နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီးဘက်က ရပ်တည်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

ပေါ်တို – ချဲလ်ဆီး

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရဲ့ မထင်မှတ်ပဲ စိတ်ဝင်စားစရာ ဖြစ်လာဦးမယ့် ပွဲစဉ် ဖြစ်ပါတယ်။ နည်းပြသစ် သောမက်စ်တူဟယ် လက်အောက်မှာ ပုံစံကောင်းတစ်ခု ပိုင်ဆိုင်ထားဆဲ ချဲလ်ဆီးတို့ ဒီနှစ် ချန်ပီယံလိဂ် ရဲ့ ဖြတ်မြင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ပေါ်တိုကို အသာရသွားနိုင်မလား ဆိုတာတော့ မလွတ်တမ်း စောင့်ကြည့်သင့်ပါတယ်။

ဒီနှစ် ချန်ပီယံလိဂ် မှာ မထင်မှတ်ပဲ ပရိသတ်အာရုံကို ဖမ်းစားနိုင်ခဲ့တာ ပေါ်တိုပါ။ ပေါ်တိုရဲ့ ခြေစွမ်းက အုပ်စု အဆင့်မှာ သိပ်ပြီး မသိသာခဲ့ပေမယ့် ရှုံးထွက်အဆင့်ကို အီတလီထိပ်သီး ဂျူဗင်တပ်စ်ကို နှစ်ကျော့စလုံး ခြေမနိမ့်ပဲ ကျော်ဖြတ်ပြခဲ့လို့ အခုဆိုရင်တော့ ဖြတ်မြင်းအသင်း အဖြစ်အားလုံးရဲ့ စောင့်ကြည့်ခြင်းခံနေရပါပြီ။ ပေါ်တိုတို့ ပြည်တွင်းလိဂ်မှာ ချန်ပီယံ ဖြစ်ဖို့ မျှော်လင့်ချက် ဝေဝါးနေတာကြောင့် ချန်ပီယံလိဂ် တစ်ခုတည်းကို အာရုံအပြည့်အဝ စိုက်ပြီး ကစားနေတာ သိသာပါတယ်။ လက်ရှိပေါ်တိုရဲ့ အားသာချက်ကို ပြောပါဆိုရင် အသက် ၃၈ နှစ်အရွယ် ပီပီ ဦးဆောင်နေတဲ့ ခံစစ် ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်နဲ့ ပွဲမှာ ထိန်းရခက်ပါတယ်ဆိုတဲ့ ရော်နယ်ဒို၊ ခီယေဇာ တို့လို ကစားသမားတွေကို အငြိမ်ထိန်းပြသွားတာ လေးစားလောက်ပါတယ်။ ချန်ပီယံလိဂ် မှာဆိုရင် မထင်မှတ်တာတွေ လုပ်ပြတတ်တဲ့ ပေါ်တိုတို့ ဒီတစ်ကြိမ်မှာရော လန်ဒန်ကလပ်ကို ဘယ်လို ရင်ဆိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 
ချဲလ်ဆီးတို့ ဂျာမန်သား တူဟယ် စတင်ကိုင်တွယ်ချိန်ကတည်းက ရှုံးပွဲမရှိခဲ့ပဲ ပုံစံကောင်းတစ်ခုကို ပြသနိုင်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ဝက်စ်ဘရွန်းနဲ့ ပွဲမှာ မထင်မှတ်ပဲ အရှက်ရဖွယ် အိမ်ကွင်းဂိုးပြတ် ရှုံးပွဲတွေ့ခဲ့လို့ ပရိသတ်တွေ အားလုံး အံ့အားသင့်ခဲ့ရပါတယ်။ ချဲလ်ဆီးတို့ ဝက်စ်ဘရွန်းနဲ့ ပွဲမတိုင်ခင် ၇ ပွဲဆက် ပေးဂိုးမရှိခဲ့ပေမယ့် ရှုံးတဲ့ပွဲကျတော့လည်း ၅ ဂိုးအထိ ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။ ကစားသမားတွေကို တစ်ပွဲနဲ့ တစ်ပွဲ ပုံစံမတူပဲ အလဲအလှယ်လုပ်ပြီး ပွဲထွက်ကစားစေလေ့ရှိတဲ့ တူဟယ် အနေနဲ့ အခုပွဲမှာတော့ မှန်ကန်တဲ့ ပွဲထွက်လူစာရင်း ရွေးချယ်မှု ဖြစ်ပါစေပဲ ဆုတောင်းရမှာပါ။ ချဲလ်ဆီးရဲ့ ဒီရာသီ ချန်ပီယံလိဂ် ဖြတ်သန်းမှုကို ကြည့်မယ်ဆိုရင်တော့ အုပ်စုအဆင့်မှ ဆီဗီလာနဲ့ပဲ ပွဲကြပ်ကစားခဲ့ရပြီး ၁၆ သင်းအဆင့် မှာတော့ အက်တလက်တီကိုမက်ဒရစ်ကို နှစ်ကျော့ပေါင်း ၃-၀ နဲ့ ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ တကယ့်အားနည်းချက်က တိုက်စစ်ဖြစ်ပါတယ်။ လက်ရှိ ချဲလ်ဆီးမှာ ဂိုးအများဆုံး သွင်းထားသူတွေကို ကြည့်မယ်ဆိုရင် အထောင်တိုက်စစ်မှူး စစ်စစ်တွေ မဟုတ်ပဲ မေဆင်မောင့်၊ ဂျော်ဂျင်ဟိုတို့လို ကွင်းလယ် အားသန်တဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ လက်ရှိမှာ ပူလီဆစ်နဲ့ ကန်တေတို့ ဒဏ်ရာရနေပြီး ကျန်ကစားသမားတွေ အားလုံးကတော့ ပွဲထွက်ကစားနိုင်မယ့် အခြေအနေမှာ ရှိနေပါတယ်။

ချဲလ်ဆီးရဲ့ ဒီရာသီ ချန်ပီယံလိဂ် ဖြတ်သန်းမှုကို ကြည့်မယ်ဆိုရင်တော့ အုပ်စုအဆင့်မှ ဆီဗီလာနဲ့ပဲ ပွဲကြပ်ကစားခဲ့ရပြီး ၁၆ သင်းအဆင့် မှာတော့ အက်တလက်တီကိုမက်ဒရစ်ကို နှစ်ကျော့ပေါင်း ၃-၀ နဲ့ ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်မှာ တကျော့ပြန် အောင်မြင်မှုရဖို့ မျှော်လင့်နေတဲ့ ချဲလ်ဆီး

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပေါ်တိုနဲ့ ချဲလ်ဆီးတို့ သမိုင်းတစ်လျှောက် ၈ ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး လန်ဒန်ကလပ် အနေနဲ့ အပြတ်အသတ် အသာရခဲ့တာ တွေ့ရပါတယ်။ ချဲလ်ဆီးတို့ ၅ ကြိမ်အထိ အနိုင်ရပြီး ပေါ်တိုတို့ ၂ ကြိမ်သာ ပြန်လည် အနိုင်ရကာ သရေပွဲ ကတော့ ၁ ပွဲပဲ ရှိထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များး

??
ပေါ်တို – ချဲလ်ဆီး အချိန်ပြည့် 1X2 ဧည့်သည် @ 1.77
ဧပြီလ ၈ ရက်, ည ၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၅.၀၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁.၇၅ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၅၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ တူဟယ်ရဲ့ အသင်းက ပြီးခဲ့တဲ့ပွဲမှာ မထင်မှတ်တဲ့ ရှုံးပွဲတွေ့ခဲ့လို့ ခြေစွမ်းပိုင်း သံသယဖြစ်စရာ ရှိပေမယ့် ပေါ်တိုထက် အဘက်ဘက်က သာနေလို့ အခုပွဲမှာ နိုင်ပွဲနဲ့ ပြန်လာမယ် ထင်ပါတယ်။ တိုက်စစ်ပိုင်း အားနည်းချက် ရှိပေမယ့် ကွင်းလယ်က ဂိုးသွင်းတတ်တဲ့ ကစားသမားတွေက ချဲလ်ဆီးကို နိုင်ပွဲ တစ်ပွဲ ရဖို့ အကူအညီပေးနိုင်ပါလိမ့်မယ်။ ခန့်မှန်းရလဒ်ကတော့ ၁-၂ ပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်