နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်တစ်ဆင့် တက်ဖို့ အမှားခံမှာမဟုတ်တဲ့ ဒေါ့မန်ကို ရွေးချယ်ကြမယ် – ချန်ပီယံလိဂ် ပွဲကြို သုံးသပ်ချက်

ဒေါ့မန် vs လာဇီယို

အခုတစ်ပတ်မှာ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်တွေထဲက ဒေါ့မန်နဲ့ လာဇီယိုတို့ရဲ့ ပွဲဟာလည်း မထင်မှတ်ပဲ ပြိုင်ဆိုင်မှု ခပ်ပြင်းပြင်းနဲ့ အကြိတ်အနယ် ရှိလာဦးမှာ သေချာနေပါတယ်။ ဒါ့ကြောင့် ဒီပွဲစဉ်နဲ့ ပတ်သတ်လို့ သတိထားရမယ့် အချက်အလက် တချို့ကို SBOTOP ချန်ပီယံလိဂ် ပရိသတ်တွေ အတွက် ကြိုတင် ဖော်ပြပေးလိုက်ရပါတယ်။

ဒေါ့မန်တို့ ဒီရာသီမှာ ခြေစွမ်းကောင်းနေတယ် ဆိုပေမယ့် နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်း ပြန်လည် ယိမ်းယိုင်လာတာကြောင့် မထင်မှတ်ပဲ ရလဒ်မကောင်း ဖြစ်နေရပါတယ်။ ဘွန်ဒက်စ်လီဂါ အိမ်ကွင်း ၂ ပွဲဆက် ရှုံးပွဲတွေ့ခဲ့ပြီး ဘေယန်မြူးနစ်ကို ၂-၃ နဲ့ ရှုံးနိမ့်ခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း ပွဲစဉ်မှာလည်း ၁-၂ ရလဒ်နဲ့ မထင်မှတ်ပဲ ကိုလုံးကို ရှုံးနိမ့်ထားပါတယ်။ ဒေါ့မန်ရဲ့ အစောပိုင်းပွဲတွေကို ခန့်မှန်း သုံးသပ်ခဲ့တုန်းက အသင်းရဲ့ လူငယ်ကစားသမားတွေနဲ့ အားရခဲ့တယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် အာလင်းဘရွတ်ဟာလန်း၊ ရေနီရာတို့လို ဒေါ့မန်ရဲ့ လူငယ် ကစားသမားတွေ အနေနဲ့ အချိန်ကြာလာတဲ့ အမျှ ဖိအားနဲ့ ပွဲပန်းမှု ဒဏ်တွေကို ခံနေရပါတယ်။ အကောင်းဘက်က ကြည့်မယ်ဆိုရင်တော့ ဒေါ့မန်တို့ ဘွန်ဒက်စ်လီဂါ မှာ ရလဒ် မကောင်းဘူးဆိုပေမယ့် ချန်ပီယံလိဂ် မှာတော့ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားပါတယ်။ အခုနှစ် ချန်ပီယံလိဂ် အဖွင့်ပွဲမှာ လာဇီယိုကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် တောက်လျောက် နိုင်ပွဲ ဆက်ခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဒုတိယပွဲစဉ်မှာ ဇင်းနစ်ကို အိမ်ကွင်းမှာ ၂-၀၊ ဘရုဂျက်ကို အဝေးကွင်းမှာ ၀-၃၊ အိမ်ကွင်းမှာ ၃-၀ တို့နဲ့ အနိုင်ရထားပါတယ်။ လက်ရှိ ချန်ပီယံလိဂ် အုပ်စု F မှာ ရမှတ် ၉ မှတ်နဲ့ ဦးဆောင်နေပြီးတော့ အနိမ့်ဆုံး ၁ မှတ် ရရှိရုံနဲ့ နောက်တစ်ဆင့် တက်ရောက်ဖို့ သေချာနေခဲ့ပါတယ်။ လက်တလော ဒေါ့မန်မှာ ရှမဲလ်ဇာ၊ ရှားလ်၊ ကာဗယ်ဟို ဒဏ်ရာရရှိနေတာကလွဲရင် ကျန်အဓိကကစားသမားတွေ အားလုံးပါဝင်လာဖို့ ရှိနေပါတယ်။

 
လာဇီယိုကတော့ တိုက်စစ်မှူး အင်မိုဘီလီ၊ ဆာဗစ်တို့ရဲ့ ခြေစွမ်းပြမှုနဲ့ အတူ နှစ်ပေါင်းများစွာ ကြာမှ ချန်ပီယံလိဂ် ကို တကျော့ ပြန်ကစားခွင့်ရခဲ့ပြီး အခြေအနေ မဆိုးဘူးလို့ ပြောလို့ရပါတယ်။ တစ်ချိန်က အီတလီရဲ့ ဒိတ်ဒိတ်ကြဲ အသင်းတစ်သင်း ဖြစ်ခဲ့တဲ့ လာဇီယို တို့ ချန်ပီယံလိဂ်မှာ တကျော့ပြန် အောင်မြင်မှု ရရှိဖို့အတွက် ကြိုးပမ်းနေတာ တွေ့ရပါတယ်။ လက်ရှိ ချန်ပီယံလိဂ် အုပ်စု F မှာ ၄ ပွဲကစား၊ ၂ ပွဲနိုင်၊ ၂ ပွဲသရေ ကျပြီး ရမှတ် ၈ မှတ်နဲ့ ဒေါ့မန်အသင်းရဲ့ အနောက်မှာ ရပ်တည်နေပါတယ်။ လာဇီယိုတို့ ဒီပွဲမှာ ရမှတ် ၁ မှတ်ရရုံနဲ့ နောက်တစ်ဆင့် တက်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပြီး ဒေါ့မန်ကွင်းမှာ အနိမ့်ဆုံး သရေရလဒ် ရရှိအောင် အားထုတ်လာဖို့ ရှိနေပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နှစ်ပေါင်းများစွာ ကြာမှ ချန်ပီယံလိဂ်ကို တကျော့ ပြန်ကစားခွင့်ရခဲ့ပြီး အခြေအနေ မဆိုးဘူးလို့ ပြောလို့ရပါတယ်။
ချန်ပီယံလိဂ် အုပ်စု (F) ဒုတိယနေရာမှာ ရပ်တည်နေတဲ့ လာဇီယို

ဒေါ့မန်နဲ့ လာဇီယိုတို့ ဥရောပ ချန်ပီယံလိဂ်မှာ သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှု မရှိသေးပဲ ပြီးခဲ့တဲ့အကျော့ တွေ့ဆုံမှုက ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။ အဲ့ဒီပွဲမှာတုန်းက တိုက်စစ်မှူး အင်မိုဘီလီ၊ ဟစ်ဇ်၊ အက်ပါအက်ပရို တို့ရဲ့ သွင်းဂိုးတွေ အပါအဝင် ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် အခုပွဲစဉ်မှာတာ့ အိမ်ကွင်းမှာ ဒေါ့မန်တို့ လက်စားချေဖို့ ကြိုးပမ်းလာမှာပါ။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဒေါ့မန် vs လာဇီယို အချိန်ပြည့် 1X2 အိမ်ရှင် @ ၁.၅၉ဆ
နိုဝင်ဘာလ ၃ ရက်, မနက် ၂:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၅၉ ဆ ကြေးဖွင့်ပေးထားပြီးတော့ ဧည့်သည် အသင်းအတွက် ၅.၄၀ ဆ ကြေးဖွင့်ထားပါတယ်။ သရေ အတွက်ကိုတော့ ၃.၉၀ ဆ ကြေးဖွင့် ပေးထားတာတွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ ရော ပေါက်ကြေးအရပါ ဒေါ့မန်ဘက်မှာ ရပ်တည်သင့်ပါတယ်။ နောက်တစ်ချက်က ဒီပွဲမှာ အနိုင်ရလဒ် မဟုတ်ရင်တောင် သရေကျရုံနဲ့ နှစ်သင်းစလုံး နောက်တစ်ဆင့် တက်ခွင့်ရှိသွားမှာ ဖြစ်လို့ မရှုံးဖို့ အတွက် အားစိုက်ကစားလာမှာ သေချာပါတယ်။ အိမ်ကွင်း မှာ ၂ ပွဲဆက်တိုက် ရှုံးပွဲတွေ့ထားလို့ ဒေါမန်တို့ အခုပွဲမှာ အိမ်ကွင်းနိုင်ပွဲရဖို့ ကြိုးပမ်းလာမှာပါ။ ဘာပဲ ဖြစ်ဖြစ် ဒေါ့မန်ဘက်မှာပဲ မျက်စိမှိတ် ရပ်တည်သင့်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်