နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခရစ္စတယ်ပဲလေ့စ် အဝေးကွင်းနိုင်ပွဲ ရှာမယ့်ပွဲပါ – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဘန်လေ vs ခရစ္စတယ်ပဲလေ့စ်

အခုတစ်ပတ် ပရီးမီးယားလိဂ် ရဲ့နောက်ကျပွဲစဉ် ၂ ပွဲထဲက ဘန်လေ နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ရဲ့ပွဲစဉ် နဲ့ ပတ်သတ်လို့ SBOTOP ဘောလုံးဝါသနာရှင် ပရိသတ်အတွက် ပွဲကြို ခန့်မှန်း သုံးသပ်ပေးချင်ပါတယ်။

ပြီးခဲ့တဲ့ ရာသီတွေတုန်းက ပရီးမီးယားလိဂ် မှာ ကစားပုံ မာကျောလှပါတယ်ဆိုတဲ့ ဘန်လေ ကတော့ ဒီရာသီမှာ ရလဒ်တွေ တော်တော်လေး ဆိုးရွားနေပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ ၇ ပွဲကစား ၂ ပွဲသရေ ၅ ပွဲရှုံးပြီး ရမှတ် ၂ မှတ်ပဲ ရရှိသေးလို့ အမှတ်ပေးဇယား အဆင့် ၁၉ နေရာ မှာရပ်တည်နေတာ တွေ့ရပါတယ်။ ဒီရာသီမှာ နိုင်ပွဲ တစ်ပွဲမှာ မရသေးတဲ့ ဘန်လေတို့ အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၃ပွဲရှုံး ၂ ပွဲသရေကျထားခဲ့ပါတယ်။ ရှောင်ဒိုက်ချ်ရဲ့ ဘန်လေတို့ မနှစ်က ပရီးမီးယားလိဂ် မှာ အဆင့် ၁၀ မှာ ရပ်တည်ခဲ့ပေမယ့် အခုနှစ်ဘောလုံးရာသီ အစကတည်းက ခြေစွမ်းမကောင်းသလို ရလဒ်လည်း ဆိုးရွားနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ပွဲမှာ ဂိုးမရှိသရေကစားနိုင်ခဲ့ပြီး ရှုံးပွဲဆက်မှု ကို ရပ်တန့်နိုင်ခဲ့တယ် ဆိုပေမယ့် ဘရိုက်တန်ရဲ့ ကစားပုံ ဆိုးရွားလို့သာ ကံကောင်းပြီး ၁ မှတ်ရခဲ့တာ ဖြစ်ပါတယ်။ တာကောစကီး၊ ဝက်စ်ဝုဒ်၊ မက်နေးလ်၊ အက်ရှ်လေဘန်းစ်၊ တေလာ၊ နစ်ခ်ပုပ် တို့လို ကစားသမားကောင်းတွေ ရှိနေပေမယ့် တိုက်စစ်လည်း မရှိသလို ယုံကြည်ချက်တွေ ပျောက်ဆုံးနေခဲ့လို့ ဘန်လေတို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီတွေတုန်းက ပရီးမီးယားလိဂ်မှာ ကစားပုံ မာကျောလှပါတယ်ဆိုတဲ့ ဘန်လေ ကတော့ ဒီရာသီမှာ ရလဒ်တွေ တော်တော်လေး ဆိုးရွားနေပါတယ်။
ပရီးမီးယားလိဂ်မှာ ၇ ပွဲကစား ၂ ပွဲသရေ၊ ၅ ပွဲရှုံးထားတဲ့ ဘန်လေ

ခရစ္စတယ်ပဲလေ့စ်ကတော့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေကျပြီး ၂ ပွဲရှုံးထားတာ တွေ့ရပါတယ်။ ပရီးမီးယားလိဂ် မှာလည်း ၈ ပွဲကစား ၄ ပွဲနိုင်၊  ၁ ပွဲသရေ၊ ၃ ပွဲရှုံးထားလို့ ရမှတ် ၁၃ မှတ်ရရှိပြီး အဆင့် ၉ နေရာမှာ ရပ်တည်ထားနိုင်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်တို့ ဒီရာသီမှာ ဆောက်သမ်တန်၊ မန်ချက်စတာယူနိုက်တက်၊ ဖူလ်ဟမ်၊ လိဒ်စ်ယူနိုက်တက်၊ တို့ကို အနိုင်ရထားခဲ့ပြီး အဲဗာတန်၊ ချဲလ်ဆီး၊ ဝုဗ်တို့ကို ရှုံးနိမ့်ထားခဲ့ပါတယ်။ တစ်ချက်ရှိတာက ခရစ္စတယ်ပဲလေ့စ်တို့ ဒီရာသီမှာ ကစားထားခဲ့တဲ့ အဝေးကွင်းပွဲစဉ် ၄ ပွဲမှာ ၂ ပွဲ နိုင်၊ ၂ ပွဲရှုံး၊ ရဂိုး ၅ ဂိုးပဲ ရထားပြီး ပေးဂိုးကတော့ ၈ ဂိုး အထိရှိထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ခြေစွမ်းမာကျောနေတဲ့ လိဒ်စ်ယူနိုက်တက်ကို ၄-၁ နဲ့ အပြတ်အသတ် ချေမှုန်းထားနိုင်ခဲ့ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဘန်လေနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ ပြိုင်ပွဲစုံ ၄၉ ပွဲ ထိပ်တိုက်တွေ့ဆုံထားပြီး ခရစ္စတယ်ပဲလေ့စ် က ၁၃ ကြိမ် အနိုင်ရပြီး ဘန်လေက ၁၉ ကြိမ် အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ကြိမ်မှာတော့ ဘန်လေကွင်းမှာ ခရစ္စတယ်ပဲလေ့စ်က ၀-၂ နဲ့ အနိုင်ရထားပြီး ခရစ္စတယ်ပဲလေ့စ်ကွင်းမှာ ဘန်လေက ၂-၀ နဲ့ အနိုင်ရထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဘန်လေ vs ခရစ္စတယ်ပဲလေ့စ် အချိန်ပြည့် 1X2 ဧည့်သည် @ ၂.၇၆ဆ
နိုဝင်ဘာလ ၂၄ ရက်, မနက် ၁၂:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၆၃ ဆ၊ ဧည့်သည်အသင်းအတွက် ၂.၇၆ ဆနဲ့ သရေအတွက်ကိုတော့ ၃.၀၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိခြေစွမ်းအရဆိုရင်တော့ ဘန်လေရဲ့ အခြေအနေ တော်တော်လေး ဆိုးရွားနေပြီး ခရစ္စတယ်ပဲလေ့စ်ကတော့ တိုက်စစ်ကစားပုံ ကောင်းနေလို့ နိုင်ပွဲတွေ ရနေတာတွေ့ရပါတယ်။ ပေါက်ကြေးအရ ကြည့်မယ်ဆိုရင်တော့ တစ်ဘက်ဘက်မှာ အပြည့်အဝ ရပ်တည်ဖို့ ခက်ခဲနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဧည့်သည် ပဲလေ့စ် ဘက်ကရပ်တည်တာပဲ အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ အခန့်မသင့်ရင် ခရစ္စတယ်ပဲလေ့စ်တို့ ဂိုးပြတ်‌တောင် အနိင်ရသွားဖို့ ရှိပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်