နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အက်တီလက်တီကို ကို အတည်ဖြိုခဲ့တဲ့ ချဲလ်ဆီး – ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

အက်တလက်တီကို မက်ဒရစ် ၀ – ၁ ချဲလ်ဆီး

ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ချဲလ်ဆီးတို့ အက်တလက်တီကို မက်ဒရစ်ကို အဝေးကွင်းမှာ တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးရဲ့ သွင်းဂိုး ၁ ဂိုးတည်းနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမတိုင်ခင်က ခြေစွမ်းမာကျောတဲ့ အက်တလက်တီကို မက်ဒရစ်ကို ချဲလ်ဆီးတို့ အနိုင်ယူကျော်ဖြတ်ဖို့ မဖြစ်နိုင်ဘူးလို့ အားလုံးက ထင်ကြေးပေးခဲ့ကြပေမယ့် တကယ်တမ်း ကစားတဲ့အချိန်မှာတော့ ချဲလ်ဆီးကို တီကိုတို့ ဘယ်လိုမှ မယှဉ်နိုင်ခဲပါဘူး။

ဒီနေ့ပွဲမှာတော့ အက်တလက်တီကို ဘက်မှာ ဆွာရက်ဇ်၊ ဂျာအိုဖီးလစ်တို့ အထောင်တိုက်စစ်နေရာမှာ ပွဲထွက်လာပြီး ကွင်းလယ်မှာ ကော်ရီယာ၊ ကိုကီ၊ ဆာအူးလ်နီဂွက်ဇ်၊ သောမက်စ်လီမာ၊ နောက်တန်းမှာ လော်ရန်တေး၊ ဆာဗစ်၊ ဖီလစ်ပီ၊ ဟာမိုဆို၊ ဂိုးမှာ ယန်အိုဘလက်ခ်တို့ ပါဝင်လာပါတယ်။ ဧည့်သည် ချဲလ်ဆီး ဘက်မှာတော့ တိုက်စစ်မှာ ဂျီရူးတစ်ဦးတည်းကို ဦးဆောင်စေပြီး နောက်မှာ တီမီုဗာနာ၊ မေဆင်မောင့်တို့နဲ့ ဝန်းရံစေခဲ့သလို ကွင်းလယ်နဲ့ နောက်တန်းမှာ အလွန်ဆို၊ ကိုဗာချစ်၊ ဂျော်ဂျင်ဟို၊ ဟက်ဒ်ဆန်အိုဒွိုင်းလ်၊ ရူဒီဂါ၊ ခရစ်စတင်ဆင်၊ အက်ဇ်ပီလီကျူအာတာ၊ မန်ဒီတို့ကို အသုံးပြုခဲ့ပါတယ်။ ကြားကွင်းမှာ ကစားရပေမယ့် အက်တလက်တီကို မက်ဒရစ် အိမ်ကွင်းလို့ သတ်မှတ်နိုင်ပြီး အိမ်ကွင်းမှာဆို ခြေစွမ်းသိသိသာသာ မာကျောတတ်တဲ့ အသင်းဖြစ်ပေမယ့် ချဲလ်ဆီး နည်းပြသစ် တူဟယ်အနေနဲ့ အကောင်းဆုံး ထိန်းချုပ်ကစားသွားနိုင်ခဲ့တာ တွေ့ရပါတယ်။ ပထမပိုင်း တစ်ပိုင်းလုံး တစ်ဘက်နဲ့တစ်ဘက် ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် သွင်းဂိုးတွေတော့ မရခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့ ပိုမိုဖိအားပေး ကစားလာနိုင်ခဲ့ပြီး ၆၈ မိနစ် အရောက်မှာ တိုက်စစ်မှူး အိုလီဗီရာ ဂျီရူးက ချဲလ်ဆီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဂျီရူးအနေနဲ့ အက်တလက်တီကိုမက်ဒရစ် နောက်ခံလူတွေကြားကနေ နောက်ပြန်ကန်ချက်နဲ့ လှလှပပသွင်းယူသွားခဲ့တာလည်း ဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာတော့ ချဲလ်ဆီးတို့ ကိုဗာချစ်အစား ကန်တေ၊ မေဆင်မောင့်အစား ကန်တေ၊ အိုဒွိုင်းအစား ရိစ်ဂျိမ်းစ်၊ ဂျီရူးအစား ကိုင်ဟာဗက်ဇ်၊ တီမိုဗာနာ အစား ပူလီဆစ်ကို လူစားလဲပြီး ပွဲကို ထိန်းချုပ်ခဲ့ပါတယ်။ နည်းပြ သောမက်စ်တူဟယ်ရဲ့ ဗျူဟာ အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး နောက်တစ်ဆင့်တက်ဖို့ အဖိုးတန် အနိုင်ဂိုးတစ်ဂိုးကို ထိန်းကစားသွားနိုင်ခဲ့တာ တွေ့ရပါတယ်။

အခုပွဲအပြီးမှာ စိတ်ဝင်စားစရာ အချက်အလက်တစ်ချို့ကို ပြန်ကြည့်မယ်ဆိုရင် အက်တလက်တီကို မက်ဒရစ်ကို ၂၀၁၇ နောက်ပိုင်းမှာ ချန်ပီယံလိဂ် အိမ်ကွင်းရှုံးပွဲတွေ့စေခဲ့တဲ့ အသင်းကလည်း ချဲလ်ဆီးပဲ ဖြစ်နေခဲ့ပါတယ်။
အခုနှစ် လာလီဂါမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အက်တလက်တီကိုမက်ဒရစ်

ပွဲပြီးသုံးသပ်ချက်

အခုပွဲအပြီးမှာ စိတ်ဝင်စားစရာ အချက်အလက်တစ်ချို့ကို ပြန်ကြည့်မယ်ဆိုရင် အက်တလက်တီကို မက်ဒရစ်ကို ၂၀၁၇ နောက်ပိုင်းမှာ ချန်ပီယံလိဂ် အိမ်ကွင်းရှုံးပွဲတွေ့စေခဲ့တဲ့ အသင်းကလည်း ချဲလ်ဆီးပဲ ဖြစ်နေခဲ့ပါတယ်။ အခုနိုင်ပွဲဟာ ချဲလ်ဆီး အတွက် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမအကျော့မှာ ၁၄ ကြိမ်မြောက် အနိုင်ရခဲ့တဲ့ ပွဲဖြစ်ပြီး ရှေ့ ၁၃ ကြိမ်စလုံးမှာလည်း နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အစဉ်အလာကောင်းတွေ ပိုင်ဆိုင်ထားခဲ့ပါတယ်။ အနိုင်ဂိုး လှလှပပ သွင်းယူပေးခဲ့တဲ့ အိုလီဗီရာ ဂျီရူးအနေနဲ့ကလည်း ချဲလ်ဆီး အတွက် ပွဲထွက်ကစားခဲ့တဲ့ ဥရောပပြိုင်ပွဲ ၁၆ ပွဲမှာ ၁၅ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်လာပါတယ်။ ဒါ့အပြင် အသက် ၃၄ နှစ်နဲ့ ၁၄၆ ရက် ရှိပြီဖြစ်တဲ့ ကစားသမား တစ်ဦးအနေနဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အသက်အကြီးဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

အက်တလက်တီကို မက်ဒရစ်တို့ လာမယ့် ပွဲစဉ်မှာတော့ ဗီလာရီးရဲယ်နဲ့ လာလီဂါ ရက်သတ္တပတ်ကို ဖြတ်သန်းဖို့ ရှိနေပြီး ချဲလ်ဆီးကတော့ မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်