို့ ချေပဂိုး ပြန်ရသွားခဲ့ပြီး ဖရက်ရဲ့ ပေးပို့မှုကနေ ကာဗာနီရဲ့ အပိုင်ပိတ်သွင်းချက်ကို ဂိုးသမား ဟူဂိုလိုရစ် ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ဖရက်ကိုယ်တိုင်ပဲ ထပ်မံပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၇၉ မိနစ်မှာ ညာခြမ်းက ဘရူနိုဖာနန်ဒက်စ်နဲ့ ဂရင်းဝုဒ်တို့ အပေးအယူပြုလုပ်ရင်း ဂရင်းဝုဒ် ကန်တင်ပေးတဲ့ ဘောလုံးကို အသင့်ရှိနေတဲ့ ကာဗာနီက ခေါင်းတိုက်သွင်းပြီး ယူနိုက်တက်အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။ အဲ့နောက် စပါးတို့ ချေပဂိုး ရဖို့ အားထုတ်ခဲ့ပေပမယ့် နာကျင်အချိန်ပို‌ နောက်ဆုံးမိနစ်မှာ ဂရင်းဝုဒ်က အသည်းထပ်ခွဲခဲ့ပြီး တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့လို့ ယူနိုက်တက် တို့ ၁-၃ နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ယူနိုက်တက် တိုက်စစ်က မားကပ်စ်ရက်ရှ်ဖို့ဒ် ခြေမပေါ်ခဲ့တာကို ဂရင်းဝုဒ်နဲ့ လူစားလဲခဲ့တဲ့ ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ ပြောစရာ ရှိလာတာက နည်းပြမော်ရင်ဟို အနေနဲ့ နည်းပြ သက်တမ်းတစ်လျှောက် ပထမဦးဆုံး အကြိမ် တစ်ရာသီတည်း ရှုံးပွဲ ၁၀ ပွဲ အထိ ရှိလာပြီး နှစ်ပွဲဆက်တိုက် ဦး‌ဆောင်ဂိုးတွေ ရခဲ့ပြီး ရလဒ် ကောင်းမယူနိုင်ခဲ့တာကြောင့် မော်ရင်ဟိုအနေနဲ့ ပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ခံနေရပါပြီ။ တစ်ဖက်မှာ ကြည့်ရင်လည်း မန်ချက်စတာယူနိုက်တက် အနေနဲ့ ပရီးမီးယားလိဂ် အပါအဝင် အင်္ဂလန် အဆင့်မြင့်တန်းပြိုင်ပွဲ သမိုင်းတစ်လျှောက် အဝေးကွင်း ၂၃ ပွဲဆက် ရှုံးပွဲမရှိတဲ့ စံချိန်တင်နိုင်ခဲ့ပြီး ၁၅ ပွဲ နိုင်၊ ၈ ပွဲ သရေကျထားခဲ့ပါတယ်။ အခုပွဲ အပြီးမှာ တော့တင်ဟမ်ဟော့စပါးတို့ ရမှတ် ၄၉ မှတ်နဲ့ ပရီးမီးယားလိဂ် အဆင့် ၇ နေရာမှာ ဆက်လက် ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ကတော့ ဝေဝါးသထက် ဝေဝါးသွားခဲ့ပါပြီ။
 

လာမယ့်ပွဲစဉ်များ

ယူနိုက်တက်တို့ လာမယ့်ကြားရက်မှာ ဂရန်နာဒါနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ဆက်လက် ကစားဖို့ရှိပြီး တော့တင်ဟမ်ဟော့စပါးကတော့ စနေနေ့မှာ အဲဗာတန်နဲ့ ကစားရဦးမှာ ဖြစ်လို့ နောက်ထပ် ပွဲကြပ်တစ်ပွဲကို ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်