နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဝံပုလွေတွေရဲ့ စားကျက်မှာ အမဲလိုက်မယ့် ခြင်္သေ့ပြာများ – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် vs ချဲလ်ဆီး

အခုတစ်ခါမှာတော့ ဒီဇင်ဘာ ပွဲကြပ်ကာလမှာ ကစားမယ့် အကောင်းဆုံးပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တဲ့ ဝုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ်နဲ့ ချဲလ်ဆီးတို့ရဲ့ ပွဲစဉ်ကို SBOTOP ပရီးမီးယားလိဂ် ပရိသတ်တွေ အတွက် ပွဲကြိုခန့်မှန်းသုံးသပ်ပေးချင် ပါတယ်။

ဝုဗ်တို့ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းကို ရှံးနိမ့်ထားပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ရှုံးပွဲ ၃ ပွဲအထိ ရှိထားပြီး ၁ ပွဲနိုင်၊ ၁ ပွဲသရေကျထားပါတယ်။ ဝုဗ်တို့ရဲ့ ဒီရာသီ ခြေစွမ်းကို ကြည့်မယ်ဆိုရင် မနှစ်ကလောက် အားရစရာမကောင်းပဲ ရှုံးပွဲ ၅ ပွဲအထိ ရှိထားပါတယ်။ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး ၁၁ ပွဲကစား၊ ၅ ပွဲနိုင် ၂ ပွဲသရေ၊ ၅ ပွဲရှုံးထားပါတယ်။ ဝုဗ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၅ ပွဲမှာ အာဆင်နယ်၊ လစ်ဗာပူးလ်၊ အက်စတွန်ဗီလာ၊ ဆောက်သမ်တန်၊ လက်စတာစီးတီး တို့နဲ့ ကစားခဲ့ပြီး ဆောက်သမ်တန်နဲ့ အက်စတွန်ဗီလာတို့ကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရာမှာတော့ ၁ ပွဲ သရေကျပြီး ၁ ပွဲ ရှုံးနိမ့်ထားပါတယ်။ တိုက်စစ်က ရာအူးလ်ဂျင်မီနက်ဇ် ဒဏ်ရာရသွားခဲ့တာကလည်း ဝုဗ်တို့ကို အားနည်းသွားစေပြီး လူငယ်ကစားသမားလေး ဖေဘီယို ဆေးလ်ဗားကလည်း အစားထိုးနိုင်ခြင်း မရှိတာတွေ့ရပါတယ်။ လစ်ဗာပူးလ်ကို အဘက်ဘက်က မယှဉ်နိုင်လို့ ဂိုးပြတ် အရေးနိမ့့်ခဲ့တာ ဖြစ်သင့်ပေမယ့် အက်စတွန်ဗီလာ ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာ ကတော့ ဝုဗ်တို့ ခြေစွမ်းဘယ်လောက် ကျဆင်းနေတယ်ဆိုတာကို သိသာစေပါတယ်။ ဒီနှစ်ဟာ ပရီးမီးယားလိဂ်ရဲ့ ကမောက်ကမ နှစ်တစ်နှစ်လို့ ပြောလို့ ရပြီး အသင်းကြီးတွေရော ဖြတ်မြင်းအသင်းတွေပါ ရလဒ်ဆိုးနေတာကြောင့် ဘာမဆို ဖြစ်သွားနိုင်ပါတယ်။

 
ချဲလ်ဆီးကတော့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ အဲဗာတန် အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့လို့ ပရီးမီးယားလိဂ် ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်ကျိုးပျက်ခဲ့ပြီး ပြိုင်ပွဲစုံ ၁၇ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်လည်း ကျိုးပျက်ခဲ့ပါတယ်။ ချဲလ်ဆီးတို့ ပြီးခဲ့တဲ့ ပွဲမှာ ရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့် လက်ရှိလူစာရင်းအရတော့ အကောင်းဆုံး ရလဒ်တွေ ရှာဖွေနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ တစ်ချက်ရှိတာက တောင်ပံက ခြေစွမ်းပြကစားသမား ဇီယက်ချ် မပါနိုင်တဲ့ ပွဲဆိုရင် ချဲလ်ဆီးတို့ တိုက်စစ်က ဂိုးရဖို့ အနည်းငယ် ခက်ခဲနေပြီး စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ကိုင်ဟာဗက်ဇ်ကလည်း အခုအချိန်ထိ လောက်လောက်လားလား ခြေစွမ်းပြသထားနိုင်ခြင်း မရှိသေးပါဘူး။ ချဲလ်ဆီးတို့ ဝုဗ်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ‌၃ ကြိမ်မှာ ရှုံးပွဲလုံးဝမရှိသေးပဲ ၂ ပွဲနိုင်ပြီး ၁ ပွဲသရေကျထားပါတယ်။ ဖရန့်ခ်လမ်းပတ်ရဲ့ အသင်းက နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာ တစ်ပွဲပျမ်းမျှ ၁ ဂိုးနှုန်း သွင်းယူထားနိုင်ပြီး ဝုဗ်ကတော့ ၀.၆၇ ဂိုးပဲ ရှိထားပါတယ်။ ချဲလ်ဆီးရဲ့ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ၂ ပွဲနိုင်၊ ၂ ပွဲသရေနဲ့ ၁ ပွဲရှုံးထားပါတယ်။

အက်စတွန်ဗီလာအသင်းကို ရှံးနိမ့်ထားပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ရှုံးပွဲ ၃ ပွဲအထိ ရှိထားပြီး ၁ ပွဲနိုင်၊ ၁ ပွဲသရေကျထားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေတဲ့ ဝုဗ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဝုဗ်နဲ့ ချဲလ်ဆီးတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ၁၂ ကြိမ်မှာ ချဲလ်ဆီးက ၉ ကြိမ်အထိအနိုင်ရထားပြီး ဝုဗ်က ၂ ကြိမ်အနိုင်ရထားပါတယ်။ သရေပွဲကတော့ ၁ ပွဲပဲ ရှိထားပါတယ်။ မနှစ်က ထိပ်တိုက်တွေ့ဆုံမှု နှစ်ကြိမ်စလုံးမှာ ချဲလ်ဆီးက ၂-၅၊ ၂-၀ ရလဒ်တွေနဲ့ အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် vs ချဲလ်ဆီး 1X2 ချဲလ်ဆီး @ 1.71
ဒီဇင်ဘာလ ၁၆ ရက်, ည ၁၂:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက်   ၄.၉၀ ဆ၊ သရေအတွက် ၃.၅၅ဆနဲ့ ဧည့်သည်အသင်း အတွက် ၁.၇၁ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဝုဗ်တို့ လက်ရှိ ရာသီမှာ ခြေပျက်နေပြီး ချဲလ်ဆီးကတော့ ခြေစွမ်းထက်မြတ်နေပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ အဲဗာတန်ကို ရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့် ချဲလ်ဆီးတို့ အခုပွဲမှာတော့ အကောင်းပုံ ပုံစံနဲ့ ပြန်လာနိုင်ပါတယ်။ ဝုဗ်နဲ့ ဆိုရင် ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ အသာရခဲ့တဲ့ ချဲလ်ဆီးတို့ မနှစ်ကဆိုရင် ဝုဗ်အိမ်ကွင်းမှာ ၂-၅ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရခဲ့တာပါ။ ဒီနှစ်မှာလည်း ဖရန့်ခ်လမ်းပတ်ရဲ့ အသင်းက ဝုဗ်ကို အကောင်းဆုံး ဒုက္ခပေးပြီး အဝေးကွင်းမှာ အနိုင်ရဖို့ ကြိုးစားလာဦးမယ်ဆိုတာ သေချာပါတယ်။ ချဲလ်ဆီးဘက်မှာ ရပ်တည်တာဟာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်