နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲယ်၊ ဘာကာတို့နဲ့ ရမှတ်ကွာဟချက် ကျဉ်းမြောင်းလာတဲ့ အက်တလက်တီကို မက်ဒရစ် – လာလီဂါ ပွဲကြိုသုံးသပ်ချက်

ဆီဗီလာ ၁ – ၀ အက်တလက်တီကို မက်ဒရစ်

မနေ့ညက ကစားခဲ့တဲ့ လာလီဂါ လက်ကျန်ပွဲစဉ် တစ်ပွဲမှာတော့ အက်တလက်တီကို မက်ဒရစ်တို့ ဆီဗီလာကို အဝေးကွင်းမှာ ၁-၀ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ မားကို့စ် အက်ကွန်နာရဲ့ သွင်းဂိုး တစ်ဂိုးတည်းနဲ့ အနိုင်ရခဲ့တဲ့ ဆီဗီလာတို့ အတွက် ဘာမှသိပ်ပြီး မထူးခြားခဲ့ပေမယ့် လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အက်တလက်တီကို မက်ဒရစ် အတွက်ကတော့ အမှတ်ပေးချန်ပီယံဆု မျှော်လင့်ချက်အတွက် ဖိအားပိုများသွားခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဆီဗီလာတို့ လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့ပြီး လုခ်ဒီယောင်၊ လူးကပ်စ်အိုကမ်ပို့စ်၊ ဆူဆို ၃ ဦးကို တိုက်စစ်မှာ ထားပြီး ကွင်းလယ်မှာ ရာကီတစ်ချ်၊ ဖာနန်ဒို၊ ဂျော်ဒန်၊ နောက်တန်းမှာ ဂျီးဆပ်စ် နားဗက်စ်၊ ကွန်ဒေး၊ ကားလို့စ်၊ အက်ကွန်နာ၊ ဂိုးမှာ ဘိုနူတို့ ပါဝင်လာပါတယ်။ အက်တလက်တီကို မက်ဒရစ် ဘက်မှာတော့ ကစားသမားတချို့ ဒဏ်ရာပြသနာရှိခဲ့လို့ တိုက်စစ်မှာ  လူးဝစ်ဇ် ဆွာရက်ဇ်၊ သောမက်စ်လီမာ၊ ကွင်းလယ်မှာ လိုဒီ၊ ဆာအူးလ်နီဂွက်ဇ်၊ ကိုကီ၊ လိုရန်းတေး၊ ထရစ်ပီယာ၊ နောက်တန်းမှာ ဟာမိုဆို၊ ဂျင်မီနက်ဇ်၊ ဖီလစ်ပီ၊ ဂိုးမှာ အိုဘလက်ခ် တို့ ပွဲထွက်လာပြီး ၃-၅-၂ ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။ ပွဲစတယ်ဆိုတာနဲ့ ဆီဗီလာတို့ အက်တလက်တီကို မက်ဒရစ် ဘက်ကို အချိတ်အဆက် မိမိနဲ့ ထိုးဖောက်ခဲ့ပြီး ပွဲချိန် ၈ မိနစ်မှာတင် အိမ်ရှင်တို့ ပင်နယ်တီ ရသွားခဲ့ပါတယ်။ ပင်နယ်တီကိုတော့ လူးကပ်စ် အိုကမ်ပို့စ် ကန်သွင်းခဲ့ရာမှာ တီကို ဂိုးသမား ယန်အိုဘလက်ခ် အကောင်းဆုံး ကာကွယ်သွားနိုင်လို့ ဆီဗီလာတို့ ဦးဆောင်ဂိုး ရမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ပါတယ်။ အဲ့နောက်မှာလည်း ဆီဗီလာတို့ကပဲ အက်တလက်တီကို မက်ဒရစ် ဘက် တစ်ခြမ်းလုံးကို လွှမ်းမိုးကစားထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဆီဗီလာ ဘက်က လုခ်ဒီယောင် အစား အန်နက်ဆီရီ ဝင်လာခဲ့ပြီး ထိရောက်တဲ့ တိုက်စစ်ဆင်မှု ပိုမို ပြုလုပ်လာနိုင်ပါတယ်။ ပွဲချိန် မိနစ် ၇၀ မှာတော့ ဆူဆိုရဲ့ အကွက် မြင်မြင်ထိုးပေးတဲ့ ဘောလုံးကို နားဗက်စ်က ထောင့်ဖြတ်တင်ပေးခဲ့ရာကနေ နောက်ခံလူ  အက်ကွန်နာက ခေါင်းတိုက်သွင်းယူသွားခဲ့လို့ ဆီဗီလာတို့ ဂိုးရသွားပါတယ်။ လက်ကျန်မိနစ်တွေမှာ အက်တလက်တီကို မက်ဒရစ်တို့ ချေပဂိုး ရဖို့ ရုန်းခဲ့ပေမယ့် တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့ အဆုံးသတ်လိုအပ်ချက်တွေနဲ့ အိုကမ်ပို့စ် လက်ထိဘောကို ခွင့်ပြုပေးခြင်း မရှိခဲ့လို့ ၁-၀ ရလဒ်နဲ့ပဲ လာလီဂါ ဦးဆောင်သူတို့ ရှုံးပွဲတွေ့သွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

အခုပွဲ အပြီးမှာ ဆီဗီလာတို့ လာလီဂါ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နေပြီး ပဥ္စမနေရာက ရီးရဲယ်ဘက်တစ် ကို ၁၂ မှတ်အတိ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။
ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ သေချာသွားတဲ့ ဆီဗီလာ

အက်တလက်တီကို မက်ဒရစ်ကတော့ ဒဏ်ရာရ ကစားသမားတွေနဲ့ ရုန်းကန်နေရဆဲ ဖြစ်ပြီး ပုံစံကောင်းတစ်ခု ပျောက်ဆုံးနေမှုနဲ့ အတူ ရှုံးပွဲတစ်ပွဲကို မလိုချင်လည်း ရသွားခဲ့တာ ဖြစ်ပါတယ်။ ဆွာရက်ဇ်၊ လီမာ အတွဲက အလုပ်သိပ်မဖြစ်ခဲ့သလို တစ်ပွဲလုံး အတိုင်းအတာနဲ့ ဆီဗီလာ ခံစစ်ကို ထိရောက်တဲ့ ထိုးဖောက်မှု ၄ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဆီဗီလာကတော့ တစ်ပွဲလုံး ဂိုးပေါက် ခြိမ်းခြောက်မှု ၁၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မှု ၅ ကြိမ် ရှိခဲ့ပါတယ်။ အခုပွဲ အပြီးမှာ ဆီဗီလာတို့ လာလီဂါ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နေပြီး ပဥ္စမနေရာက ရီးရဲယ်ဘက်တစ် ကို ၁၂ မှတ်အတိ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။ အက်တက်လက်တီကို မက်ဒရစ် ကတော့ ရီးရဲယ်မက်ဒရစ်၊ ဘာစီလိုနာတို့နဲ့ ရမှတ်ကွာဟချက် တော်တော်လေး ကျဉ်းမြောင်းသွားခဲ့ပြီ ဖြစ်လို့ လက်ကျန် ပွဲစဉ်တွေမှာ အာရုံစိုက်မှပဲ လာလီဂါ အမှတ်ပေးချန်ပီယံဆုကို မျှော်လင့်နိုင်တော့မှာ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဆီဗီလာတို့ လာမယ့် ဧပြီလ ၁၃ ရက်နေ့မှာ ဆဲလ်တာဗီဂိုနဲ့ လာလီဂါ ပွဲစဉ် ကစားဖို့ ရှိပြီး အက်တလက်တီကို မက်ဒရစ် ကတော့ ၁၂ ရက်နေ့မှာ ရီးရဲယ်ဘက်တစ်နဲ့ ကစားရမှာ ဖြစ်လို့ မသိမသာ ပွဲကြပ်နေတယ်လို့ ဆိုနိုင်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်