နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လန်ဒန်ဒါဘီမှာ နိုင်ပွဲယူဦးမယ့် ချဲလ်ဆီး – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ခရစ္စတယ်ပဲလေ့စ် – ချဲလ်ဆီး

ဧပြီလ ၁၀ ရက် မြန်မာစံတော်ချိန် ည ၁၁ နာရီမှာတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ချဲလ်ဆီးတို့ရဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။ ချဲလ်ဆီးတို့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်စ်ဘရွန်းကို တစ်ယောက်လျော့နဲ့ ကစားပြီး ဂိုးပြတ် အရေးနိမ့်ခဲ့လို့ ရမှတ်တွေ ဆုံးရှုံးခဲ့ရတာကြောင့် မဖြစ်မနေ နိုင်ပွဲ ပြန်ရှာပါလိမ့်မယ်။

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အလယ်လောက်မှာ ရပ်တည်နေတဲ့ ပဲလေ့စ်တို့ မျှော်လင့်စရာလည်း မရှိသလို ဖိအားလည်း ကင်းနေပါတယ်။ ရိုင်းဟော့ဆန်ရဲ့ အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာဆိုရင် သရေပွဲ ၃ ပွဲအထိ ရှိထားပြီး ရှုံးပွဲ ၁ ပွဲ၊ နိုင်ပွဲ ၁ ပွဲ ရှိထားပါတယ်။ ခရစ္စတယ်ပဲလေ့စ်တို့ မန်ချက်စတာယူနိုက်တက်၊ အဲဗာတန် တို့ကို သရေကစားထားနိုင်ပြီး တော့တင်ဟမ်ဟော့စပါးကိုတော့ ဂိုးပြတ် ရှုံးနိမ့်ထားတာ တွေ့ရပါတယ်။ ပဲလေ့စ်မှာ ဘတ်ရှူဝါရီ၊ ဘန်တီကီ၊ ဇာဟာ၊ ဂျော်ဒန် အေယူးတို့လို ကွာလတီရှိတဲ့ တိုက်စစ်ကစားသမားတွေ တပြုံကြီး ရှိနေပေမယ့် ကွင်းလယ် ဖန်တီးရှင် ကောင်းကောင်းမရှိလို့ သွင်းဂိုးတွေ ရဖို့ ခက်ခဲနေပါတယ်။ ကိုယာတေး၊ ဗန်အန်းဟော့တ်၊ ကာဟေးလ်၊ ဝက်ဒ် တို့ရဲ့ ခံစစ်ကတော့ တော်တော်လေး တည်ငြိမ်နေပြီး ကျော်ဖြတ်ရခက်တဲ့ အခြေအနေမှာ ရှိပါတယ်။ ခရစ္စတယ်ပဲလေ့စ်တို့ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ၅ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၅ ပွဲရှုံးထားပါတယ်။ မက်ကာသီ၊ တွမ်ကင်န်စ်၊ ဆာခို၊ ဘတ်ရှူဝါရီ၊ ဖာဂူဆန်၊ နေသန်ကလိုင်းတို့ ဒဏ်ရာကပြသနာ အသီးသီး ရှိနေလို့ ပါဝင်လာနိုင်ဖို့ မသေချာပါဘူး။

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အလယ်လောက်မှာ ရပ်တည်နေတဲ့ ပဲလေ့စ်တို့ မျှော်လင့်စရာလည်း မရှိသလို ဖိအားလည်း ကင်းနေပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ တစ်ပွဲသာရှိထားတဲ့ ခရစ္စတယ်ပဲလေ့စ်

ချဲလ်ဆီး တို့ ပရီးမီးယားလိဂ် မှာ ဝက်စ်ဘရွန်းကို ဂိုးပြတ် ရှုံးခဲ့ပေမယ့် ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်မှာ ဂိုးပြတ် နိုင်ပွဲ ပြန်ရထားပါတယ်။ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပေမယ့် ဝက်စ်ဟမ်းနဲ့ ၁ မှတ်ပဲ ကွာဟပါတယ်။ တစ်ဖက်က ဝက်စ်ဟမ်း-လက်စတာစီးတီးတို့ တွေ့ဆုံမှုကို ချဲလ်ဆီးတို့ အခွင့်ကောင်းယူဖို့ လိုအပ်ပြီး ရာသီအကုန်မှာ ထိပ်ဆုံး ၄ သင်း စာရင်းဝင်ဖို့ အတွက်‌ဆိုရင် နည်းနည်းလေး တောင် ခြေချော်လို့ မရပါဘူး။ ချဲလ်ဆီးရဲ့ အဓိက အားနည်းချက်က ဈေးကြီးပေးဝယ်ခဲ့တဲ့ တိုက်စစ်မှူးတွေ ဂိုးပေါက် ပျောက်နေတာကြောင့် ကွင်းလယ်နဲ့ တောင်ပံကစားသမားတွေက ဂိုးသွင်းပေးနေရတာ ဖြစ်ပါတယ်။ အခုပွဲမှာလည်း ချဲလ်ဆီး ကွင်းလယ်က မေဆင်မောင့်ကို အဓိကထား စောင့်ကြည့်ရပါလိမ့်မယ်။ ချဲလ်ဆီးရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း စွမ်းဆောင်ရည် ကတော့ ၇ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၄ ပွဲရှုံးထားပါတယ်။ နောက်ဆုံး သတင်းတွေ အရတော့ ချဲလ်ဆီးမှာ သီယာဂို ဆေးလ်ဗား ကလွဲလို့ ကျန်ကစားသမားတွေ အားလုံး ဒဏ်ရာရ/ပွဲပယ် ကင်းရှင်းနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ခရစ္စတယ်ပဲလေ့စ်တို့ ချဲလ်ဆီးနဲ့ ထိပ်တိုက်တွေ့ဆုံမှု‌ တော်တော်များများမှာ အသာရခဲ့ခြင်းမရှိပဲ ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကာလ အတွင်း ချဲလ်ဆီးကို ၁၂ ကြိမ်အထိ ရှုံးပြီး ၄ ကြိမ်ပဲ ပြန်လည် အနိုင်ရထားပါတယ်။ ဒီရာသီ ပထမအကျော့ တွေ့ဆုံမှု မှာလည်း ချဲလ်ဆီးက ဂျော်ဂျင်ဟို၊ ချေးလ်ဝဲလ်၊ ဇူးမားတို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၄-၀ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ခရစ္စတယ်ပဲလေ့စ် vs ချဲလ်ဆီး 1X2 ချဲလ်ဆီး @ 1.56
ဧပြီလ ၁၀ ရက်, ည ၁၁:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၇.၀၀ ဆ နဲ့ ဧည့်သည် အသင်းအတွက် ၁.၅၃ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၈၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ တူဟယ်ရဲ့ အသင်းက လက်ရှိမှာ တိုက်စစ်မှူး စစ်စစ်တွေ ဂိုးပေါက် ပျောက်နေတာကလွဲလို့ တော်တော်လေး တောင့်တင်းနေပါတယ်။ ဒါပေမယ့် တစ်သင်းလုံး က ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေ ချည်းပဲမို့လို့ ဂိုးရဖို့တော့ မခက်ပါဘူး။ ချဲလ်ဆီးကိုပဲ ကြိုက်ပါတယ်။ ခန့်မန်းရလဒ် ၀-၂ လောက်နဲ့ ချဲလ်ဆီးတို့ အနိုင်ရသွားပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်