နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမှတ်ပေးဇယားကို ၁၇ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့တဲ့ မန်ချက်စတာစီးတီး – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ဖူလ်ဟမ် ၀ – ၃ မန်ချက်စတာစီးတီး

ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ ရဲ့ လက်ကျန်ပွဲစဉ် တစ်ပွဲအဖြစ် ဖူလ်ဟမ်နဲ့ မန်ချက်စတာစီးတီးတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အဝေးကွင်းမှာ လာရောက်ကစားခဲ့တဲ့ စီးတီးတို့ စတုန်းစ်၊ ဂျီးဆုစ်၊ အဂွဲရိုးတို့ရဲ့ သွင်းဂိုးတွေနဲ့ ၃ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် မန်ချက်စတာစီးတီးတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဒုတိယနေရာက အသင်းကို ၁၇ မှတ်အထိ ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပြီး ဖူလ်ဟမ်ကတော့ တန်းဆင်းဇုန်ထဲမှာ ဆက်လက် ရုန်းကန်သွားခဲ့ရပါတယ်။

ဖူလ်ဟမ်ကတော့ ၂၉ ပွဲကစားပြီး ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၁၈ နေရာမှာ ရပ်တည်နေတယ်ဆိုပေမယ့် ရာသီအကုန်မှာ ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရဖို့ အခြေအနေကောင်းနေဆဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ဆက်လက်ရပ်တည်နေဆဲ ဖူလ်ဟမ်

အခုပွဲမှာ မန်ချက်စတာစီးတီးက ဒဏ်ရာကပြန်လည် သက်သာလာခဲ့တဲ့ ကန်အဂွဲရိုး ပြန်ပါလာခဲ့ပြီး ဂါဘရီရယ်နဲ့ ဂျီဆုစ်နဲ့ တွဲဖက်ပြီး ပွဲထွက်လာခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ဖာရန်း တောရက်စ်၊ မန်ဒီ၊ ဆေးလ်ဗား၊ ရိုဒရီ၊ ဂျာအိုကန်ဆယ်လို၊ နောက်တန်းမှာတော့ လာပေါ့တ်၊ ဒီရာ့စ်၊ ဂျွန်စတုန်းစ်၊ ဂိုးမှာတော့ အီဒါဆင်တို့ ပါဝင်လာပါတယ်။ အိမ်ရှင် ဖူလ်ဟမ်ဘက်မှာတော့ ကာဗလ်လီယို၊ လွတ်ခ်မန်း၊ လီမီနာ၊ တီတီ၊ ရိဒ်၊ အန်ဒါဆင်၊ အာရီယိုလာတို့လို ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ ဖူလ်ဟမ်ဟာ ပြီးခဲ့တဲ့ ပွဲမှာ ခြေစွမ်းပြပြီး လစ်ဗာပူးလ်ကို အနိုင်ရထားခဲ့ပေမယ့် အခုပွဲမှာတော့ မန်ချက်စတာစီးတီးရဲ့ ကစားပုံကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပဲ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ တစ်ပွဲလုံး အတိုင်းအတာ အနေနဲ့ မန်ချက်စတာစီးတီးရဲ့ လွှမ်းမိုး ကစားနိုင်မှုကို မလွန်ဆန်နိုင်ခဲ့ပဲ ခံစစ်က အတတ်နိုင်ဆုံး တောင့်ခံနိုင်ခဲ့လို့သာ အခုထက်ပိုပြီး ဂိုးမပြတ်ခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီး အတွက် ဂိုးတွေကိုတော့ ဂျွန်စတုန်းစ်က ပွဲချိန် ၄၇ မှာလည်းကောင်း၊ ဂါဘရီရယ်ဂျီးဆုစ်က ၅၆ မိနစ်နဲ့ အဂွဲရိုးက ပွဲချိန် မိနစ် ၆၀ မှာ ပင်နယ်တီက တစ်ဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲမှာ မန်ချက်စတာစီးတီး တိုက်စစ်က အရင်ပွဲတွေလိုပဲ တော်တော်လေး အလုပ်ဖြစ်ခဲ့တာ တွေ့ရပြီး မာကျောပြီး လျင်မြန်ပါတယ်ဆိုတဲ့ ဖူလ်ဟမ်ရဲ့ စုဖွဲ့မှုကို ကျော်ဖြတ်နိုင်ခဲ့တာ တွေ့ရပါတယ်။ နောက်ပြီး ဂျွန်စတုန်းစ်ရဲ့ တောက်ပမှုတွေကို ထပ်မံမြင်တွေ့ခဲ့ရပြီး နောက်ခံလူ တစ်ဦးဖြစ်ပေမယ့် ဂိုးတွေ သွင်းယူပေးနေတာဟာ မန်ချက်စတာစီးတီး နည်းပြ ပပ်ဂွာဒီယိုလာ အတွက်တော့ တန်ဖိုးရှိတဲ့ ကစားသမား ပိုင်ဆိုင်ထားတယ်ဆိုတာ သက်သေပြနေသလိုပါပဲ။ ဒီနေ့ပွဲမှာ သွင်းဂိုး ၁ ဂိုးရခဲ့တဲ့ တိုက်စစ်မှူး ကန်အဂွဲရိုး အတွက်ကလည်း ဒီရာသီအတွက် ပထမဦးဆုံး သွင်းဂိုး ဖြစ်ခဲ့ပါတယ်။ ပွဲပြီး အချက်အလက်တွေကို ပြန်ကြည့်မယ်ဆိုရင် မန်ချက်စတာစီးတီး တို့ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု ၈ ကြိမ် ရှိခဲ့ပြီး အဲ့ထဲကမှ ၇ ကြိမ်ဟာ ဂိုးပေါက်တည့်ခဲ့တာ တွေ့ရပါတယ်။ မန်ချက်စတာစီးတီးတို့ အခုနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရမှတ် ၇၁ မှတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါပြီ။ ဒုတိယနေရာက အသင်းထက် ၂ ပွဲပိုကစားထားတယ်ဆိုပေမယ့် အခုလို ဦးဆောင်ထားနိုင်တာဟာ အမှတ်ပေးချန်ပီယံဆု ရရှိဖို့ အကောင်းဆုံး အခြေအနေမှာ ရှိနေခဲ့ပြီလို့လည်း ပြောလို့ရပါတယ်။ ဖူလ်ဟမ်ကတော့ ၂၉ ပွဲကစားပြီး ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၁၈ နေရာမှာ ရပ်တည်နေတယ်ဆိုပေမယ့် ရာသီအကုန်မှာ ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရဖို့ အခြေအနေကောင်းနေဆဲ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဖူလ်ဟမ်တို့ လာမယ့် မတ်လ ၂၀ ရက်နေ့မှာ လိဒ်စ်ယူနိုက်တက်နဲ့ ကစားဖို့ ရှိပြီး မန်ချက်စတာစီးတီး ကတော့ ကြားရက်မှာ မိုချင်ဂလတ်ဘတ်နဲ့ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်