နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆန်စီရိုမှာ ဂျူဗင်တပ်စ်တို့ မျှော်လင့်နိုင်တာ သရေတစ်မှတ်ပါ – စီးရီးအေ ပွဲကြိုသုံးသပ်ချက်

အေစီမီလန် vs ဂျူဗင်တပ်စ်

အခုတစ်ပတ် စီးရီးအေ ပွဲစဉ်တွေထဲက အကောင်းဆုံး ပွဲတစ်ပွဲကတော့ အေစီမီလန်နဲ့ ဂျူဗင်တပ်စ်တို့ရဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုနဲ့ လက်ရှိခြေစွမ်းတွေနဲ့ ပတ်သတ်လို့ အကျိုးရှိနိုင်မယ့် ပွဲကြိုသုံးသပ်ချက်တချို့ကို SBOTOP စီးရီးအေ ပရိသတ်တွေ အတွက် ဖော်ပြပေးချင်ပါတယ်။

စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အေစီမီလန်တို့ရဲ့ ခြေစွမ်းက လက်ရှိမှာ တော်တော်လေး အားရစရာ ကောင်းနေပါတယ်။ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာဟာ အချိန်တစ်ခု ကြာမြင့်နေခဲ့ပြီ ဖြစ်ပြီး ၁၅ ပွဲကစားရာမှာ ၁၁ ပွဲနိုင်၊ ၄ ပွဲသရေ၊ ရှုံးပွဲလုံးဝမရှိသေးပါဘူး။ နည်းပြ ပီအိုလီ အနေနဲ့ နိုင်ပွဲ တစ်ပွဲရဖို့ ဘယ်လို ကစားရမယ်ဆိုတာ နားလည်နေပြီး ဆုံးဖြတ်ချက်တွေ မှန်ကန်နေတာ တွေ့ရပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၃ ပွဲဆက် အနိုင်ရထားပြီး ခြေစွမ်းထက်မြတ်နေတဲ့ ဆာဆူအိုလို၊ လာဇီယို၊ ဘန်နီဗန်တို အသင်းတွေကို အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ အီဗရာဟီမိုဗစ် ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပေမယ့် လူငယ်ကစားသမား ရာဖေးလ် လီယို ဦးဆောင်နေတဲ့ တိုက်စစ်က ဂျူဗင်တပ်စ် ခံစစ်ကို ဒုက္ခပေးလာနိုင်ပါတယ်။ ကွင်းလယ်က ချဟန်နောဂလူရဲ့ ဖန်တီးပေးပို့မှု တွေကြောင့် အေစီမီလန်တို့ ဂိုးရဖို့ မခက်ခဲပဲ ရီဘစ်၊ ကတ်စတယ်လီဂျို၊ ကတ်ဆီ၊ ခရူနစ်တို့ရဲ့ ကွင်းလယ်ကလည်း တော်တော်လေး တောင့်တင်းနေပါတယ်။

ဂျူဗင်တပ်စ်တို့ လက်ရှိ စီးရီးအေမှာ ၁၄ ပွဲကစား၊ ၇ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၁ ပွဲရှုံးပြီး ရမှတ် ၂၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်တို့ကတော့ ထုံးစံအတိုင်း တိုက်စစ်က ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဦးဆောင်မှုနဲ့ အတူ ပြီးခဲ့တဲ့ အူးဒီးနီးစ်နဲ့ ပွဲမှာ ဂိုးပြတ်နိုင်ပွဲ တစ်ပွဲ ပြန်လည်ရှာတွေ့ထားခဲ့ပါတယ်။ အခုပွဲမှာ အေစီမီလန် ဘက်က ဇလာတန် အီဗရာဟီမိုဗစ် သာ ပါဝင်ကစားနိုင်ခဲ့မယ်ဆိုရင် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းမှာဖြစ်ပါတယ်။ စီးရီအေမှာ ကစားသမား နေဝင်ချိန်တွေကို လာရောက်ဖြတ်သန်းနေခဲ့တဲ့ ရော်နယ်ဒိုနဲ့ အီဗရာဟီမိုဗစ် တို့အနေနဲ့ ငယ်ရွယ်နုပျိုနေဆဲ ဖြစ်သလို  ခြေစွမ်းကောင်းတွေ ပြသနေဆဲ ဖြစ်လို့ ထင်ထားတာထက် ပြိုင်ဆိုင်မှု ပိုပြီး ပြင်းထန်သွားနိုင်ပါတယ်။ ဂျူဗင်တပ်စ်တို့ တိုက်စစ်က ရော်နယ်ဒို အပြင် ဒီဘားလား၊ ကွင်းလယ်က ရမ်ဆေး၊ မက်ကင်နီ၊ ဘန်တန်ကာ၊ တောင်ပံက ချိုင်ဆာ၊ ကွာဒွာဒို တို့နဲ့ ကစားအားကောင်းနေတဲ့ ဂျူဗင်တပ်စ်တို့ အေစီမီလန်ရဲ့ လူငယ်တွေကို ဘယ်လို ထိန်းချုပ်ကစားနိုင်မလဲ ဆိုတာ စောင့်ကြည့်ချင်ပြီး အခုပွဲမှာ အမှတ်ရမှ ဂျူဗင်တပ်စ်တို့ရဲ့ စီးရီးအေ လက်ရှိ ချန်ပီယံဘွဲ့ ကာကွယ်ပွဲက လှပနိုင်မှာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်တို့ လက်ရှိ စီးရီးအေ မှာ ၁၄ ပွဲကစား၊ ၇ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၁ ပွဲရှုံးပြီး ရမှတ် ၂၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာတော့ ၃ ပွဲနိုင်၊ ၁ ပွဲသရေကျပြီး ၁ ပွဲ ရှုံးထားပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အေစီမီလန်နဲ့ ဂျူဗင်တပ်စ်တို့ဟာ သမိုင်းတစ်လျှောက် ၂၃၃ ကြိမ် ထိပ်တိုက်တွေ့ဆုံထားပြီး ဂျူဗင်တပ်စ်တို့က အပြတ်အသတ် အသာရထားတာ တွေ့ရပါတယ်။ ဂျူဗင်တပ်စ်တို့ ၉၁ ကြိမ် အနိုင်ရပြီး အေစီမီလန်ကတော့ ၆၇ ကြိမ် အနိုင်ရကာ ၁၀ စုနှစ်တစ်ခု အတွင်း ထိပ်တိုက်တွေ့ဆုံမှု ၃၃ ကြိမ်မှာမှာလည်း ဂျူဗင်တပ်စ်က ၂၁ ကြိမ် အနိုင်ရပြီး အေစီမီလန်ကတော့ ၆ ကြိမ်ပဲ ပြန်လည် အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက စီးရီးအေ ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ် မှာတော့ ပထမအကျော့မှာ ဂျူဗင်တပ်စ်က ၁-၀ နဲ့ အနိုင်ရပြီး ဒုတိယအကျော့မှာတော့ အေစီမီလန်က ၄-၂ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အေစီမီလန် vs ဂျူဗင်တပ်စ် 1X2 သရေ @ 3.30
ဇန်နဝါရီလ ၇ ရက်, ည ၂:၁၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၃.၁၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၂၅ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၄၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဆန်စီရိုမှာ ကစားရမှာ ဖြစ်ပေမယ့် ဂျူဗင်တပ်စ်တို့ မှာ အတွေ့အကြုံရှိတဲ့ ကစားသမားတွေ ရှိနေလို့ အေစီမီလန်ကို အခက်တွေ့စေပါလိမ့်မယ်။ ဒါပေမယ့် နိုင်ပွဲ ရလောက်တဲ့ အထိ စွမ်းဆောင်နိုင်မယ်လို့တော့ မထင်ပါဘူး။ သရေရလဒ်လောက်ပဲ မျှော်လင့်ချင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်