နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရှုံးပေမယ့် နောက်တစ်ဆင့်တက်တဲ့ အာဆင်နယ် – ယူရိုပါလိဂ်ပွဲပြီးသုံးသပ်ချက်

အာဆင်နယ် ၀ – ၁ အိုလံပီယာကော့စ်

ယနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ဒုတိယအကျော့ ပွဲစဉ် တစ်ပွဲဖြစ်တဲ့ အာဆင်နယ်နဲ့ အိုလံပီယာကော့စ်တို့ ပွဲမှာတော့ ဂရိသားတို့ လန်ဒန်မြေမှာ အောင်ပွဲခံခဲ့ပေမယ့် ကွာတားဖိုင်နယ်နဲ့ လွဲချော်သွားခဲ့ပါတယ်။ အာဆင်နယ်တို့ အခုပွဲမှာ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးမချနိုင်ခဲ့လို့ အိမ်ကွင်း ရှုံးပွဲတွေ့ခဲ့တာ ဖြစ်ပေမယ့် ပထမအကျော့ ဂိုးပြတ်နိုင်ပွဲကြောင့်သာ ယူရိုပါလိဂ် နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

 
ဒီနေ့ပွဲမှာ အာဆင်နယ်တိုက်စစ်က အော်ဘာမီယန်း ပြန်လည် ပါဝင်လာခဲ့ပြီး ကွင်းလယ်မှာ ပေပေ၊ ဆယ်ဘာယော့စ်၊ စမစ်ရိုးဝ်၊ အဲလ်နီနီ၊ ရှာကာတို့ ပါဝင်လာပါတယ်။ နောက်တန်းမှာတော့ ဘယ်လာရင်၊ ဒါးဗစ်လူးဝစ်ဇ်၊ ဂါဘရီရယ်၊ တီယာနီ၊ ဂိုးမှာ ဘန်လန်နိုတို့ ကို အသုံးပြုခဲ့ပါတယ်။ ပထမအကျော့က အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးနိမ့်ထားတဲ့ အိုလံပီယာကော့စ် တို့ကတော့ နိုင်ပွဲရရှိရေးအတွက် အကောင်းဆုံး လူစာရင်းကို အသုံးပြုခဲ့ပြီး ၃-၄-၃ ကစားကွက်နဲ့ ပွဲထွက်လာပါတယ်။ ဒီနေ့ပွဲမှာ အာဆင်နယ်တို့ ဘောလုံးပိုင်ဆိုင်မှုကလွဲလို့ ကျန်အခြေအနေ အားလုံးမှာ အပြတ်အသတ် အသာရခဲ့ပြီး အိုလံပီယာကော့စ် ဂိုးပေါက်ကို တရစပ် ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂိုးသမား ဂျိုဆေး ဆားရဲ့ ကာကွယ်မှုတွေနဲ့ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ ရှိလို့သာ သွင်းဂိုးတွေ ပြန်မရခဲ့တာ ဖြစ်ပါတယ်။ အိုလံပီယာကော့စ် အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ယူဆက်ဖ်အဲလ်အာရာဘီက ပွဲချိန် ၅၁ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင်အိုလံပီယာကော့စ်နောက်ခံလူအူဆေးနူဘနှစ်ဝါတစ်နီနဲ့ထုတ်ပယ်ခံခဲ့ရတာကြောင့်အိုလံပီယာကော့စ်တို့ပြန်လာဖို့မဖြစ်နိုင်တော့ပဲနှစ်ကျော့ပေါင်း၃-၂နဲ့ရှုံးနိမ့်ပြီးယူရိုပါလိဂ်၁၆သင်းအဆင့်ကနေလက်ပြနှုတ်ဆက်ခဲ့ရတာလည်းဖြစ်ပါတယ်။
မနှစ်ကယူရိုပါလိဂ် ရှုံးထွက်အဆင့်မှာအာဆင်နယ်ကိုကျော်ဖြတ်ခဲ့တဲ့ အိုလံပီယာကော့စ်

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ အာဆင်နယ်တို့ ရှုံးနိမ့်ခဲ့ပေမယ့် အိုလံပီယာကော့စ်တို့ ထက်ပိုပြီး အခွင့်အရေးတွေ ရခဲ့ပါတယ်။ နောက်ပြီး ဒီနေ့ပွဲမှာ အော်ဘာမီယန်း၊ ပေပေနဲ့ လူစားဝင်ကစားသမား အိုဒီဂတ်တို့ အခွင့်အရေးကောင်းတွေ အသုံးမချနိုင်ခဲ့လို့သာ အာဆင်နယ်တို့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အိုလံပီယာကော့စ် နောက်ခံလူ အူဆေးနူဘ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် အိုလံပီယာကော့စ်တို့ ပြန်လာဖို့ မဖြစ်နိုင်တော့ပဲ နှစ်ကျော့ပေါင်း ၃-၂ နဲ့ ရှုံးနိမ့်ပြီး ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကနေ လက်ပြနှုတ်ဆက်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အာဆင်နယ်ကတော့ မနှစ်က အိုလံပီယာကော့စ်နဲ့ ယူရိုပါလိဂ် ရှုံးပွဲကို လက်စားချေနိုင်ခဲ့ပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ လာမယ့် မတ်လ ၂၁ ရက်နေ့မှာ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ် ကစားဖို့ ရှိပြီး အိုလံပီယာကော့စ် ဟာလည်း ဂရိစူပါလိဂ် ပွဲစဉ် ဆက်လက် ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်