နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲဗာတန်တို့ ရလဒ်ဆိုးတွေ အောက်က ရုန်းထွက်ပြီး ပြိုင်ပွဲစုံ ၁၇ ပွဲ စံချိန်ကျိုးပျက်ခဲ့တဲ့ ချဲလ်ဆီး – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

အဲဗာတန် ၁ – ၀ ချဲလ်ဆီး

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ကျပွဲစဉ် တစ်ပွဲမှာတော့ အဲဗာတန်တို့ ချဲလ်ဆီးကို ဂီလ်ဖီ ဆီဂတ်ဆန်ရဲ့ သွင်းဂိုး ၁ ဂိုးတည်းနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ချဲလ်ဆီးတို့ ပြိုင်ပွဲစုံ ၁၇ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်ကျိုးပျက်ခဲ့ပြီး အဲဗာတန်ကတော့ ရလဒ်ဆိုးတွေ အောက်ကနေ ရုံးထွက်နိုင်ခဲ့ပါတယ်။
 
အိမ်ရှင် အဲဗာတန်တို့ ပရီးမီးယားလိဂ် မှာခြေစွမ်းထက်မြတ်နေတဲ့ ချဲလ်ဆီးကို ရင်ဆိုင်ဖို့ အတွက် တိုက်စစ်မှာ ကလဲဗက်လီဝင်း တစ်ဦးတည်းကို အထောင်ထားပြီး တောင်ပံမှာ အီဝိုဘီနဲ့ ရစ်ချာလီဆင်၊ ကွင်းလယ် တိုက်စစ် ကစားသမား နေရာမှာ ဆီဂတ်ဆန်၊ ကွင်းလယ်အထိုင်အဖြစ် ဒူကိုရေး၊ အဲလန်တို့ကို တွဲဖက်ကစားစေခဲ့ပါတယ်။ နောက်တန်းမှာတော့ ထုံးစံအတိုင်း ဟောလ်ဂိတ်၊ မီနာ၊ ကိန်း၊ ဂေါ့ဖရေး၊ ဂိုးမှာတော့ ပစ်ခ်ဖို့ဒ်တို့ကို ပွဲထွက်ကစားစေခဲ့ပါတယ်။ ချဲလ်ဆီးကတော့ နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးပေါက်ပြန်တွေ့နေတဲ့ အိုလီဗီယာ ဂျီရူး၊ တီမိုဝါနာ၊ ကိုင်ဟာဗက်တို့ကို တိုက်စစ်မှာ ထားပြီး ကွင်းလယ်မှာ မေဆင်မောင့်၊ ကန်တေး၊ ကိုဗာချစ်၊ နောက်တန်းမှာ ဘန်ချေးလ်ဝဲလ်၊ ဆေးလ်ဗား၊ ဇူးမား၊ ရိစ်ဂျိမ်းစ်၊ ဂိုးမှာတော့ မန်ဒီကို အသုံးပြုခဲ့ပါတယ်။ နှစ်သင်းစလုံး ရလဒ်ကောင်းတစ်ခုအတွက် အားစိုက်ကစားလာခဲ့ကြပြီး မထင်မှတ်ပဲ ပြိုင်ဆိုင်မှု ခပ်ပြင်းပြင်းနဲ့ ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အဲဗာတန်တို့ တစ်ပွဲလုံးဂိုးပေါက် ခြိမ်းခြောက်မှု ၉ ကြိမ်ရှိခဲ့ပြီး ဂိုးပေါက်တည့်မှု ၄ ကြိမ်ရှိခဲ့လို ချဲလ်ဆီးကလည်း ဂိုးပေါက်ကန်သွင်းမှု ၁၀ ကြိမ်မှာ ဂိုးပေါက်တည့်မှု ၃ ကြိမ်ရှိခဲ့ပါတယ်။ ပွဲစတာနဲ့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြပြီး ရစ်ချာလီဆင်၊ ကလဲဗက်လီဝင်း၊ ဆီဂတ်ဆန်၊ အီဝိုဘီ၊ အဲလန်တို့ အတွဲဖက် မိမိနဲ့ ချဲလ်ဆီး နောက်တန်းကို အလုပ်များစေခဲ့ပါတယ်။ ဒါ့ကြောင့် ပွဲချိန် ၂၂ မိနစ်မှာတင် အိမ်ရှင် အဲဗာတန်တို့ သွင်းဂိုးရရှိဖို့ အကြောင်းဖန်လာခဲ့ပြီး ကလဲဗက်လီဝင်းရဲ့ ထိုးဖောက်မှုကို ချဲလ်ဆီးဂိုးမား မန်ဒီ ထွက်ပြီးတားဆီးရာကနေ ပင်နယ်တီ ပေးခဲ့ရပါတယ်။ ပင်နယ်တီကိုတော့ ဒီနေ့ပွဲမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ ဆီဂတ်ဆန်က အမှားအယွင်းမရှိ ကန်သွင်းပေးခဲ့ပါတယ်။ အဲ့နောက်မှာတော့ ချဲလ်ဆီးတို့ ချေပဂိုးရဖို့ ပြန်လည်ဖိအားပေးကစားခဲ့ပြီး ကွင်းလယ်က မေဆင်မောင့်ရဲ့ ကန်ချက်တွေ တော်တော်လေး ကောင်းခဲ့ပေမယ့် နှစ်ကြိမ်စလုံး ဂိုးတိုင်တွေနဲ့ မိတ်ဆက်ခဲ့ရလို့ ချဲလ်ဆီးတို့ နစ်နာခဲ့ရပါတယ်။ နောက်ပြီး ပွဲချိန် ၆၄ မိနစ်မှာ အဲဗာတန်တို့ ပင်နယ်တီထပ်ရခဲ့ပေမယ့် ကလဲဗက်လီဝင်း လူကျွံနေခဲ့လို့ ချဲလ်ဆီးတို့ နောက်ထပ် ဂိုးတစ်ဂိုးပေးရမယ့် အခြေအနေကနေ လွတ်မြောက်နိုင်ခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

အဲဗာတန်တို့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ လက်စတာစီးတီးနဲ့ ကစားဖို့ရှိပြီး ချဲလ်ဆီးကတော့ ဝုဗ်နဲ့ ကစားရဖို့ ရှိနေလို့ ပွဲကြပ်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ အဲဗာတန်

ဒီပွဲစဉ်မှာ အကောင်းဆုံး ကစားသမားကို ပြောပါဆိုရင်တော့ သွင်းဂိုး ၁ ဂိုးရယူပေးခဲ့တဲ့ ဆီဂတ်ဆန်လို့ပဲ ပြောရမှာ ဖြစ်ပေမယ့် အဲဗာတန်ကစားသမားတွေ ဖြစ်တဲ့ ကလဲဗက်လီဝင်း၊ ရစ်ချာလီဆင်၊ အဲလန်၊ အီဝိုဘီ တို့အားလုံး စွမ်းဆောင် ရည်ကောင်းတွေကို ပြသနိုင်ခဲ့ပါတယ်။ ဆီဂတ်ဆန် အနေနဲ့ သွင်းဂိုး တစ်ဂိုး ရယူနိုင်ခဲ့သလို အခွင့်အရေး ၆ ကြိမ်အထိ ဖန်တီးနိုင်ခဲ့ပြီး တိကျတဲ့ ပေးပို့မှုတွေလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကလဲဗက်လီဝင်းရဲ့ ပါးနပ်မှုကြောင့် အဲဗာတန်တို့ အဖိုးတန် အနိုင် ၃ မှတ်ရခဲ့တယ်လို့ ဆိုနိုင်ပြီး ချဲလ်ဆီးတစ်သင်းလုံးမှာတော့ မေဆင့်မောင့် တစ်ဦးတည်း ခြေစွမ်း ပြခဲ့ပေမယ့် ချေပဂိုး ရရှိဖို့တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ချဲလ်ဆီးနောက်တန်းက ဇူးမား ခြေစွမ်းပြခဲ့ပေမယ့် သီယာဂို ဆေးလ်ဗားနဲ့ ဘန်ချေးဝဲလ်တို့ သာမန်ခြေစွမ်းအောက် ရောက်ရှိခဲ့တာ တွေ့ရပါတယ်။ အခုခြေစွမ်းကို ကြည့်မယ်ဆိုရင် အဲဗာတန်တို့ အနိုင်ထိုက်တန်ခဲ့သလို ချဲလ်ဆီးလည်း အရှုံးနဲ့ ထိုက်တန်ခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

အဲဗာတန်တို့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ လက်စတာစီးတီးနဲ့ ကစားဖို့ရှိပြီး ချဲလ်ဆီးကတော့ ဝုဗ်နဲ့ ကစားရဖို့ ရှိနေလို့ ပွဲကြပ်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်