နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ်မှာ ပွဲဆက်ရှုံးနေပေမယ့် ချန်ပီယံလိဂ်မှာ ခြေစွမ်းပြနေတဲ့ လစ်ဗာပူးလ် – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

လစ်ဗာပူးလ် ၂ – ၀ လိုက်ပ်ဇစ်

ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ လစ်ဗာပူးလ်တို့ လိုက်ပ်ဇစ်ကို ၂ ဂိုးပြတ်ရလဒ်နဲ့ ထပ်မံအနိုင်ရခဲ့လို့ နှစ်ကျော့ပေါင်း ၄-၀ နဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ လစ်ဗာပူးလ်တို့ အမှတ်ပေးပြိုင်ပွဲမှာ ဘယ်လောက်ပဲ ခြေစွမ်းယိမ်းယိုင်နေပါစေ ချန်ပီယံလိဂ် မှာတော့ ရလဒ်ကောင်းနေဆဲဖြစ်ပြီး ခြေစွမ်းမာကျောတဲ့ လိုက်ပ်ဇစ်ကို သက်တောင့်သက်သာ ကစားပြီး အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ လစ်ဗာပူးလ် တိုက်စစ်က မိုဟာမက်ဆာလာ၊ မာနေး၊ ဂျော့တာ တို့နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာ ဖာဘင်ဟို၊ ဝိုင်ဂျ်နယ်ဒမ်၊ သီယာဂိုအဲလ်ကန်တာယာ၊ နောက်တန်းမှာ ထရန့်အာနိုးလ်၊ ဖီးလစ်ပ်၊ ကာဘက်ခ်၊ ရော်ဘတ်ဆန်၊ ဂိုးမှာ အလီဆွန်ဘေကာတို့ ပါဝင်လာပါတယ်။ လိုက်ပ်ဇစ် ဘက်မှာတော့ ယူဆက်ဖ် ပိုလ်ဆင်၊ ဖော့စ်ဘာဂ်၊ အန်ကန်ကူ၊ အိုလ်မို၊ စဘစ်ဇာ၊ တိုင်လာအက်ဒမ်၊ အူပါမီကာနို၊ ကမ်ပဲလ်၊ ကလော့စတာမန်၊ မူကီလီ၊ ဂူလက်ဆီတို့ ပထမပွဲထွက်လူစာရင်းမှာ ပါဝင်လာပါတယ်။ လစ်ဗာပူးလ်ဘက်မှာ တိုက်စစ်က ဖေမီနို ဒဏ်ရာ ရရှိနေလို့ အသုံးမပြုခဲ့တာ တော်တော်လေး အဆင်ပြေခဲ့တယ် ဆိုရမှာ ဖြစ်ပြီး လူငယ်ကစားသမားလေး ဒီယိုဂို ဂျော့တာရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို တဖန်ပြန်လည် မြင်တွေ့ခဲ့ရပါတယ်။ ဒီနေ့ပွဲမှာ လစ်ဗာပူးလ်တို့ ဧည့်သည် လိုက်ပ်ဇစ်ကို ဘောလုံးပိုင်ဆိုင်မှုအရ အသာစီးမရခဲ့တာ ကလွဲရင် ကျန်အခြေအနေတွေ အားလုံးမှာ အသာစီးရခဲ့တာ တွေ့ရပါတယ်။ ပထမပိုင်း တစ်ပိုင်းလုံး နှစ်သင်းစလုံး ထိရောက်တဲ့ ထိုးဖောက် တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခြင်း မရှိတာကြောင့် ဂိုးမရှိသရေရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ လစ်ဗာပူးလ်တို့ရဲ့ တိုက်စစ်က တော်တော်လေး အသက်ဝင်လာခဲ့ပြီး ဦးဆောင်ဂိုးကို မိနစ် ၇၀ မှာ ဒီယိုဂိုဂျော့တာရဲ့ ပေးပို့မှုကနေ မိုဟာမက်ဆာလာက သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ၄ မိနစ် အကြာမှာ ဆာဒီယိုမာနေးက အိုရီဂီရဲ့ ပေးပို့မှုကနေ ဆာဒီယို မာနေးက ဒုတိယဂိုး ထပ်မံသွင်းယူပေးခဲ့လို့ ၂ ဂိုးပြတ်ရလဒ်နဲ့ လစ်ဗာပူးလ်တို့ အနိုင်ရရှိပြီး နှစ်ကျော့ပေါင်း ၄-၀ နဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

လိုက်ပ်ဇစ်တို့ကတော့ မနှစ်က ချန်ပီယံလိဂ် မှာ ရလဒ်တွေ တောက်လျောက် ကောင်းခဲ့ပေမယ့် အခုနှစ်မှာတော့ ၁၆ သင်းအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပြီ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ ၄ ပွဲဆက် နိုင်ပွဲရပ်တန့်ခဲ့ရတဲ့ လိုက်ပ်ဇစ်

အခုပွဲမှာ လစ်ဗာပူးလ်ရဲ့ ပုံစံကောင်းတစ်ခုကို ပြန်လည် မြင်တွေ့ခဲ့ရပြီး ၂ ပွဲဆက် ပျောက်ဆုံးနေခဲ့တဲ့ သွင်းဂိုးတွေကိုလည်း ပြန်လည် မြင်တွေ့ခဲ့ရပါတယ်။ ဒါဟာ လူငယ်ကစားသမားလေး ဂျော့တာရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့်လည်း ဖြစ်ပြီး လစ်ဗာပူးလ်တို့ သွင်းဂိုး ရဖို့ မခက်ခဲခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး ခံစစ်က ကာဘက်ခ်အနေနဲ့ တစ်ပွဲထက်တစ်ပွဲ ပိုပြီးတည်ငြိမ်လာတာကြောင့် အပိုင်အခွင့်အရေးတချို့ကို ခွင့်မပြုခဲ့ရတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်တို့ အခုနိုင်ပွဲကြောင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီး လာမယ့် အဆင့်မှာ ဘယ်အသင်းနဲ့တွေ့ဆုံမလဲဆိုတာတော့ မသိသေးပါဘူး။ လိုက်ပ်ဇစ်တို့ကတော့ မနှစ်က ချန်ပီယံလိဂ် မှာ ရလဒ်တွေ တောက်လျောက် ကောင်းခဲ့ပေမယ့် အခုနှစ်မှာတော့ ၁၆ သင်းအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပြီ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ်တို့ လာမယ့် မတ်လ ၁၆ ရက်နေ့ အဂ်ါနေ့မှာ ဝုဗ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိပြီး လိုက်ပ်ဇစ် ကတော့ ဖရန့်ဖတ်နဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်