နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အားကုန်ရုန်းမယ့် အာဆင်နယ်တို့ ချဲလ်ဆီးကို အခက်တွေ့စေလိမ့်မယ် – ပရီးမီးယားလိဂ်ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် – ချဲလ်ဆီး

အခုတစ်ပတ်စူပါဆန်းဒေးရဲ့အစောဆုံးနဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲကတော့အာဆင်နယ်နဲ့ချဲလ်ဆီးတို့ရဲ့ပွဲစဉ်ပါ။တနဂ်နွေနေ့မနက်၁၂နာရီမှာကစားမှာဖြစ်လို့မြန်မာအချိန်နဲ့ဆိုရင်တော့စနေနေ့ညသန်းခေါင်ယံအချိန်မှာကြည့်ရှုရမှာလည်းဖြစ်ပါတယ်။ထုံးစံအတိုင်းပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပရီးမီးယားလိဂ် လန်ဒန်ဒါဘီပွဲစဉ်ဖြစ်လို့ SBOTOP ပရိသတ်တွေအကြိုက်တွေ့မယ့်ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ရှိပါတယ်။

 
အာဆင်နယ်အကြောင်းကရှေ့အရင်ပွဲတွေတုန်းကသုံးသပ်ခဲ့သလိုပဲခြေစွမ်းကတော်တော်လေးကျဆင်းနေပါတယ်။၁၄ပွဲကစားပြီး၁၄မှတ်ပဲရထားတယ်ဆိုတဲ့ရလဒ်ကအသင်းကြီးတစ်သင်းအတွက်လက်ခံစရာလုံး၀မရှိတဲ့အခြေအနေလည်းဖြစ်ပါတယ်။မီခယ်အာတေးတားရဲ့အသင်းကလက်ရှိပရီးမီးယားလိဂ်မှာအမှတ်ပေးဇယားအဆင့် ၁၅နေရာမှာရပ်တည်နေပါတယ်။တန်းဆင်းဇုန်အသင်းနဲ့၄မှတ်သာကွာဟတာကြောင့်အခုပွဲမှာသာရလဒ်ဆိုးခဲ့ပြီးအကယ်၍အဆင့်၁၆နဲ့၁၇နေရာကဘရိုက်တန်နဲ့ဘန်လေတို့သာရလဒ်ကောင်းခဲ့မယ်ဆိုရင်အာဆင်နယ်ဆို့ကျိန်းသေပေါက်တန်းဆင်းဇုန်ရဲ့အပေါ်မှာကပ်ပြီးရပ်တည်ရတော့မှာဖြစ်ပါတယ်။အာဆင်နယ်တို့ပရီးမီးယားလိဂ်နောက်ဆုံး၁၀ပွဲရလဒ်ပိုင်းကိုပြန်ကြည့်မယ်ဆိုရင်၁ပွဲသာအနိုင်ရထားပြီး၂ပွဲသရေကျပြီး၇ပွဲရှုံးနိမ့်ထားပါတယ်။ကစားသမားတွေရဲ့လက်ရှိအခြေအနေကိုသုံးသပ်ကြည့်မယ်ဆိုရင်အားစိုက်မကစားတတ်တဲ့ကစားသမားတွေတောင်စိတ်ဓာတ်ထည့်ကစားလာကြပေမယ့်အာတေးတားရဲ့နည်းစနစ်ပိုင်းနဲ့လူထုတ်ပုံကြောင့်နိုင်ပွဲတွေနဲ့ဝေးကွားနေရဆဲဖြစ်ပါတယ်။ဒီပွဲမှာသာရုပ်ပျက်ဆင်းပျက်ထပ်ရှုံးနိမ့်ခဲ့ရင်နည်းပြအာတေးတားအနေနဲ့ဘုတ်အဖွဲ့ကဘယ်လောက်ပဲယုံကြည်ထားတယ်ပြောနေပါစေရာထူးကနေစွန့်ခွာသွားရဖွယ်ရှိနေလို့အိမ်ကွင်းမှာမရှုံးအောင်တော့ကစားလောက်ပါတယ်။ ဒါပေမယ့် သောမက်စ်ပါတေး၊ အော်ဘာမီယန်း၊ မာတင်နယ်လီတို့ကတော့ ဒဏ်ရာပြသနာတွေကြောင့် အခုပွဲမှာ ပွဲဝင်လာနိုင်မှာ မဟုတ်တာကိုတော့ သတိချပ်စရာ ရှိနေပါတယ်။

မီခယ်အာတေးတားရဲ့အသင်းကလက်ရှိပရီးမီးယားလိဂ်မှာအမှတ်ပေးဇယားအဆင့်၁၅နေရာမှာရပ်တည်နေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁၅ နေရာမှာရပ်တည်နေတဲ့ အာဆင်နယ်

ချဲလ်ဆီးတို့ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံးပြီး၊ ၁ ပွဲသရေကျထားသလို ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ ရလဒ်ကို ကြည့်မယ်ဆိုရင်တော့ ၂ ပွဲနိုင်၊ ၂ ပွဲရှုံးပြီး၊ ၁ ပွဲသရေကျထားပါတယ်။ အဲဗာတန်၊ ဝုဗ်တို့ကို ရှုံးနိမ့်ထားခဲ့တဲ့ ချဲလ်ဆီးတို့ နောက်ဆုံးကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပွဲမှာတော့ တိုက်စစ်ခြေစွမ်းပြပြီး ၃ ဂိုးပြတ်နဲ့ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ဖရန့်ခ်လမ်းပတ်ရဲ့ အသင်းက ဟာကင်မ်ဇီယက်ချ် ဒဏ်ရာမရခင်တုန်းက တိုက်စစ်ခြေစွမ်း ထက်မြတ်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ ဇီယက်ချ် ဒဏ်ရာ ပြန်ရသွားချိန်မှာတော့ ချဲလ်ဆီးတို့ ကစားပုံ ကျဆင်းသွားတာ တွေ့ရပါတယ်။ နောက်ပြီး အခုပွဲစဉ်မှာ နောက်တန်းက ဘန်ချေးလ်ဝဲလ်၊ ဟာကင်မ်ဇီယက်ချ်၊ ရိစ်ဂျိမ်းစ်တို့ ပါဝင်လာနိုင်မှာ မဟုတ်လို့ အနည်းငယ် အားနည်းနိုင်ပါတယ်။ ချဲလ်ဆီးတို့ လက်ရှိ ပရီးမီးယားလိဂ် မှာ ၁၄ ပွဲကစား၊ ၇ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၃ ပွဲရှုံးပြီး ရမှတ် ၂၅ မှတ်ရရှိပြီး အဆင့် ၅ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ချဲလ်ဆီးတို့ ၇ ပွဲကစားရာမှာ ၃ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံးထားတာ တွေ့ရပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ရဲ့ သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှုကို ပြန်ကြည့်မယ်ဆိုရင် အာဆင်နယ်က ၇၈ ကြိမ် အနိုင်ရပြီး ချဲလ်ဆီးကတော့ ၆၅ ကြိမ် ပြန်လည်အနိုင်ရထားပါတယ်။ သရေပွဲကတော့ ၅၈ ပွဲအထိ ရှိထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာ ချဲလ်ဆီးက တစ်ပွဲနိုင်ပြီး တစ်ပွဲ သရေကျထားပါတယ်။ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာတော့ အာဆင်နယ်က ၂-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အာဆင်နယ် – ချဲလ်ဆီး 1X2 သရေ @ ၃.၃၅ဆ
ဒီဇင်ဘာလ၂၇ရက်, ည၁၂:၀၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၃.၈၀ ဆနဲ့ဧည့်သည်အသင်းအတွက်၁.၉၇ ဆကြေးဖွင့်ပြီးသရေအတွက်၃.၃၅ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။အာဆင်နယ်တို့ လက်ရှိမှာ ခြေစွမ်းတော်တော်လေးကျဆင်းနေတာမို့လို့ ဧည့်သည်အသင်းဘက်ကတောင် အကျောပေးထားတာ တွေ့ရပါတယ်။ ချဲလ်ဆီးကတော့ ပြီးခဲ့တဲ့ပွဲမှာ ဝက်စ်ဟမ်းဆီကနေ အနိုင် ၃ မှတ် ရထားလို့ စိတ်ဓာတ်ပြန်တက်နေပြီး အခုပွဲမှာလည်း နိုင်ပွဲဆက်ဖို့ အားစိုက်ကစားလာပါလိမ့်မယ်။ တိုက်စစ် ကစားပုံကောင်းတဲ့ ချဲလ်ဆီးနဲ့ အတွေ့မှာ အိတ်ပေါက်နဲ့ ဖားလိုက်ကောက်နေရတဲ့ အာဆင်နယ် ခံစစ်က ခံနိုင်ရည်ရှိမယ် မထင်ပါဘူး။ ဒါပေမယ့် ကျားနာ နာနာခဲမယ့် အာတေးတားနဲ့ ဂန်းနားအုပ်စု ရဲ့ ရုန်းအားကြောင့် ဒီပွဲကတော့ သရေကျသွားမယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်