နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်ရှိခြေစွမ်းအရ ဆီဗီလာ ဘက်မှာ ရပ်တည်တာ အမှန်ကန်ဆုံး ရွေးချယ်မှုပါ – လာလီဂါ ပွဲကြိုသုံးသပ်ချက်

ဆီဗီလာ vs ရီးရဲယ်ဆိုစီဒက်

အခုတစ်ခါမှာတော့ လာမယ့် ဇန်နဝါရီလ ၉ ရက်နေ့မှာ ကစားမယ့် လာလီဂါ ပွဲစဉ်တွေထဲက ဆီဗီလာနဲ့ ရီးရဲယ်ဆိုစီဒက်တို့ရဲ့ ပွဲစဉ်ကို SBOTOP ပရိသတ်တွေ အတွက် ပွဲကြိုခန့်မှန်းသုံးသပ်ပေးချင်ပါတယ်။ နောက်ပိုင်းကစားတဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းပြန်တက်နေပြီး ရလဒ်တွေ ကောင်းနေတဲ့ ဆီဗီလာတို့ ရီးရဲယ်ဆိုစီဒက်နဲ့ တွေ့ဆုံနေလို့ ခက်ခက်ခဲခဲ ရုန်းကန်ရဖို့တော့ ရှိနေပါတယ်။

ဆီဗီလာတို့ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ ၅ ပွဲဆက် ရှုံးပွဲလုံးဝ မရှိပဲ ၃ ပွဲနိုင်ပြီး ၂ ပွဲသရေကျထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ရီးရဲယ်ဘက်တစ်နဲ့ ပွဲစဉ်မှာ ဆူဆိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးပြန်ပေးခဲ့ရတာ ကြောင့် ၁-၁ ရလဒ်နဲ့ သရေကျခဲ့ပါတယ်။ ဆီဗီလာတို့ ဂီတာဖေး၊ ဗလင်စီယာ၊ ဗီလာရီးရဲယ်တို့လို အသင်းကောင်းတွေကို အနိုင်ရခဲ့ပေမယ့် ခြေစွမ်း မကောင်းတဲ့ ဗယ်လာဒိုးလစ်၊ ဘက်တစ်တို့လို အသင်းတွေကို သရေကျခဲ့တာ ကတော့ လိုပက်တက်ဂွီရဲ့ နည်းစနစ်ပိုင်းကို မေးခွန်းထုတ်စရာ ရှိနေပါတယ်။ ကြားရက်မှာ ကစားခဲ့တဲ့ လီနာရက်စ် ဒီပို့တီပိုနဲ့ ကိုပါဒယ်ရေး ပွဲစဉ်မှာတော့ ၂ ဂိုးပြတ်နဲ့ အနိုင်ရထားပြီး နောက်တစ်ဆင့် ကို တက်ရောက်ထားနိုင်ပါတယ်။ ဆီဗီလာတို့ လက်ရှိ လာလီဂါမှာ ၁၅ ပွဲကစား၊ ၈ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၄ ပွဲရှုံးနိမ့်ထားလို့ ရမှတ် ၂၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။ အမှတ်ပေးဇယားထိပ်ဆုံးက အက်တလက်တီကို မက်ဒရစ်နဲ့ ရမှတ် ၁၁ မှတ်အထိ ကွာဟ နေတာကြောင့် လာလီဂါ ချန်ပီယံဆု မျှော်လင့်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ထိပ်သီး ၄ သင်း စာရင်းဝင်နိုင်ရေး အတွက် အခုပွဲက အရေးပါနေပါတယ်။ ဆီဗီလာရဲ့ ဒီရာသီ အိမ်ကွင်းစွမ်းဆောင်ကို ကြည့်မယ်ဆိုရင် ၇ ပွဲကစားရာမှာ ၄ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲရှုံးပြီး ရမှတ် ၁၃ မှတ်အထိ စုဆောင်းထားနိုင်ပါတယ်။ လက်ရှိမှာ တိုက်စစ်က လူးကပ်စ် အိုကမ်ပို့စ် ခြေစွာနေပြီး အခုပွဲမှာ စောင့်ကြည့်ရမယ့် ကစားသမား ဖြစ်ပါတယ်။

ခြေစွမ်းပြခဲ့ပေမယ့် ပွဲစဉ် ၁၁ ကနေစပြီး သရေပွဲတွေနဲ့ ရှုံးပွဲတွေ ဆက်ခဲ့လို့ လက်ရှိမှာ လာလီဂါ ထိပ်တန်း အသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်ရေးတောင် ခက်ခဲနေခဲ့ပါပြီ။
နောက်ပိုင်းကစားတဲ့ လာလီဂါပွဲစဉ်တွေမှာ ခြေစွမ်းကျဆင်းနေတဲ့ ရီးရဲယ်ဆိုစီဒက်

ရီးရဲယ်ဆိုစီဒက် တို့ ရာသီအစမှ ပရိသတ်တွေ မျက်စိကျလောက်အောင် ခြေစွမ်းပြခဲ့ပေမယ့် ပွဲစဉ် ၁၁ ကနေစပြီး သရေပွဲတွေနဲ့ ရှုံးပွဲတွေ ဆက်ခဲ့လို့ လက်ရှိမှာ လာလီဂါ ထိပ်တန်း အသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်ရေးတောင် ခက်ခဲနေခဲ့ပါပြီ။ ကာဒစ်ဇ်ကို အနိုင်ရခဲ့ပြီးကတည်းက ဗီလာရီးရဲယ်၊ အဲလ်ဗက်စ်၊ အီဘာတို့ကို သရေ၊ ဘာစီလိုနာ၊ လီဗန်တေး၊ အက်တလက်တီကိုတို့ကို ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ ရီးရဲယ်ဆိုစီဒက်တို့အတွက် စိုးရိမ်စရာ အခြေအနေကတော့ လက်ရှိ လာလီဂါ မှာ ၁၈ ပွဲအထိ ကစားထားပြီး ကျန်အဓိက ပြိုင်ဘက်တွေ အားလုံးထက် ပွဲပိုကစားထားတာ ဖြစ်ပါတယ်။ အခုပွဲမှာသာ ရလဒ်မကောင်းခဲ့ရင် အမှတ်ပေးဇယား အဆင့် ၅ နေရာကို ဆင်းပေးရနိုင်မယ့် အခြေအနေမှာ ရှိနေလို့ အာရုံစိုက်ကစားလာမယ့် သဘောမှာ ရှိနေပါတယ်။ ဆိုစီဒက်တို့ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ၉ ပွဲကစားရာမှာ ၅ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး ၂ ပွဲသာ ရှုံးနိမ့်ထားလို့ မဆိုးဘူးလို့ ပြောလို့ရပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဆီဗီလာနဲ့ ရီးရဲယ်ဆိုစီဒက်တို့ရဲ့ ၁၀ စုနှစ် တစ်ခုအတွင်း ထိပ်တိုက်တွေ့ဆုံမှု အကြိမ် ၂၀ မှာတော့ ဆီဗီလာက ၉ ကြိမ် အနိုင်ရပြီး ဆိုစီဒက်ကတော့ ၇ ကြိမ် အနိုင်ရထားပါတယ်။ သရေပွဲကတော့ ၄ ပွဲရှိထားပြီး ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ ဆီဗီလာတို့ အိမ်ကွင်းမှာ ၃-၂ နဲ့ အနိုင်ရပြီး ဒုတိယအကျော့ ရီးရဲယ်ဆိုစီဒက် ကွင်းမှာတော့ ဂိုးမရှိ သရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဆီဗီလာ FC vs ရီးယဲလ် ဆိုစီဒက် 1X2 ဆီဗီလာ FC @ 2.29
ဇန်နဝါရီလ ၉ ရက်, ည ၇:၃၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၁၅ဆ နဲ့ ဧည့်သည်အသင်းအတွက် ၃.၆၀ဆ ကြေးဖွင့်ပြီး သရေ အတွက်  ၃.၂၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိခြေစွမ်းအရ ဆီဗီလာတို့ အသင်းလိုက် ကစားပုံပြန်ကောင်း နေပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာ နိုင်ပွဲတွေ ပြန်ရထားပါတယ်။ ဆိုစီဒက်စ်ကတော့ နိုင်ပွဲတွေ ပြန်ရထားတယ် ဆိုပေမယ့် ခြေစွမ်း မတည်ငြိမ်သေးပါဘူး။ အပြန်အလှန် သွင်းဂိုးတွေနဲ့ ဆီဗီလာတို့ ကပ်နိုင်သွားမယ်လို့ ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်