နာပိုလီ – ဖီအိုရင်တီးနား
လာမယ့် တနဂ်နွေနေ့ ညနေပိုင်းမှာ စီးရီးအေ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး နာပိုလီနဲ့ ဖီအိုရင်တီးနားတို့ရဲ့ ပွဲနဲ့ပတ်သတ်လို့ ပွဲကြိုခန့်မှန်းသုံးသပ်ချက် တချို့ကို ဖော်ပြပေးသွားပါဦးမယ်။ နှစ်သင်းစလုံး ခြေစွမ်းအတက်အကျ မမှန်ဖြစ်နေပြီး အဝေးကွင်းမှာဆို သိသိသာသာ ခြေကျသွားတတ်တဲ့ ဖီအိုရင်တီးနားကို နာပိုလီတို့ အနိုင်ရနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။
နာပိုလီတို့ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၃ ပွဲနိုင်ပြီး ၁ ပွဲသရေ၊ ၁ ပွဲရှုံးထားပါတယ်။ စီးရီးအေ မှာတော့ ၂ ပွဲနိုင်၊ ၂ ပွဲ သရေကျပြီး ၁ ပွဲရှုံးနိမ့်ထားပါတယ်။ ဂတ်တူဆိုရဲ့ နာပိုလီတို့ ဒီရာသီမှာ အဓိကကစားသမားတွေ ဒဏ်ရာရရှိနေမှုနဲ့ အတူ ရလဒ်တွေ ယိမ်းယိုင်ခဲ့ပြီး မရှုံးသင့်တဲ့ပွဲတွေမှာ ရှုံးခဲ့တာကြောင့် လက်တလော အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ လက်ရှိ စီးရီးအေ မှာ ၁၆ ပွဲကစားပြီး ၁၀ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၅ ပွဲ ရှုံးနိမ့်ထားပြီး ရမှတ် ၃၁ မှတ် ရရှိထားပါတယ်။ တစ်ချက်ရှိတာက နာပိုလီတို့ အမှတ်ပေးဇယား ထိပ်ဆုံးက အေစီမီလန်ထက် ၁ ပွဲလျော့ကစားပြီး ၉ မှတ်သာ ကွာဟတာကြောင့် ဘာမဆိုမျှော်လင့်လို့ ရတဲ့ အခြေအနေဖြစ်ပါတယ်။ လက်ရှိမှာလည်း အဓိကကစားသမား တော်တော်များများ ဒဏ်ရာက ပြန်လည်သက်သာလာလို့ စီးရီးအေ နဲ့ ကိုပါဒယ်ရေးပွဲစဉ် ၂ ပွဲဆက်တိုက် အနိုင်ရထား ပါတယ်။ အခုပွဲမှာတော့ တိုက်စစ်က ဒရိုင်းစ်မာတန်စ် ပြန်လည်ပါဝင်လာဖို့ ရှိပြီး အင်ဇီဂနီ၊ လိုဇာနို၊ ဘာကာယိုကို၊ ကိုလီဘာလီ၊ ဒမ်မီ တို့လို အဓိကကစားသမား အစုံအလင်နဲ့ ပွဲထွက်လာပါလိမ့်မယ်။ နာပိုလီရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၃ ပွဲရှုံးနိမ့်ထားပါတယ်။
ဖီအိုရင်တီးနားတို့ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ကက်ဂလီယာရီကို အနိုင်ရခဲ့ပေမယ့် ကိုပါဒယ်ရေး ပွဲစဉ်မှာတော့ အင်တာမီလန်ကို ရှုံးနိမ့်ခဲ့တာကြောင့် ရှုံးထွက် ၁၆ သင်းအဆင့်ကနေ လက်ပြနှုတ်ဆက်ထားရပါတယ်။ ဖီအိုရင်တီးနားတို့ ဒီရာသီမှာ ဂျူဗင်တပ်စ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရထားတာကလွဲရင် အသင်းကြီးတွေနဲ့ ကစားခဲ့တဲ့ ကျန်ပွဲစဉ်တွေ အားလုံးမှာ ရှုံးနိမ့်ထားတာတွေ့ရပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး ၁၇ ပွဲကစားရာမှာ ၄ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၇ ပွဲရှုံးနိမ့်ထားပြီး ရမှတ် ၁၈ မှတ်ပဲ ရှာဖွေထားနိုင်ခဲ့ပါတယ်။ ဖီအိုရင်တီးနားတို့ရဲ့ နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ် ဆိုရင်တော့ ၂ ပွဲနိုင်၊ ၂ ပွဲရှုံးပြီး၊ ၁ ပွဲသရေကျထားပါတယ်။ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၈ ပွဲကစားရာမှာ ၁ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး ၅ ပွဲရှုံးထားလို့ တော်တော်လေး ဆိုးရွားနေတယ်လို့ ဆိုရပါမယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း
ထိပ်တိုက်တွေ့ဆုံမှု ၂၈ ကြိမ်မှာ နာပိုလီတို့ ၁၄ ကြိမ်အထိ အနိုင်ရပြီး ဖီအိုရင်တီးနားကတော့ ၆ ကြိမ် အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ ဖီအိုရင်တီးနား အိမ်ကွင်းမှာ နာပိုလီက ၃-၄ နဲ့ အနိုင်ရပြီး နာပိုလီ အိမ်ကွင်းမှာတော့ ဖီအိုရင်တီးနားက ၀-၂ နဲ့ အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
နာပိုလီ – ဖီအိုရင်တီးနား | 1X2 အိမ်ရှင် @ ၁.၅၀ဆ | |
ဇန်နဝါရီလ ၁၇ရက်, ည၆:၀၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၁.၅၀ဆနဲ့ဧည့်သည်အသင်းအတွက် ၆.၂၀ဆ ကြေးဖွင့်ပြီးသရေအတွက် ၄.၅၀ ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။ ဖီအိုရင်တီးနားတို့ အဝေးကွင်း စွမ်းဆောင်ရည်တော်တော်လေး ညံ့နေပါတယ်။ နာပိုလီကတော့ ခြေစွမ်း အကောင်းကြီး မဟုတ်ပေမယ့် အဓိကကစားသမားတွေ ပြန်ပါလာဖို့ရှိလို့ ဖီအိုရင်တီးနားကိုတော့ အနိုင်ယူနိုင်စွမ်း ရှိနေပါတယ်။ ခန့်မှန်းရလဒ် ၂-၁ ပါ။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.