နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လန်ဒန်ဒါဘီမှာ ဂိုးပြတ်သွင်းပြီး ရှုံးပွဲဆက်မှုကို ရပ်တန့်နိုင်ခဲ့တဲ့ ချဲလ်ဆီး – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီး ၃ – ၀ ဝက်စ်ဟမ်း

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ချဲလ်ဆီးက အိမ်ကွင်းစတန်းဖို့ဒ် ဘရစ်ချ်မှာ ဝက်စ်ဟမ်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရပြီး ရှုံးပွဲဆက်မှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ပွဲချိန်တော်တော် များများဟာ ကွင်းလယ်မှာ ဘောလုံး အပေးအယူနဲ့တင် အချိန်ကုန်နေခဲ့ပြီး အိမ်ရှင်ချဲလ်ဆီးတို့ သက်တောင့်သက်သာနဲ့ လန်ဒန်ဒါဘီကို ကျော်ဖြတ်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် နှစ်ပွဲဆက်တိုက် ရှုံးခဲ့လို့ ဖိအားဝင်နေတဲ့ ဖရန့်ခ်လမ်းပတ်ကတော့ ဒီဇင်ဘာပွဲကြပ်ကာလမှာ ဂိုးပြတ်နိုင်ပွဲတစ်ပွဲ ပိုင်ဆိုင်ခဲ့လို့ အနည်းငယ် စိတ်သက်သာရာရခဲ့ပါတယ်။
ပရီးမီးယားလိဂ် သွင်းဂိုး ၅ ဂိုး အထိရှိလာခဲ့တဲ့ ချဲလ်ဆီးတိုက်စစ်မှူး တမ်မီအေဗရာဟမ်

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် နှစ်ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့ ဖရန့်ခ်လမ်းပတ်ရဲ့ ချဲလ်ဆီးက အခုပွဲမှာ ၃ မှတ်အပြည့်ရဖို့ တိုက်စစ်မှာ ဂိုးသွင်းသေချာတဲ့ တမ်မီအေဗာရာဟမ်ကို အထောင်ထားပြီး ပူလီဆစ်နဲ့ တီမိုဝါနာ၊ ကွင်းလယ်မှာ ဂျော်ဂျင်ဟို၊ ကန်တေ၊ မေဆင်မောင့်၊ ခံစစ်မှာ ဇူးမား၊ ဆေးလ်ဗား၊ ဘန်ချေးလ်ဝဲလ်၊ အက်ဇ်ပီလီကျူအာတာတို့နဲ့ ၄-၃-၃ ကစားပုံကို အသုံးပြုပြီး ပွဲထွက်လာခဲ့ပါတယ်။ ဧည့်သည် ဝက်စ်ဟမ်းကတော့ တိုက်စစ်မှာ ဟော်လာ တစ်ဦးတည်းကို အထောင်ထားပြီး ဖိုနယ်၊ ဘိုဝင်၊ နိုဘယ်၊ ဆိုချက်ခ်၊ ရိုက်စ်၊ ခရက်စ်ဝဲလ်၊ အော့ဂ်ဘိုနာ၊ ဘယ်ဘူနာ တို့လို ကစားသမားကောင်းတွေကို အသုံးပြုပြီး ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။ ပွဲအစပိုင်းမှာ လျင်လျင်မြန်မြန်နဲ့ အပြန်အလှန် ထိုးဖောက်မှု တချို့ရှိခဲ့ပြီး ပွဲချိန် ၁၀ မိနစ်မှာတင် ချဲလ်ဆီးတို့ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပါတယ်။ မေဆင်မောင့် ကန်တင်ပေးပို့လိုက်တဲ့ ဒေါင့်ကန်ဘောကို နောက်ခံလူ သီယာဂိုဆေးလ်ဗားက အကောင်းဆုံး ခေါင်းတိုက် အဆုံးသတ်ပေးသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ ချဲလ်ဆီး ဘယ်နောက်ခံလူ ဘန်ချေးလ်ဝဲလ် ဒဏ်ရာရသွားခဲ့လို့ အီမာဆင်နဲ့ လူစားလဲခဲ့ရတာနဲ့ အတူ ချဲလ်ဆီးရဲ့ ကစားအားကျသွားပါတယ်။ ဝက်စ်ဟမ်းကလည်း ဒီနေ့မှာ တစ်သင်းလုံး ပုံစံကောင်း ပျောက်ဆုံးနေတာ ကြောင့် ချဲလ်ဆီးနောက်တန်းကို ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့ပဲ ဘောလုံးအပျက်များ နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ သွင်းဂိုးတွေ ထပ်ရဖို့ နည်းပြ ဖရန့်ခ်လမ်းပတ်အနေနဲ့ ပြောင်းလဲမှု တချို့ ပြုလုပ်ခဲ့ပါတယ်။ ဂျော်ဂျင်ဟို အစား ကိုဗာချစ်ကို ထည့်သွင်းကစားခဲ့ချိန်မှာတော့ ချဲလ်ဆီး တိုက်စစ် ပြန်လည်အသက်ဝင်လာပြီး ပွဲချိန် ၇၈ မိနစ်မှာ မေဆင်မောင့်ရဲ့ ဖန်တီးပေးပို့မှုကနေ တစ်ဆင့် တမ်မီအေဗရာဟမ်က ဒုတိယဂိုးနဲ့ နောက်ထပ် ၂ မိနစ်အကြာမှာ အေဗရာဟမ်ကပဲ မေဆင်မောင့် ကန်တင်ပေးပို့လို့ ဂိုးသမားနဲ့ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို အမှားအယွင်းမရှိ ပိတ်သွင်းပြီး တတိယမြောက်သွင်းဂိုးကို ရယူပေးခဲ့ပါတယ်။ ပွဲပြီးတဲ့အချိန်ထိ နှစ်သင်းစလုံး ဂိုးတွေ ထပ်မရခဲ့လို့ ၃-၀ ဆိုတဲ့ရလဒ်နဲ့ပဲ ချဲလ်ဆီးတို့ အောင်ပွဲခံခဲ့ပါတယ်။ ပွဲချိန်အတွင်း ဝက်စ်ဟမ်းတို့ သွင်းဂိုး ၂ ဂိုးရရှိခဲ့ပေမယ့် တစ်လုံးက လူကျွံပြီး တစ်လုံးက ပြစ်ဒဏ်ဘော အဖြစ်သတ်မှတ်ပေးခံခဲ့ရလို့ နစ်နာခဲ့ရပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ပရီးမီးယားလိဂ် နှစ်ပွဲဆက်တိုက် ရှုံးခဲ့လို့ ဖိအားဝင်နေတဲ့ ဖရန့်ခ်လမ်းပတ်ကတော့ ဒီဇင်ဘာပွဲကြပ်ကာလမှာ ဂိုးပြတ်နိုင်ပွဲတစ်ပွဲ ပိုင်ဆိုင်ခဲ့လို့ အနည်းငယ် စိတ်သက်သာရာရခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ချဲလ်ဆီး ကွင်းလယ်က ကန်တေ၊ မေဆင်မောင့်တို့ ပြောစရာမလိုအောင် ကောင်းခဲ့ပြီး ဂျော်ဂျင်ဟို၊ ပူလီဆစ်တို့ ခြေမပေါ်ခဲ့တာ တွေ့ရပါတယ်။ တိုက်စစ်က တီမိုဝါနာ အခွင့်အရေးတချို့ ဖြုန်းတီးခဲ့ပေမယ့် တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ တမ်မီအေဗာရာဟမ် ကတော့ ကျောနံပါတ် ၉ တိုက်စစ်မှူးပီပီ ရသမျှ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချပြီး သွင်းဂိုးတွေ ရယူပေးခဲ့လို့ ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမားပါပဲ။ ဝက်စ်ဟမ်းကတော့ ညာနောက်ခံလူ ကော်ဖဲလ်ကလွဲရင် တစ်သင်းလုံး ခြေစွမ်း မကောင်းခဲ့လို့ အရှုံးနဲ့ထိုက်တန်ခဲ့တယ်လို့ ဆိုရပါမယ်။ ဝက်စ်ဟမ်းတို့ တစ်ပွဲလုံး ဂိုးပေါက်ခြိမ်းခြောက်မှု ၆ ကြိမ်ပဲ ပြုလုပ်နိုင်ခဲ့သလို ဂိုးပေါက်တည့်မှုကတော့ ၁ ကြိမ်တောင် မရှိခဲ့တာ တွေ့ရပါတယ်။

 

လာမယ့်ပွဲစဉ်များ

လာမယ့် တနဂ်နွေနေ့မှာတော့ ချဲလ်ဆီးတို့ အာဆင်နယ် အိမ်ကွင်း အန်းမရိတ်စ်ကို သွားပြီး ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ရှိသလို ဝက်စ်ဟမ်းကတော့ ဘရိုက်တန်ကို အိမ်ကွင်းမှာ လက်ခံကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်