နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကလော့ပ်နဲ့ မော်ရင်ဟို အားပြိုင်ပွဲမှာ ဘယ်သူက အသာရသွားမှာလဲ – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

လစ်ဗာပူးလ် vs တော့တင်ဟမ်ဟော့စပါး

ဥရောပြိုင်ပွဲဆက်တိုက်ကစားပြီးနောက်မှာ ပြည်တွင်းလိဂ်ပွဲစဉ်တွေ ကြားရက်မှာ ဆက်ပြီးကစားဖို့ရှိနေပါတယ်။ အဲ့ဒီပွဲစဉ်တွေထဲကမှ လစ်ဗာပူးလ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကတော့ ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာ အကောင်းဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ နောက်ပြီး ဒီနှစ်သင်းဟာ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံနဲ့ လက်ရှိ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းတွေ ဖြစ်လို့ အခုပွဲက ပရိသတ်တွေကို ပြိုင်ဆိုင်မှု ခပ်ပြင်းပြင်းနဲ့ စွဲဆောင်နိုင်ဦးမှာ သေချာပါတယ်။

အရင်ဆုံး ဂျာဂင်ကလော့ပ်နဲ့ မော်ရင်ဟိုရဲ့ သမိုင်းကြွေးတွေကို ပြန်ပြောရရင် မော်ရင်ဟို ရီးရဲယ်မက်ဒရစ် နည်းပြ ရာထူးက နှုတ်ထွက်ခဲ့ရတာ ဂျာဂင်ကလော့ပ်ကြောင့်လို့ ပြောလို့ရပါတယ်။ ၂၀၁၃ ခုနှစ်က မော်ရင်ဟို  ရီးရဲယ်မက်ဒရစ် အသင်းကိုင်တွယ်ချိန်က ဂျာဂင်ကလော့ပ်ရဲ့  ဒေါ့မန် အသင်းကို ရှုံးနိမ့်အပြီး ရာထူးက နှုတ်ထွက်ခဲ့ရသလို မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာခဲ့ရတာလည်း ကလော့ပ်ရဲ့ လစ်ဗာပူးလ်ကို ရှုံးနိမ့်ခဲ့ရလို့ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့ စပါး ရော လစ်ဗာပူးလ်ပါ လက်ရှိ ပရီးမီးယားလိဂ် မှာ ၁၂ ပွဲကစားပြီး ၇ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၂၅ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁ နဲ့ ၂ နေရာမှာ ရပ်တည်နေပါတယ်။ လစ်ဗာပူးလ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၂ ပွဲနိုင်ပြီး ၃ ပွဲသရေကျထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် ပွဲမှာ လစ်ဗာပူးလ်တို့ ပုံစံကောင်း ပျောက်ဆုံးခဲ့ပြီး တစ်ဂိုးစီ သရေကျခဲ့လို့ ရမှတ်ဆုံးရှုံးထားသလို တော့တင်ဟမ်ဟော့စပါးကလည်း ခရစ္စတယ်ပဲလေ့စ်ကို သရေကျခဲ့လို့ ရမှတ် ၁ မှတ်ပဲ ရရှိခဲ့ပါတယ်။ လစ်ဗာပူးလ်မှာ ဒီယိုဂို ဂျော့တာ ဒဏ်ရာရရှိသွားပေမယ့် မိုဆာလာ၊ ဖေမီနို၊ မာနေးတို့ ၃ ယောက်တွဲ တိုက်စစ်ကို ပြန်ပြီး အသုံးပြုနေတာ တွေ့ရပါတယ်။ တစ်ချက်ရှိတာက ခံစစ်မှာ ဗန်ဒိုက်ချ် မပါဝင်နိုင်တာဟာ ခံစစ်အတွက် အားနည်းချက် ရှိလာနိုင်ပြီး ဖာဘင်ဟို၊ မက်တစ်ပ်တို့ရဲ့ ဗဟိုခံစစ်က သိပ်တော့ စိတ်မချရပါဘူး။ ဆွန်နဲ့ ကိန်းတို့ရဲ့ တန်ပြန်တိုက်စစ် ထက်မြတ်မှုကို ထိန်းချုပ်နိုင်ပါ့မလားဆိုတာ သတိချပ်စရာ ရှိနေပြီး စပါးကရော လစ်ဗာပူးလ် ရဲ့ ဖိအားပေးကစားပုံကို ခံနိုင်ရည်ရှိပါ့မလားဆိုတဲ့ စဉ်းစားစရာရှိနေပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီက ထိပ်တိုက်တွေ့ဆုံမှုကို ပြန်ကြည့်မယ်ဆိုရင် နှစ်ကျော့စလုံး လစ်ဗာပူးလ်တို့ အသာရထားပါ တယ်။
နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ သရေကျထားတဲ့ တော့တင်ဟမ်ဟော့စပါး

လစ်ဗာပူးလ် ဘက်မှာ စောင့်ကြည့်ရမယ့် ကစားသမား ၃ ဦးရှိနေပြီး မိုဆာလာ၊ ဆာဒီယို မာနေးနဲ့၊ ဖေမီနိုတို့ပဲ ဖြစ်ပါတယ်။ လစ်ဗာပူးလ်တိုက်စစ်မှူး ၃ ဦးက ကစားခဲ့ပြီးတဲ့ ပွဲစဉ်တွေမှာ ၁၆ ဂိုးအထိ သွင်းယူထားနိုင်ပေမယ့် တော့တင်ဟမ်တိုက်စစ် အတွဲဖြစ်တဲ့ ဆွန်-ကိန်းကတော့ နှစ်ဦးပေါင်း ၁၉ ဂိုးသွင်းယူထားသလို ဂိုးဖန်တီးမှုကတော့ ၁၄ ကြိမ်အထိ ရှိထားတာတွေ့ရပါတယ်။ ဒါကိုကြည့်ခြင်အားဖြင့် စပါးတိုက်စစ်က အားရစရာ ပိုကောင်းနေတာ တွေ့ရပါလိမ့် မယ်။ နောက်ပြီးတော့ တိုက်စစ်အားသန်ပြီး လျင်မြန်တဲ့ လိုဆယ်ဆို၊ ရက်ဂီလွန်၊ ဒိုဟာတီ၊ ဟော့ဂျ်ဘာဂ်၊ အော်ရီယာ တို့ရှိနေလို့ လစ်ဗာပူးလ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လစ်ဗာပူးလ်နဲ့ တော့တင်ဟမ်စပါးတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ၁၇၅ ကြိမ်မှာ လစ်ဗာပူးလ်က ၈၅ ကြိမ်အနိုင်ရပြီး တော့တင်ဟမ်ဟော့စပါး ကတော့ ၄၈ ကြိမ် အနိုင်ရထားပါတယ်။ သရေပွဲကတော့ ၄၂ ပွဲအထိ ရှိထားပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီက ထိပ်တိုက်တွေ့ဆုံမှုကို ပြန်ကြည့်မယ်ဆိုရင် နှစ်ကျော့စလုံး လစ်ဗာပူးလ်တို့ အသာရထားပါ တယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လီဗာပူးလ် vs တော့တင်ဟမ် ဟော့စပါး 1X2 လီဗာပူးလ် @ 1.80
ဒီဇင်ဘာလ ၁၇ ရက်, ည ၁၂:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက်   ၁.၈၀ဆ၊ သရေအတွက် ၃.၇၀ဆနဲ့ ဧည့်သည်အသင်း အတွက် ၄.၁၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ တော့တင်ဟမ်ဟော့စပါးတို့ အိမ်ရှင်လစ်ဗာပူးလ်ရဲ့ ခံစစ်ကို ဆွန်-ကိန်း တိုက်စစ်တွဲဖက်မှုနဲ့ တန်ပြန်တိုက်စစ်ကနေ တစ်ဆင့် ထိုးဖောက်ဖို့ ကြိုးပမ်းလာပါလိမ့််မယ်။ လစ်ဗာပူးလ်ကလည်း ထုံးစံ အတိုင်း တစ်သင်းလုံး ဖိအားပေး ကစားတဲ့ ပုံစံနဲ့ စပါးကို အနိုင်ရဖို့ ကြိုးပမ်းလာပါလိမ့်ပါမယ်။ အန်ဖီးလ်မှာ ကစားပေမယ့် လစ်ဗာပူးလ်တို့ ခံစစ်ပြသနာကို ကြိုတင်တွက်ဆထားဖို့ လိုအပ်ပါလိမ့်မယ်။ မော်ရင်ဟို အနေနဲ့ ဂျာဂင်ကလော့ပ် ပေးတဲ့ ဒဏ်ရာတွေကို အခုတစ်ကြိမ်မှာ ချေဖျက်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် အန်ဖီးလ်မှာတော့ လစ်ဗာပူးလ် ဘက်မှာပဲ ရပ်တည်သင့်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်