နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နိုင်ပွဲပြန်ရပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာ ပြန်လည် တက်လှမ်းနိုင်ခဲ့တဲ့ လက်စတာစီးတီး – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ဖူလ်ဟမ် ၀ – ၁ လက်စတာစီးတီး

ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်အစောပိုင်းမှာတော့ လက်စတာစီးတီးတို့ ဖူလ်ဟမ် အိမ်ကွင်း ကရေဗင်ကော့တေ့ချ်မှာ သွားရောက်ကစားပြီး ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့လို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာတုန်းက ခြေစွမ်းကျဆင်းခဲ့တဲ့ လက်စတာစီးတီးတို့ အခုပွဲမှာတော့ အဓိကတိုက်စစ်မှူး ဂျေမီဗာဒီ မပါဝင်ခဲ့ပေမယ့် အကောင်းဆုံး ပုံစံတစ်ခုကို ပြသနိုင်ခဲ့ပြီး ဂိုးပြတ်နိုင်ပွဲ ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖူလ်ဟမ်မှာ တိုက်စစ်က မီထရိုဗစ်၊ လွတ်ခ်မန်း၊ လော့ဖ်တပ်စ်ချိခ် တို့ဦးဆောင်ပြီး ကွင်းလယ်မှာ တီတီ၊ ရိဒ်၊ ရော်ဘင်ဆင်၊ အန်ဂစ်ဆာ၊ အက်ဒါရာဘိုင်အိုယို၊ အန်ဒါဆင်၊ အင်နာ၊ အာရီယိုလာ တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ လက်စတာစီးတီး တိုက်စစ်မှာ ဂျေမီဗာဒီ ပါဝင်နိုင်ခြင်း မရှိခဲ့လို့ အီရန်နာချိုကို အသုံးပြုခဲ့ပြီး ဘန်းစ်၊ ဂျိမ်းစ် မက်ဒီဆင်၊ အရိုးပီးရက်ဇ်၊ ချောင်ဟာရီ၊ တိုင်လီမန့်စ်၊ ဂျက်စတင်၊ ဆွိုင်ရွန်ချူး၊ အီဗန့်စ်၊ ပါရဲရား၊ ကတ်စပါရှမိုက်ကယ် တို့ကို အသုံးပြုခဲ့ပါတယ်။ ပွဲအစပိုင်းမှာ ဖူလ်ဟမ်တို့ လက်စတာစီးတီး ဘက်ကို ထိရောက်တဲ့ ထိုးဖောက်မှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့တာ ကလွဲရင် ကျန်ပွဲချိန် တော်တော်များများမှာ လက်စတာစီးတီးတို့ပဲ အသာစီးရယူ ကစားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ပွဲချိန် ၁၇ မိနစ်မှာ ဂျိမ်းစ်မက်ဒီဆင်ရဲ့ ပံ့ပိုးပေးမှုကနေ အီရန်နာချိုက လက်စတာစီးတီးအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် ပွဲချိန် ၄၄ မိနစ်မှာလည်း ဒီနေ့ပွဲမှာ ခြေစွမ်းတောက်လျောက်ပြနေတဲ့ ကွင်းလယ်က ဂျိမ်းစ် မက်ဒီဆင်ရဲ့ ဖန်တီးပေးပို့မှုကနေပဲ ဂျက်စတင်က နောက်ထပ် သွင်းဂိုး ၁ ဂိုး ရယူပေးနိုင်ခဲ့လို့ လက်စတာတို့ ပထမပိုင်းအပြီးမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံး ကစားသမားအပြောင်းအလဲတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ထပ် သွင်းဂိုးတွေ ထပ်မရခဲ့လို့ လက်စတာစီးတီးတို့ ၂ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဖူလ်ဟမ်ကတော့ ပရီးမီးယားလိဂ် အပါအဝင် နောက်ဆုံး ၇ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး အဆင့် ၁၈ နေရာမှာ ဆက်လက်ရပ်တည်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ဆက်လက်ရပ်တည်နေခဲ့တဲ့ လက်စတာစီးတီး

လက်စတာစီးတီးတို့ ပြီးခဲ့တဲ့ ပွဲတွေမှာ ရလဒ်တွေ တောက်လျောက် ဆိုးရွားခဲ့ပြီး နိုင်ပွဲတွေ ပျောက်ဆုံးခဲ့ပေမယ့် အခုပွဲမှာ ဖူလ်ဟမ်ကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။ ပွဲပြီး အချက်အလက်တွေကို ပြန်ကြည့်မယ်ဆိုရင်တော့ လက်စတာစီးတီးတို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးမရခဲ့ပေမယ့် ဂိုးပေါက်ခြိမ်းခြောက်မှုနဲ့ ဂိုးပေါက်တည့်မှုမှာတော့ အပြတ်အသတ်အသာရခဲ့တာ တွေ့ရပါတယ်။ ဖူလ်ဟမ်ကတော့ ပရီးမီးယားလိဂ် အပါအဝင် နောက်ဆုံး ၇ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး အဆင့် ၁၈ နေရာမှာ ဆက်လက်ရပ်တည်ခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဖူလ်ဟမ်တို့ လာမယ့်ပွဲစဉ်မှာ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ လက်ခံကစားရဖို့ ရှိပြီး လက်စတာစီးတီး ကတော့ ဝုဗ်ကို အဝေးကွင်းမှာ သွားရောက်တွေ့ဆုံ ကစားရဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်