နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမှတ်ပေးဇယား ဦးဆောင်ခွင့်ကို လက်လွှတ်ခံမှာမဟုတ်တဲ့ အာဘီလိုက်ပ်ဇစ် – ဘွန်ဒက်လီဂါ ပွဲကြိုသုံးသပ်ချက်

အာဘီလိုက်ပ်ဇစ် vs ကိုလုံး

အခုတစ်ပတ်မှာဘွန်ဒက်စ်လီဂါပွဲစဉ်တွေထဲကအာဘီလိုက်ပ်ဇစ်နဲ့ ကိုလုံးတို့ရဲ့ပွဲစဉ်ကလည်း SBOTOP ဘောလုံးပရိသတ်တွေအကြိုက်တွေ့မယ့်ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ရှိနေလို့ ပွဲကြိုခန့်မှန်း သုံးသပ်ပေးပါဦးမယ်။ လိုက်ပ်ဇစ်တို့ အနေနဲ့ တစ်ဖက်က လေဗာကူဆင်နဲ့ ဘေယန်မြူးနစ်တို့ရဲ့ တွေ့ဆုံမှုကို အခွင့်ကောင်းယူခွင့်ရှိနေပြီး အိမ်ကွင်းအနိုင် ၃ မှတ်အတွက် အခုပွဲမှာ အားစိုက်ကစားဖို့ ပြင်ဆင်လာမှာ သေချာပါတယ်။

လိုက်ပ်ဇစ်တို့ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် ပြီးကတည်းက ခြေစွမ်းပြန်တက်လာပြီး နောက်ဆုံး ကစားခဲ့တဲ့ ၆ ပွဲမှာ ဘေယန်မြူးနစ် တစ်သင်းတည်းကိုပဲ သရေကျထားပါတယ်။ ကျန်ပွဲစဉ်တွေ အားလုံးကိုတော့ အနိုင်ရထားပြီး ဘွန်ဒက်စ်လီဂါမှာလည်း နောက်ဆုံး ၂ ပွဲဆက်တိုက် အနိုင်ရထားပါတယ်။ ပြောရမယ်ဆိုရင် ဘေယန်မြူးနစ်နဲ့ ပွဲမှာလည်း လိုက်ပ်ဇစ်တို့ ခြေစွမ်းပိုမိုကောင်းမွန်ခဲ့ပေမယ့် ဘေယန်မြူးနစ်ရဲ့ ရုန်းအားကို မထိန်းနိုင်ခဲ့လို့ ၃ မှတ် အပြည့်မရခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ချက်က လက်ရှိဘွန်ဒက်စ်လီဂါကို အမှတ်ဖြတ် ဦးဆောင်နေတဲ့ အသင်း ၃ သင်းပဲ ရှိပြီး ထိပ်ဆုံးမှာ လေဗာကူဆင်၊ ဒုတိယနေရာမှာ ဘေယန်မြူးနစ်နဲ့ တတိယနေရာမှာကတော့ လိုက်ပ်ဇစ်တို့ ရပ်တည်နေပါတယ်။ အခုတစ်ပတ်မှာ လေဗာကူဆင်၊ ဘေယန်မြူးနစ် ထိပ်တိုက်တွေ့ဆုံပွဲ ရှိနေတာကြောင့် လိုက်ပ်ဇ်တို့ အခုပွဲမှာ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ဖို့ လိုအပ်နေပါတယ်။ လိုက်ပ်ဇစ်တို့ရဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ကြည့်မယ်ဆိုရင် ၄ ပွဲနိုင်ပြီး ၁ ပွဲပဲ သရေကျထားသလို တိုက်စစ်က တစ်ပွဲ ပျမ်းမျှ ၃ ဂိုးနှုန်းလောက် ရရှိခဲ့ပြီး ခံစစ်ကတော့ ၂ ဂိုးနှုန်း ပြန်ပေးထားတာတွေ့ရပါတယ်။ ဒီပွဲမှာတော့ လိုက်ပ်ဇစ် တောင်ပံက အိန်ဂျယ်လီနိုကို စောင့်ကြည့်ချင်ပြီး အိန်ဂျယ်လီနို အနေနဲ့ ၁၁ ပွဲကစားရာမှာ ၄ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးပေးထားတာ တွေ့ရပါတယ်။

ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားအဆင့်၁၅နေရာအထိရောက်ရှိနေပြီးတန်းဆင်းဇုန်အသင်းနဲ့၃မှတ်သာကွာဟပါတော့တယ်။
နောက်ဆုံးကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာလေဗာကူဆင်ကို ၄ ဂိုးပြတ် အနိုင်ရထားတဲ့ ကိုလုံး

ကိုလုံးကတော့ ခြေစွမ်းမမှန်ပါဘူး။ နိုင်ချင်တဲ့ ပွဲမှာ နိုင်ပြီး ရှုံးချင်တဲ့ ပွဲမှာ ရှုံးနေပါတယ်။ နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် ဒေါ့မန်လိုအသင်းကို အဝေးကွင်းမှာ ခြေစွမ်းပြ အနိုင်ရခဲ့ပေမယ့် ယူနီယံဘာလင်၊ လေဗာကူဆင်တို့လို အသင်းတွေကိုတော့ ရှုံးနိမ့်ထားပါတယ်။ ကိုလုံးတို့ လက်ရှိမှာ ၁၂ ပွဲကစားပြီး ၂ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၆ ပွဲရှုံးထားလို့ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၁၅ နေရာအထိ ရောက်ရှိနေပြီး တန်းဆင်းဇုန် အသင်းနဲ့ ၃ မှတ်သာ ကွာဟပါတော့ တယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ လေဗာကူဆင်လို ခြေစွမ်းထက်မြတ်နေတဲ့ အသင်းကို အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားလို့ အခုပွဲမှာလည်း အာဘီလိုက်ပ်ဇစ်လို အသင်းကောင်းတစ်သင်းကို ခံကစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီပွဲမှာတော့ ကိုလုံးတို့ တိုက်စစ်က ၂ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးပေးထားတဲ့ ဒူဒါကို အားကိုးရဖို့ ရှိနေပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

အာဘီလိုက်ပ်ဇစ်နဲ့ ကိုလုံးတို့ အစဉ်အလာအရ ၆ ကြိမ် တွေ့ဆုံ ကစားခဲ့ဖူးပြီး လိုက်ပ်ဇစ်က ပြတ်ပြတ်သားသား အသာရထားပါတယ်။ လိုက်ပ်ဇစ်တို့ ၄ ကြိမ်အနိုင်ရပြီး ကိုလုံးက တစ်ကြိမ်ပဲ ပြန်ပြီး အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက် တွေ့ဆုံမှု ၂ ကြိမ်စလုံးမှာလည်း လိုက်ပ်ဇစ်တို့ ၄-၁၊ ၂-၄ ရလဒ်တွေနဲ့ ဂိုးပြတ် အနိုင်ရထားတာတွေ့ရပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အာဘီလိုက်ပ်ဇစ် vs ကိုလုံး 1X2 အာဘီလိုက်ပ်ဇစ် @ ၁.၃၀ဆ
ဒီဇင်ဘာလ၁၉ရက်, ည၉:၀၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၁.၃၀ဆ၊သရေအတွက်၅.၄၀ဆနဲ့ဧည့်သည်အသင်းအတွက်၈.၂၅ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။အာဘီလိုက်ပ်ဇစ်တို့ နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းတွေ ပြန်ကောင်းနေပါတယ်။ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် တော်တော်လေး မျှတပြီး ဟန်ချက်ညီနေလို့ ကိုလုံးလို့ ခြေမမှန်တဲ့ အသင်းကို အိမ်ကွင်းမှာ အကောင်းဆုံး အလဲထိုးနိုင်ပါတယ်။ တစ်ချက်ကြည့်ရမှာက ပွဲကြပ်ကာလမို့လို့ ဂိုးပြတ်မပြတ်ဆိုတာပါပဲ။ အာဘီလိုက်ပ်ဇစ်တို့ အနိုင်ကတော့ သေချာပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်